ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းနဲ့ မာရီယို ဂေါ်ဇီတို့ဟာ ဒီနွေမှာတော့ ဒုတိယအကြိမ်မြောက် လမ်းခွဲကို ပြုလုပ်ကြမှာဖြစ်ပြီး ဒီသတင်းကို ဒေါ့မွန်ဘက်က အတည်ပြူပေးခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ် ဂျာမနီအသင်း ကမ္ဘာဖလားချန်ပီယံဖြစ်ဖို့အတွက် တန်ဖိုးကြီးတဲ့ အနိုင်ဂိုး သွင်းယူခဲ့သူ ဂေါ်ဇီဟာ ၂၀၁၃ ခုနှစ်မှာ တစ်ကြိမ် ဒေါ့မွန်ကို စွန့်ခွာပြီး ဘိုင်ယန်မြူးနစ်နဲ့ ပူးပေါင်းခဲ့တာပါ။ ၂၀၁၆ မှာတော့ ဒေါ့မွန်ကို ပေါင် သန်း ၂၀ နဲ့ ပြန်လည် ပြောင်းရွှေ့လာကာ ဒီနွေမှာတော့ အလွတ်စာချုပ်ဖြင့် ပြန်လည် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။

ဒီရာသီ ဒေါ့မါန်အတွက် ပြိုင်ပွဲစုံ ပွဲ ၂၀ ကစားပေးခဲ့ပြီး သွင်းဂိုး ၃ ဂိုး သွင်းပေးခဲ့တဲ့ ဂေါ်ဇီ ထွက်ခွာမယ်ဆိုတာကို အားကစားဒါရိုက်တာ ဇော့က ” ဒီနွေမှာ ကျနေ်ာတို့နဲ့ ဂေါ်ဇီ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ ဒါက လေးစားရမယ့် ဆုံးဖြတ်ချက်ဖြစ်ပြီး မာရီယိုက လူကောင်းတစ်ဦးပါ ” လို့ နုတ်ဆက်စကား ဆိုခဲ့တာဖြစ်တယ်။

ဂေါ်ဇီဟာ မန်နေဂျာကလော့ပ် စင်တင်ပေးမှုမှာ ပေါ်ထွက်လာတဲ့ အကယ်ဒမီထွက် ကစားသမားပါ။ သူဟာ ဂျာမနီရဲ့ အနာဂတ်အဖြစ် အများကြီး မျှော်လင့်ခဲ့ရသလို ဒေါ့မွန်ဘက်က ကြီးကြီးမားမား မျှော်မှန်းထားပေမယ့် ပြိုင်ဘက် ဘိုင်ယန်ကို ပြောင်းရွှေ့ခဲ့တယ်။ အဆိုပါ အပြောင်းအရွှေ့အတွက် ကလော့ပ်က အတော်လေး စိတ်ထိခိုက်ခဲ့ရပါတယ်။

လီဗာပူးကို ကိုင်တွယ်စဉ်မှာ ကလော့ပ်ဟာ ဂေါ်ဇီကို ပြန်ခေါ်ဖို့ ကြိုးစားခဲ့ပြီး ဂျာမာန်သားက ငြင်းဆန်ခဲ့ပါတယ်။ တပည့်ဟောင်းရဲ့ ငြင်းပယ်မှုက ကလော့ပ်ကို နာကျင်စေခဲ့တယ်လို့ သိရပြီး ဆောက်တန်သမ်မှ မာနေးကိုပဲ ပြောင်းလဲ ခေါ်ယူခဲ့တာဖြစ်တယ်။ အဲ့တုန်းက ကလော့ပ်ဟာ ဒေါသ မပါပေမယ့် ဘောလုံးသမားဆိုတာ အသင်းကောင်းမှ ပြောင်းရဲရတာ မဟုတ်ဘူးဆိုပြီး သတိပေးစကားတစ်ခွန်းကို ပြောဆိုခဲ့ပါတယ်။

ကလော့ပ်ရဲ့ အဆိုပါ စကားဟာ ချန်ပီယံလိဂ်ပြင်ပက ကစားသမားတွေ အထူးနှစ်သက်ရတဲ့ လက်စွဲစကားဖြစ်ခဲ့ပြီး အဲ့နောက်ပိုင်းမှာ လီဗာပူးအသင်းဟာ ဥရောပဝင်ခွင့်ရ အသင်းတွေက ကစားသမားတွေအစား ထိပ်တန်းခြေစွမ်းရှိတဲ့ ကစားသမားတွေကို ခေါ်ယူဖို့ကိုပဲ ပိုမို အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းနဲ႔ မာရီယို ေဂၚဇီတို႔ဟာ ဒီေႏြမွာေတာ့ ဒုတိယအၾကိမ္ေျမာက္ လမ္းခြဲကို ျပဳလုပ္ၾကမွာျဖစ္ျပီး ဒီသတင္းကို ေဒါ့မြန္ဘက္က အတည္ျပဴေပးခဲ့ျပီ ျဖစ္ပါတယ္။

၂၀၁၄ ခုႏွစ္ ဂ်ာမနီအသင္း ကမၻာဖလားခ်န္ပီယံျဖစ္ဖို႔အတြက္ တန္ဖိုးၾကီးတဲ့ အႏုိင္ဂိုး သြင္းယူခဲ့သူ ေဂၚဇီဟာ ၂၀၁၃ ခုႏွစ္မွာ တစ္ၾကိမ္ ေဒါ့မြန္ကို စြန္႔ခြာျပီး ဘိုင္ယန္ျမဴးနစ္နဲ႔ ပူးေပါင္းခဲ့တာပါ။ ၂၀၁၆ မွာေတာ့ ေဒါ့မြန္ကို ေပါင္ သန္း ၂၀ နဲ႔ ျပန္လည္ ေျပာင္းေရႊ႔လာကာ ဒီေႏြမွာေတာ့ အလြတ္စာခ်ဳပ္ျဖင့္ ျပန္လည္ ထြက္ခြာသြားမွာ ျဖစ္ပါတယ္။

ဒီရာသီ ေဒါ့မါန္အတြက္ ျပိဳင္ပြဲစံု ပြဲ ၂၀ ကစားေပးခဲ့ျပီး သြင္းဂိုး ၃ ဂိုး သြင္းေပးခဲ့တဲ့ ေဂၚဇီ ထြက္ခြာမယ္ဆိုတာကို အားကစားဒါရိုက္တာ ေဇာ့က ” ဒီေႏြမွာ က်ေန္ာတို႔နဲ႔ ေဂၚဇီ လမ္းခြဲေတာ့မွာ ျဖစ္ပါတယ္။ ဒါက ေလးစားရမယ့္ ဆံုးျဖတ္ခ်က္ျဖစ္ျပီး မာရီယိုက လူေကာင္းတစ္ဦးပါ ” လို႔ ႏုတ္ဆက္စကား ဆိုခဲ့တာျဖစ္တယ္။

ေဂၚဇီဟာ မန္ေနဂ်ာကေလာ့ပ္ စင္တင္ေပးမႈမွာ ေပၚထြက္လာတဲ့ အကယ္ဒမီထြက္ ကစားသမားပါ။ သူဟာ ဂ်ာမနီရဲ႕ အနာဂတ္အျဖစ္ အမ်ားၾကီး ေမွ်ာ္လင့္ခဲ့ရသလို ေဒါ့မြန္ဘက္က ၾကီးၾကီးမားမား ေမွ်ာ္မွန္းထားေပမယ့္ ျပိဳင္ဘက္ ဘိုင္ယန္ကို ေျပာင္းေရႊ႔ခဲ့တယ္။ အဆိုပါ အေျပာင္းအေရႊ႔အတြက္ ကေလာ့ပ္က အေတာ္ေလး စိတ္ထိခိုက္ခဲ့ရပါတယ္။

လီဗာပူးကို ကိုင္တြယ္စဥ္မွာ ကေလာ့ပ္ဟာ ေဂၚဇီကို ျပန္ေခၚဖို႔ ၾကိဳးစားခဲ့ျပီး ဂ်ာမာန္သားက ျငင္းဆန္ခဲ့ပါတယ္။ တပည့္ေဟာင္းရဲ႕ ျငင္းပယ္မႈက ကေလာ့ပ္ကို နာက်င္ေစခဲ့တယ္လို႔ သိရျပီး ေဆာက္တန္သမ္မွ မာေနးကိုပဲ ေျပာင္းလဲ ေခၚယူခဲ့တာျဖစ္တယ္။ အဲ့တုန္းက ကေလာ့ပ္ဟာ ေဒါသ မပါေပမယ့္ ေဘာလံုးသမားဆိုတာ အသင္းေကာင္းမွ ေျပာင္းရဲရတာ မဟုတ္ဘူးဆိုျပီး သတိေပးစကားတစ္ခြန္းကို ေျပာဆိုခဲ့ပါတယ္။

ကေလာ့ပ္ရဲ႔ အဆိုပါ စကားဟာ ခ်န္ပီယံလိဂ္ျပင္ပက ကစားသမားေတြ အထူးႏွစ္သက္ရတဲ့ လက္စြဲစကားျဖစ္ခဲ့ျပီး အဲ့ေနာက္ပိုင္းမွာ လီဗာပူးအသင္းဟာ ဥေရာပဝင္ခြင့္ရ အသင္းေတြက ကစားသမားေတြအစား ထိပ္တန္းေျခစြမ္းရွိတဲ့ ကစားသမားေတြကို ေခၚယူဖို႔ကိုပဲ ပိုမို အာရံုစိုက္ခဲ့တာ ျဖစ္ပါတယ္။