မန်စီးတီး အသင်းခေါင်းဆောင်ဟောင်း ကွန်ပနီက လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်သင့်ပြီး ဒီရာသီမှာ ချန်ပီယံဆု ရနိုင်ဖို့လည်း သူ မျှော်လင်တယ်လို့ ထုတ်ပြောလိုက်ပါတယ်။
နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဖလား ပြန်လည် အနိုင်ရဖို့အတွက် လီဗာပူးဟာ ဒုတိယနေရာက မန်စီးတီးကို ၂၅ မှတ်တောင် ဖြတ်ထားနိုင်တာပါ။ ဒါပေမယ့်လည်း ကိုရိုနာ ကပ်ဘေးကြောင့် မတ်လ ၁၃ ရက်ကတည်းက ဘောလုံးပွဲတွေ ရပ်နားထားရတာဖြစ်တယ်။
ဗြိတိန်မှ တာဝန်ရှိသူတွေက ဘောလုံးပွဲတွေ ပြန်စနိုင်ဖို့ ကြိုးစားနေပြီး ဇွန်လထဲ ပရီးမီးယားလိဂ် ပြန်ကစားနိုင်ဖို့ ရှိနေပါတယ်။ ကွန်ပနီကတော့ လီဗာပူးရဲ့ ချန်ပီယံဖြစ်ဖို့ ကိစ္စနဲ့ ပက်သက်ပြီး မေးခွန်းထုတ်ခံရချိန်မှာ သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပါတယ်။
ကွန်ပနီက “ ကျနော် မှန်းဆကြည့်လို့ရသလို ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ လီဗာပူးလဲကွာလို့ ခံစားမိနေကြမယ်ဆိုတာလည်း ကျနော် နားလည်ပါတယ်။ ဒါပေမယ့် လီဗာပူးက ချန်ပီယံဖြစ်ဖို့ ထိုက်တန်ပြီး သူတို့ ချန်ပီယံဖြစ်ဖို့ ကျနေ်ာတို့အားလုံး မျှော်လင့်နေပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
မန်စီးတီးအသင်းခေါင်းဆောင်ဟောင်းဟာ မနှစ်တုန်းက လီဗာပူးပရိသတ်တွေ အသဲကွဲစေတဲ့ သွင်းဂိုး တစ်ဂိုး သွင်းယူခဲ့ပါသေးတယ်။ လက်စတာနဲ့ မန်စီးတီးပွဲမှာ ဂိုးမရှိ သရေဖြစ်နေကြစဉ် အချိန်ပိုမှာတော့ ကွန်ပနီရဲ့ သွင်းဂိုးက မန်စီးတီးကို အနိုင်သုံးမှတ် ရစေခဲ့တယ်။ အဆိုပါရမှတ်က ရာသီအကုန်မှာ လီဗာပူးကို တစ်မှတ်အသာနဲ့ မန်စီးတီးချန်ပီယံဖြစ်ဖို့ အတော်လေး အရေးပါခဲ့ပါတယ်။
ZAWGYI
မန္စီးတီး အသင္းေခါင္းေဆာင္ေဟာင္း ကြန္ပနီက လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္သင့္ျပီး ဒီရာသီမွာ ခ်န္ပီယံဆု ရႏုိင္ဖို႔လည္း သူ ေမွ်ာ္လင္တယ္လို႔ ထုတ္ေျပာလိုက္ပါတယ္။
ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆံုးအၾကိမ္အျဖစ္ အမွတ္ေပးဖလား ျပန္လည္ အႏုိင္ရဖို႔အတြက္ လီဗာပူးဟာ ဒုတိယေနရာက မန္စီးတီးကို ၂၅ မွတ္ေတာင္ ျဖတ္ထားနုိင္တာပါ။ ဒါေပမယ့္လည္း ကိုရိုနာ ကပ္ေဘးေၾကာင့္ မတ္လ ၁၃ ရက္ကတည္းက ေဘာလံုးပြဲေတြ ရပ္နားထားရတာျဖစ္တယ္။
ျဗိတိန္မွ တာဝန္ရွိသူေတြက ေဘာလံုးပြဲေတြ ျပန္စႏုိင္ဖို႔ ၾကိဳးစားေနျပီး ဇြန္လထဲ ပရီးမီးယားလိဂ္ ျပန္ကစားႏုိင္ဖို႔ ရွိေနပါတယ္။ ကြန္ပနီကေတာ့ လီဗာပူးရဲ႕ ခ်န္ပီယံျဖစ္ဖို႔ ကိစၥနဲ႔ ပက္သက္ျပီး ေမးခြန္းထုတ္ခံရခ်ိန္မွာ သူ႔ရဲ႕ အျမင္ကို ေျပာျပခဲ့ပါတယ္။
ကြန္ပနီက “ က်ေနာ္ မွန္းဆၾကည့္လို႔ရသလို ဘယ္ေလာက္ေတာင္ ကံဆိုးလိုက္တဲ့ လီဗာပူးလဲကြာလို႔ ခံစားမိေနၾကမယ္ဆိုတာလည္း က်ေနာ္ နားလည္ပါတယ္။ ဒါေပမယ့္ လီဗာပူးက ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ျပီး သူတို႔ ခ်န္ပီယံျဖစ္ဖို႔ က်ေန္ာတို႔အားလံုး ေမွ်ာ္လင့္ေနပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္းဟာ မႏွစ္တုန္းက လီဗာပူးပရိသတ္ေတြ အသဲကြဲေစတဲ့ သြင္းဂိုး တစ္ဂိုး သြင္းယူခဲ့ပါေသးတယ္။ လက္စတာနဲ႔ မန္စီးတီးပြဲမွာ ဂိုးမရွိ သေရျဖစ္ေနၾကစဥ္ အခ်ိန္ပိုမွာေတာ့ ကြန္ပနီရဲ႕ သြင္းဂိုးက မန္စီးတီးကို အႏုိင္သံုးမွတ္ ရေစခဲ့တယ္။ အဆိုပါရမွတ္က ရာသီအကုန္မွာ လီဗာပူးကို တစ္မွတ္အသာနဲ႔ မန္စီးတီးခ်န္ပီယံျဖစ္ဖို႔ အေတာ္ေလး အေရးပါခဲ့ပါတယ္။