အဲဗာတန်မန်နေဂျာ ကားလိုစ် အန်ဆယ်လော့တီဟာ လီဗာပူးအသင်းမှ ဝါရင့် ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ဗြိတိန်ပြည်တွင်း သတင်းတွေမှာ စတင် ဖော်ပြလာပါတယ်။
အင်္ဂလန်သား ကွင်းလယ်လူဟာ ဒီနွေမှာ စာချုပ်ကုန်မှာဖြစ်ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရမှာပါ။ လယ်လာနာကို ခေါ်ယူဖို့ လက်စတာအပြင် အဲဗာတန်ကပါ စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။ ဒီကိစ္စ အတည်ဖြစ်လာခဲ့ရင် လီဗာပူးနဲ့ အဲဗာတန်တို့ရဲ့ သမိုင်းမှာ ရှားရှားပါးပါး တိုက်ရိုက် ပြောင်းရွှေ့တဲ့ အပြောင်းအရွှေ့တွေဲ ပါဝင်သွားနိုင်ပါတယ်။
၂၀၀၀ ခုနှစ်တုန်းက အဲဗာတန်ကစားသမား နီကီဘမ်ဘီနဲ့ ၂၀၀၂ ခုနှစ်မှာ အေဘယ် ဇာဗီယာတို့ဟာ အဲဗာတန်ကလည်း လီဗာပူးကို တိုက်ရိုက် ကူးပြောင်းခဲ့တယ်၊ ၁၉၉၂ ခုနှစ်တုန်းကတော့ ဂယ်ရီအယ်ဘတ်ဟာ လီဗာပူးကနေ အဲဗာတန်ကို တိုက်ရိုက် ပြောင်းခဲ့ပါတယ်။ အဆိုပါနှစ်တွေနောက်ပိုင်း နှစ်ပေါင်း ၂၈ နှစ်အကြာမှ နောက်ထပ် တိုက်ရိုက်ပြောင်းမှုအဖြစ် လယ်လာနာ ပြောင်းမလားက စောင့်ကြည့်ရမှာပါ။
ဆောက်သမ်တန် အသင်းခေါင်းဆောင်ဟောင်းဟာ မာဆေးဆိုဒ် ဒါဘီပြိုင်ဘက်ကို တိုက်ရိုက်ပြောင်းပြီး လီဗာပူးပရိသတ်တွေရဲ့ မုန်းတီးမှုကို မဖြစ်လိုခြင်း၊ လက်စတာမန်နေဂျာ ဘရန်ဒန်ရော်ဂျာနဲ့ ပြန်လည် ပေါင်းစည်းလိုခြင်းတွေကြောင့် အဲဗာတန်ကို ငြင်းဆန်မယ်လို့တော့ ပရိသတ်တွေဘက်က ယုံကြည်ထားကြတယ်။
၂၀၂၀ ခုနှစ် ဇွန်လ ၃၀ ရက်မှာ စာချုပ်ကုန်မယ့် အသက် ၃၂ နှစ်အရွက် ကွင်းလယ်လူကို ခေါ်ယူဖို့ ဝက်ဟမ်းနဲ့ ခရစ်စတယ်ပဲလေစ့်တို့ကလည်း စိတ်ဝင်စားနေကြသေးတာ ဖြစ်ပါတယ်။
ZAWGYI
အဲဗာတန္မန္ေနဂ်ာ ကားလိုစ္ အန္ဆယ္ေလာ့တီဟာ လီဗာပူးအသင္းမွ ဝါရင့္ ကြင္းလယ္လူ လယ္လာနာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ ျဗိတိန္ျပည္တြင္း သတင္းေတြမွာ စတင္ ေဖာ္ျပလာပါတယ္။
အဂၤလန္သား ကြင္းလယ္လူဟာ ဒီေႏြမွာ စာခ်ဳပ္ကုန္မွာျဖစ္ျပီး အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခြင့္ရမွာပါ။ လယ္လာနာကို ေခၚယူဖို႔ လက္စတာအျပင္ အဲဗာတန္ကပါ စိတ္ဝင္စားလာျခင္း ျဖစ္ပါတယ္။ ဒီကိစၥ အတည္ျဖစ္လာခဲ့ရင္ လီဗာပူးနဲ႔ အဲဗာတန္တို႔ရဲ႕ သမိုင္းမွာ ရွားရွားပါးပါး တိုက္ရိုက္ ေျပာင္းေရႊ႔တဲ့ အေျပာင္းအေရႊ႔ေတြဲ ပါဝင္သြားႏုိင္ပါတယ္။
၂၀၀၀ ခုႏွစ္တုန္းက အဲဗာတန္ကစားသမား နီကီဘမ္ဘီနဲ႔ ၂၀၀၂ ခုႏွစ္မွာ ေအဘယ္ ဇာဗီယာတို႔ဟာ အဲဗာတန္ကလည္း လီဗာပူးကို တိုက္ရုိက္ ကူးေျပာင္းခဲ့တယ္၊ ၁၉၉၂ ခုႏွစ္တုန္းကေတာ့ ဂယ္ရီအယ္ဘတ္ဟာ လီဗာပူးကေန အဲဗာတန္ကို တိုက္ရိုက္ ေျပာင္းခဲ့ပါတယ္။ အဆိုပါႏွစ္ေတြေနာက္ပိုင္း ႏွစ္ေပါင္း ၂၈ ႏွစ္အၾကာမွ ေနာက္ထပ္ တုိက္ရိုက္ေျပာင္းမႈအျဖစ္ လယ္လာနာ ေျပာင္းမလားက ေစာင့္ၾကည့္ရမွာပါ။
ေဆာက္သမ္တန္ အသင္းေခါင္းေဆာင္ေဟာင္းဟာ မာေဆးဆိုဒ္ ဒါဘီျပိဳင္ဘက္ကို တိုက္ရိုက္ေျပာင္းျပီး လီဗာပူးပရိသတ္ေတြရဲ႕ မုန္းတီးမႈကို မျဖစ္လိုျခင္း၊ လက္စတာမန္ေနဂ်ာ ဘရန္ဒန္ေရာ္ဂ်ာနဲ႔ ျပန္လည္ ေပါင္းစည္းလိုျခင္းေတြေၾကာင့္ အဲဗာတန္ကို ျငင္းဆန္မယ္လို႔ေတာ့ ပရိသတ္ေတြဘက္က ယံုၾကည္ထားၾကတယ္။
၂၀၂၀ ခုႏွစ္ ဇြန္လ ၃၀ ရက္မွာ စာခ်ဳပ္ကုန္မယ့္ အသက္ ၃၂ ႏွစ္အရြက္ ကြင္းလယ္လူကို ေခၚယူဖို႔ ဝက္ဟမ္းနဲ႔ ခရစ္စတယ္ပဲေလစ့္တို႔ကလည္း စိတ္ဝင္စားေနၾကေသးတာ ျဖစ္ပါတယ္။