လီဗာပူးဥက္ကဌ တွမ်ဝါနာက ကလပ်ကသာ ပရီးမီးယားလိဂ်ဖလား အောင်မြင်ခဲ့မယ်ဆိုရင် မနှစ်တုန်းက လီဗာပူးမြို့အတွင်း ပရိသတ် ၈ သိန်းကျော် တက်ရောက်အားပေးခဲ့တဲ့ ချန်ပီယံလိဂ် အောင်မြင်မှုက သာမညလောက်ပဲ ဖြစ်သွားလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

မန်စီးတီးအသင်းခေါင်းဆောင်ဟောင်း ကွန်ပနီက “ ကျနော် မှန်းဆကြည့်လို့ရသလို ဘယ်လောက်တောင် ကံဆိုးလိုက်တဲ့ လီဗာပူးလဲကွာလို့ ခံစားမိနေကြမယ်ဆိုတာလည်း ကျနော် နားလည်ပါတယ်။ ဒါပေမယ့် လီဗာပူးက ချန်ပီယံဖြစ်ဖို့ ထိုက်တန်ပြီး သူတို့ ချန်ပီယံဖြစ်ဖို့ ကျနေ်ာတို့အားလုံး မျှော်လင့်နေပါတယ် ” လို့ ဆိုလိုက်ပါတယ်။

အဲဗာတန်မန်နေဂျာ ကားလိုစ် အန်ဆယ်လော့တီဟာ လီဗာပူးအသင်းမှ ဝါရင့် ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတယ်လို့ ဗြိတိန်ပြည်တွင်း သတင်းတွေမှာ စတင် ဖော်ပြလာပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ် ဒီလိုရက်မှာ မန်နေဂျာကလော့ပ်ဟာ သူ့ရဲ့ အောင်မြေဖြစ်တဲ့ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းကို နုတ်ဆက် စွန့်ခွာခဲ့ပါတယ်။

၂၀၀၀ ခုနှစ်တုန်းက အဲဗာတန်ကစားသမား နီကီဘမ်ဘီနဲ့ ၂၀၀၂ ခုနှစ်မှာ အေဘယ် ဇာဗီယာတို့ဟာ အဲဗာတန်ကလည်း လီဗာပူးကို တိုက်ရိုက် ကူးပြောင်းခဲ့တယ်၊ ၁၉၉၂ ခုနှစ်တုန်းကတော့ ဂယ်ရီအယ်ဘတ်ဟာ လီဗာပူးကနေ အဲဗာတန်ကို တိုက်ရိုက် ပြောင်းခဲ့ပါတယ်။ အဆိုပါနှစ်တွေနောက်ပိုင်း နှစ်ပေါင်း ၂၈ နှစ်တိုင်အောင် ကလပ်နှစ်သင်းကြား အပြောင်းအရွှေ့ကိစ္စ မရှိထားပါဘူး။

ပရီးမီးယားလိဂ်မန်နေဂျာဟောင်း ပိုချက်တီနိုက ပရီးမီးယားလိဂ် အကောင်းဆုံး ကစားသမား သုံးဦးကို ရွေးထုတ်ရာမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှ ပြိုင်ဘက်ဟောင်း လီဗာပူးအသင်းသား ဖာမင်နိုကို ထည့်ရွေးခဲ့ပါတယ်။

လီဗာပူးသမိုင်းမှာ အနီရောင်ဂျာစီကို ဝတ်ဆင်ပြီး ကိုယ်စားပြုခွင့်ရသူ ဘရာဇီးသားက အခုချိန်ထိ ၈ ဦးသာရှိခဲ့ပြီး ပထမဆုံး ဘရာဇီးသားက ဘယ်အစွန်လူ အော်ရယ်လီယို ဖြစ်ပါတယ်။

စတီဗင်က ” အော်ရယ်လီယိုက ထိပ်တန်း ကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ ခန္ဓာကိုယ်က ပရီးမီးယားလိဂ်မှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရုန်းကန်ခဲ့ရတယ် ဒါပေမယ့် သူက ထိပ်တန်းအဆင့်မှာ ကစားခဲ့ပါတယ် ” လို့ ချီးကျူးခဲ့ပါတယ်။

လီဗာပူးတိုက်စစ်သမားဟောင်းကြီး ဟက်စကီးက အနာဂတ်မှာ လီဗာပူးအသင်း တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ကြံရွယ်တဲ့အခါ ခေါ်ယူသင့်တဲ့ ဗဟိုခံစစ်မှူး နှစ်ဦးက လက်စတာအသင်း ခံစစ်မှူး ဆိုရန်ချူနဲ့ ရီးရဲလ်ဆိုစီဒက် ခံစစ်သမား ဒီယေဂို လော်ရန်တေးတို့ဖြစ်ပါတယ်။

လီဗာပူး ပရိသတ်အများအပြားက လေ့ကျင့်ရေး ပြန်ဝင်နေပြီဖြစ်တဲ့ မီနာမီနိုကို စိတ်ဓါတ်မကျဖို့နဲ့ အကောင်းဆုံး လုပ်ဆောင်ဖို့ကို အားပေးစကား ပြောဆိုခဲ့ကြပါတယ်။

ZAWGYI

လီဗာပူးဥကၠဌ တြမ္ဝါနာက ကလပ္ကသာ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခဲ့မယ္ဆိုရင္ မႏွစ္တုန္းက လီဗာပူးျမိဳ႕အတြင္း ပရိသတ္ ၈ သိန္းေက်ာ္ တက္ေရာက္အားေပးခဲ့တဲ့ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈက သာမညေလာက္ပဲ ျဖစ္သြားလိမ့္မယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မန္စီးတီးအသင္းေခါင္းေဆာင္ေဟာင္း ကြန္ပနီက “ က်ေနာ္ မွန္းဆၾကည့္လို႔ရသလို ဘယ္ေလာက္ေတာင္ ကံဆိုးလိုက္တဲ့ လီဗာပူးလဲကြာလို႔ ခံစားမိေနၾကမယ္ဆိုတာလည္း က်ေနာ္ နားလည္ပါတယ္။ ဒါေပမယ့္ လီဗာပူးက ခ်န္ပီယံျဖစ္ဖို႔ ထိုက္တန္ျပီး သူတို႔ ခ်န္ပီယံျဖစ္ဖို႔ က်ေန္ာတို႔အားလံုး ေမွ်ာ္လင့္ေနပါတယ္ ” လို႔ ဆိုလိုက္ပါတယ္။

အဲဗာတန္မန္ေနဂ်ာ ကားလိုစ္ အန္ဆယ္ေလာ့တီဟာ လီဗာပူးအသင္းမွ ဝါရင့္ ကြင္းလယ္လူ လယ္လာနာကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတယ္လို႔ ျဗိတိန္ျပည္တြင္း သတင္းေတြမွာ စတင္ ေဖာ္ျပလာပါတယ္။

လြန္ခဲ့တဲ့ ၅ ႏွစ္ ဒီလိုရက္မွာ မန္ေနဂ်ာကေလာ့ပ္ဟာ သူ႔ရဲ႕ ေအာင္ေျမျဖစ္တဲ့ ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းကို ႏုတ္ဆက္ စြန္႔ခြာခဲ့ပါတယ္။

၂၀၀၀ ခုႏွစ္တုန္းက အဲဗာတန္ကစားသမား နီကီဘမ္ဘီနဲ႔ ၂၀၀၂ ခုႏွစ္မွာ ေအဘယ္ ဇာဗီယာတို႔ဟာ အဲဗာတန္ကလည္း လီဗာပူးကို တိုက္ရုိက္ ကူးေျပာင္းခဲ့တယ္၊ ၁၉၉၂ ခုႏွစ္တုန္းကေတာ့ ဂယ္ရီအယ္ဘတ္ဟာ လီဗာပူးကေန အဲဗာတန္ကို တိုက္ရိုက္ ေျပာင္းခဲ့ပါတယ္။ အဆိုပါႏွစ္ေတြေနာက္ပိုင္း ႏွစ္ေပါင္း ၂၈ ႏွစ္တိုင္ေအာင္ ကလပ္ႏွစ္သင္းၾကား အေျပာင္းအေရႊ႔ကိစၥ မရွိထားပါဘူး။

ပရီးမီးယားလိဂ္မန္ေနဂ်ာေဟာင္း ပိုခ်က္တီႏိုက ပရီးမီးယားလိဂ္ အေကာင္းဆံုး ကစားသမား သံုးဦးကို ေရြးထုတ္ရာမွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွ ျပိဳင္ဘက္ေဟာင္း လီဗာပူးအသင္းသား ဖာမင္ႏိုကို ထည့္ေရြးခဲ့ပါတယ္။

လီဗာပူးသမိုင္းမွာ အနီေရာင္ဂ်ာစီကို ဝတ္ဆင္ၿပီး ကိုယ္စားျပဳခြင့္ရသူ ဘရာဇီးသားက အခုခ်ိန္ထိ ၈ ဦးသာရွိခဲ့ျပီး ပထမဆံုး ဘရာဇီးသားက ဘယ္အစြန္လူ ေအာ္ရယ္လီယို ျဖစ္ပါတယ္။

စတီဗင္က ” ေအာ္ရယ္လီယိုက ထိပ္တန္း ကစားသမားတစ္ေယာက္ပါ။ သူ႔ရဲ႕ ခႏၶာကိုယ္က ပရီးမီးယားလိဂ္မွာ ပါဝင္ယွဥ္ျပိဳင္ဖို႔ ရုန္းကန္ခဲ့ရတယ္ ဒါေပမယ့္ သူက ထိပ္တန္းအဆင့္မွာ ကစားခဲ့ပါတယ္ ” လို႔ ခ်ီးက်ဴးခဲ့ပါတယ္။

လီဗာပူးတိုက္စစ္သမားေဟာင္းၾကီး ဟက္စကီးက အနာဂတ္မွာ လီဗာပူးအသင္း တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ ၾကံရြယ္တဲ့အခါ ေခၚယူသင့္တဲ့ ဗဟိုခံစစ္မွဴး ႏွစ္ဦးက လက္စတာအသင္း ခံစစ္မွဴး ဆိုရန္ခ်ဴနဲ႔ ရီးရဲလ္ဆိုစီဒက္ ခံစစ္သမား ဒီေယဂို ေလာ္ရန္ေတးတို႔ျဖစ္ပါတယ္။

လီဗာပူး ပရိသတ္အမ်ားအျပားက ေလ့က်င့္ေရး ျပန္ဝင္ေနျပီျဖစ္တဲ့ မီနာမီႏိုကို စိတ္ဓါတ္မက်ဖို႔နဲ႔ အေကာင္းဆံုး လုပ္ေဆာင္ဖို႔ကို အားေပးစကား ေျပာဆိုခဲ့ၾကပါတယ္။