ပရီးမီးယားလိဂ်မန်နေဂျာဟောင်း ပိုချက်တီနိုက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား သုံးဦးကို ရွေးထုတ်ရာမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ ပြိုင်ဘက်ဟောင်း လီဗာပူးအသင်းသား တစ်ဦးကို ထည့်ရွေးခဲ့ပါတယ်။

ပိုချက်တီနိုက လိဂ်အကောင်းဆုံး ကစားသမား သုံးဦးကို ရွေးရာမှာ ” ဒီဘရိုင်းပေါ့၊ နောက် အဂွယ်ရို၊ နောက် ဘယ်သူ့ကို ရွေးရမလဲ။ ဒီဘရိုင်းပဲလား ဟင့်အင်း အဲ့တာဆို ဘယ်မျှတမလဲ။ ဘယ်သူ့ကို ရွေးရမလဲ၊ အိုကေ ဖာမင်နိုပေါ့။ ဒါပေမယ့် ကျနော်က သူတို့အပြင် နောက်ထပ် ကစားသမားပေါင်း ရာကျော်ကိုလည်း ကြိုက်ပါတယ်ဗျာ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဖာမင်နိုဟာ ဒီရာသီမှာ ပြိုင်ပွဲစုံ ၄၃ ပွဲကစားပြီး သွင်းဂိုး ၁၁ ဂိုး သွင်းယူခဲ့သလို ဂိုးထောက်ပံ့မှု ၁၂ ကြိမ် လုပ်ပေးထားခဲ့သူဖြစ်တယ်။ ဆာလက်နဲ့ မာနေးတို့ကို လီဗာပူးရဲ့ အကောင်းဆုံး တိုက်စစ်သမားတွေအဖြစ် ညွှန်းဆိုကြပေမယ့် ဖာမင်နိုက သူတို့နှစ်ဦး တောက်ပဖို့ အဓိက ကျသူတစ်ဦးဖြစ်တယ်။

ဒီရာသီအတွက် ဖာမင်နိုကို ချီးကျူးထားတာက ပိုချက်တစ်ဦးတင် မဟုတ်ပါဘူး ချယ်ဆီးမှ တိုမိုရီကလည်း” ကျနော် ရော်ဘတ်တို ဖာမီနိုနဲ့ ကစားရတော့ တမျိုးဗျ။ သူက ကွင်းလယ်ထဲ တော်တော် ဆင်း ကစားတယ်။ ဖြစ်ပျက်သွားတဲ့ ကိစ္စတွေကလည်း အများကြီး မြန်တယ်။ အမှားလုပ်မိရင် ရက်ရက်စက်စက် ခံရပြီသာ မှတ်။ ကျနော် ရင်ဆိုင်ကစားဖူးသမျှထဲ ဖာမီနိုက အခက်ခဲဆုံး ဖြစ်မယ်ထင်တယ် ” လို့ ဆိုခဲ့ပါတယ်။

နော်ဝစ်အသင်း ခံစစ်သမား ဘမ် ဂေါ့ဖရေးကလည်း လီဗာပူးအသင်းရဲ့ ဘရာဇီးသား တိုက်စစ်သမား ဖာမင်နိုနဲ့ ရင်ဆိုင်ကစားရတာက တကယ်ကို ခေါင်းကိုက်စရာ ကိစ္စပါလို့ ဝန်ခံထားပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္မန္ေနဂ်ာေဟာင္း ပိုခ်က္တီႏိုက ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမား သံုးဦးကို ေရြးထုတ္ရာမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွ ျပိဳင္ဘက္ေဟာင္း လီဗာပူးအသင္းသား တစ္ဦးကို ထည့္ေရြးခဲ့ပါတယ္။

ပိုခ်က္တီႏိုက လိဂ္အေကာင္းဆံုး ကစားသမား သံုးဦးကို ေရြးရာမွာ ” ဒီဘရိုင္းေပါ့၊ ေနာက္ အဂြယ္ရို၊ ေနာက္ ဘယ္သူ႔ကို ေရြးရမလဲ။ ဒီဘရိုင္းပဲလား ဟင့္အင္း အဲ့တာဆို ဘယ္မွ်တမလဲ။ ဘယ္သူ႔ကို ေရြးရမလဲ၊ အိုေက ဖာမင္ႏိုေပါ့။ ဒါေပမယ့္ က်ေနာ္က သူတို႔အျပင္ ေနာက္ထပ္ ကစားသမားေပါင္း ရာေက်ာ္ကိုလည္း ၾကိဳက္ပါတယ္ဗ်ာ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဖာမင္ႏိုဟာ ဒီရာသီမွာ ျပိဳင္ပြဲစံု ၄၃ ပြဲကစားျပီး သြင္းဂိုး ၁၁ ဂိုး သြင္းယူခဲ့သလို ဂိုးေထာက္ပံ့မႈ ၁၂ ၾကိမ္ လုပ္ေပးထားခဲ့သူျဖစ္တယ္။ ဆာလက္နဲ႔ မာေနးတို႔ကို လီဗာပူးရဲ႕ အေကာင္းဆံုး တိုက္စစ္သမားေတြအျဖစ္ ညႊန္းဆိုၾကေပမယ့္ ဖာမင္ႏိုက သူတို႔ႏွစ္ဦး ေတာက္ပဖို႔ အဓိက က်သူတစ္ဦးျဖစ္တယ္။

ဒီရာသီအတြက္ ဖာမင္ႏိုကို ခ်ီးက်ဴးထားတာက ပိုခ်က္တစ္ဦးတင္ မဟုတ္ပါဘူး ခ်ယ္ဆီးမွ တိုမိုရီကလည္း” က်ေနာ္ ေရာ္ဘတ္တို ဖာမီနိုနဲ႕ ကစားရေတာ့ တမ်ိဳးဗ်။ သူက ကြင္းလယ္ထဲ ေတာ္ေတာ္ ဆင္း ကစားတယ္။ ျဖစ္ပ်က္သြားတဲ့ ကိစၥေတြကလည္း အမ်ားၾကီး ျမန္တယ္။ အမွားလုပ္မိရင္ ရက္ရက္စက္စက္ ခံရျပီသာ မွတ္။ က်ေနာ္ ရင္ဆိုင္ကစားဖူးသမွ်ထဲ ဖာမီနိုက အခက္ခဲဆံုး ျဖစ္မယ္ထင္တယ္ ” လို႔ ဆိုခဲ့ပါတယ္။

ေနာ္ဝစ္အသင္း ခံစစ္သမား ဘမ္ ေဂါ့ဖေရးကလည္း လီဗာပူးအသင္းရဲ႕ ဘရာဇီးသား တိုက္စစ္သမား ဖာမင္ႏိုနဲ႔ ရင္ဆိုင္ကစားရတာက တကယ္ကို ေခါင္းကိုက္စရာ ကိစၥပါလို႔ ဝန္ခံထားပါတယ္။