လီဗာပူးတိုက်စစ်သမားဟောင်းကြီး ဟက်စကီးက အနာဂတ်မှာ လီဗာပူးအသင်း တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ကြံရွယ်တဲ့အခါ ခေါ်ယူသင့်တဲ့ ဗဟိုခံစစ်မှူး နှစ်ဦးရဲ့ အမည်တွေကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဟက်စကီး ပြောတဲ့ ပထမတစ်ဦးက မန်စီးတီးအသင်းက ချိတ်ဆက်မယ်လို့ သတင်းကြီးတွေ ထွက်ထားတဲ့ လက်စတာအသင်း ခံစစ်မှူး ဆိုရန်ချူပဲဖြစ်တယ်။ တူရကီ လက်ရွေးစင်ဟာ ဒီနွေမှာ အာဆင်နယ်ကိုရောက်ဖို့ အတော်လေး သတင်းကြီးခဲ့ပေမယ့် လက်စတာအသင်းကို ရောက်ရှိသွားပြီး မန်နေဂျာဘရန်ဒန်ရော်ဂျာ လက်အောက်မှာ တောက်ပနေသူ ဖြစ်ပါတယ်။

ဟက်စကီးက ” ဆိုရန်ချိူက ဘယ်အသင်းနဲ့မဆို အံဝင်မယ့်သူပါ။ သူက လက်စတာမှာ ဗဟိုခံစစ်နေရာကို ရယူနေတယ်။ တကယ်ကို အရေးပါတဲ့သူဖြစ်ပြီး မော်ဂန်နဲ့ အီဗန်တို့ရဲ့ ခြေလှမ်းကို လိုက်နေသူဖြစ်တယ်။ သူက ဘောလုံးနဲ့အတူ အတော်လေး ကောင်းပေမယ့် တိုးတက်လာမှုတွေ ဆက်လက် လုပ်ဆောင်ဖို့ လိုပါသေးတယ်။

လက်စတာက သူ့ကို ထုတ်ရောင်းမှာ မဟုတ်သလို လီဗာပူးအပြင် ဘယ်အသင်းကမှ သူ့ကို ခေါ်ယူနိုင်မယ်လို့ မထင်ပါဘူး။ လက်စတာက သူ့ကို လိုနေပြီး အစားထိုးစရာ ကစားသမားလည်း မရှိသေးဘူး။ သို့သော်လည်း လက်စတာက ရောင်းထုတ်လိုပြီဆိုရင် ဆိုရန်ချိူဟာ ဘယ်လို ထိပ်တန်းအသင်းကိုမဆို သွားနိုင်စွမ်း ရှိပါတယ် ” လို့ ဆိုခဲ့တယ်။

ဟက်စကီးရွေးတဲ့ ဒုတိယတစ်ဦးကတော့ ရီးရဲလ်ဆိုစီဒက် ခံစစ်သမား ဒီယေဂို လော်ရန်တေးဖြစ်ပါတယ်။ ” လီဗာပူးအသင်းရဲ့ ကစားသမား ခေါ်ယူရေးအဖွဲ့က သိပ်ကို ကောင်းပါတယ်။ သူတို့က ကစားသမားတွေကို ခေါ်ယူဖို့ ကာလရှည် စောင့်ကြည့်တာဖြစ်ပြီး လော်ရန်တေးက အခုမှ ၂၆ နှစ်ပဲ ရှိပါသေးတယ်။

လီဗာပူးမှာက ဗန်ဒိုက်နဲ့ ဂိုးမက်စ်တို့လို အရမ်းကောင်းတဲ့ ခံစစ်သမားအပြင် ခံစစ်သမားကောင်းတွေလည်း ရှိသေးတယ်။ အနာဂတ်မှာ ဂိုးမက်စ်နဲ့အတူ တိုးတက်လာမယ့် ကစားသမားတွေကို ရှာဖွေရာမှာ လော်ရန်တေးလို အတွေ့အကြုံရှိတဲ့ ခံစစ်သမားက ပိုမို တောင့်တင်းစေပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးတိုက္စစ္သမားေဟာင္းၾကီး ဟက္စကီးက အနာဂတ္မွာ လီဗာပူးအသင္း တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ ၾကံရြယ္တဲ့အခါ ေခၚယူသင့္တဲ့ ဗဟိုခံစစ္မွဴး ႏွစ္ဦးရဲ႕ အမည္ေတြကို ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ဟက္စကီး ေျပာတဲ့ ပထမတစ္ဦးက မန္စီးတီးအသင္းက ခ်ိတ္ဆက္မယ္လို႔ သတင္းၾကီးေတြ ထြက္ထားတဲ့ လက္စတာအသင္း ခံစစ္မွဴး ဆိုရန္ခ်ဴပဲျဖစ္တယ္။ တူရကီ လက္ေရြးစင္ဟာ ဒီေႏြမွာ အာဆင္နယ္ကိုေရာက္ဖို႔ အေတာ္ေလး သတင္းၾကီးခဲ့ေပမယ့္ လက္စတာအသင္းကို ေရာက္ရွိသြားျပီး မန္ေနဂ်ာဘရန္ဒန္ေရာ္ဂ်ာ လက္ေအာက္မွာ ေတာက္ပေနသူ ျဖစ္ပါတယ္။

ဟက္စကီးက ” ဆိုရန္ခ်ိဴက ဘယ္အသင္းနဲ႔မဆို အံဝင္မယ့္သူပါ။ သူက လက္စတာမွာ ဗဟိုခံစစ္ေနရာကို ရယူေနတယ္။ တကယ္ကို အေရးပါတဲ့သူျဖစ္ျပီး ေမာ္ဂန္နဲ႔ အီဗန္တို႔ရဲ႕ ေျခလွမ္းကို လိုက္ေနသူျဖစ္တယ္။ သူက ေဘာလံုးနဲ႔အတူ အေတာ္ေလး ေကာင္းေပမယ့္ တိုးတက္လာမႈေတြ ဆက္လက္ လုပ္ေဆာင္ဖို႔ လိုပါေသးတယ္။

လက္စတာက သူ႔ကို ထုတ္ေရာင္းမွာ မဟုတ္သလို လီဗာပူးအျပင္ ဘယ္အသင္းကမွ သူ႔ကို ေခၚယူႏုိင္မယ္လို႔ မထင္ပါဘူး။ လက္စတာက သူ႔ကို လိုေနျပီး အစားထိုးစရာ ကစားသမားလည္း မရွိေသးဘူး။ သို႔ေသာ္လည္း လက္စတာက ေရာင္းထုတ္လိုျပီဆိုရင္ ဆိုရန္ခ်ိဴဟာ ဘယ္လို ထိပ္တန္းအသင္းကိုမဆို သြားႏုိင္စြမ္း ရွိပါတယ္ ” လို႔ ဆိုခဲ့တယ္။

ဟက္စကီးေရြးတဲ့ ဒုတိယတစ္ဦးကေတာ့ ရီးရဲလ္ဆိုစီဒက္ ခံစစ္သမား ဒီေယဂို ေလာ္ရန္ေတးျဖစ္ပါတယ္။ ” လီဗာပူးအသင္းရဲ႕ ကစားသမား ေခၚယူေရးအဖြဲ႔က သိပ္ကို ေကာင္းပါတယ္။ သူတို႔က ကစားသမားေတြကို ေခၚယူဖို႔ ကာလရွည္ ေစာင့္ၾကည့္တာျဖစ္ျပီး ေလာ္ရန္ေတးက အခုမွ ၂၆ ႏွစ္ပဲ ရွိပါေသးတယ္။

လီဗာပူးမွာက ဗန္ဒိုက္နဲ႔ ဂိုးမက္စ္တို႔လို အရမ္းေကာင္းတဲ့ ခံစစ္သမားအျပင္ ခံစစ္သမားေကာင္းေတြလည္း ရွိေသးတယ္။ အနာဂတ္မွာ ဂိုးမက္စ္နဲ႔အတူ တိုးတက္လာမယ့္ ကစားသမားေတြကို ရွာေဖြရာမွာ ေလာ္ရန္ေတးလို အေတြ႔အၾကံဳရွိတဲ့ ခံစစ္သမားက ပိုမို ေတာင့္တင္းေစပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။