လီဗာပူးဂိုးသမား ကားရီးယက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေတဲ့ ဘွန်ဒက်လီဂါကလပ် ထွက်ပေါ်လာပြီဖြစ်ကြောင်း သတင်းထောက် Neil Jones က ဖော်ပြမှု လုပ်လာပါတယ်။

ဘက်ဆစ်တက်ကို ၂ ရာသီ အငှားချထားပေမယ့် လုပ်ခမရမှုနဲ့အတူ ပြဿနာတွေရှိနေတဲ့ ဂျာမနီသား ဂိုးသမားဟာ ဒီနွေမှာ လီဗာပူးကိုပဲ ပြန်လာဖို့ ရှိနေပါတယ်။ သူနဲ့ လီဗာပူးအသင်းကြားမှာ စာချုပ်သက်တမ်း နှစ်နှစ် ရှိနေသေးပြီး မာဆေးဆိုဒ် ကလပ်ဘက်ကတော့ နောက်ထပ် အငှားချပေးနိုင်မယ့် အသင်း (သို့) ရောင်းထုတ်နိုင်မယ့် အသင်းကိုပဲ ရှာဖွေသွားမှာပါ။

အဓိက ဂိုးသမား အယ်လီဆန်ရဲ့နောက် အရန်ဂိုးသမားကို ရှာဖွေဖို့ လီဗာပူးအသင်းက စိတ်ဝင်စားပေမယ့် ကားရီးယက်စ်ကိုတော့ အဆိုပါ နေရာ ပေးမှာ မဟုတ်ပါဘူး။ Neil Jones ကပဲ လီဗာပူးနဲ့ ဆက်ဆံရေးကောင်းတွေရှိတဲ့ ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်ဟာ ကားရီးယက်စ်ကို ခေါ်ယူဖို့ ဆွေးနွေးလိုနေတယ်လို့ ဖော်ပြလာတယ်။

လီဗာပူးနဲ့ ဟာသာဘာလင်တို့ဟာ ကွင်းလယ်လူ ဂရုဂျစ်ကို နှစ်ရာသီ အငှားချပေးဖို့ကိုလည်း သဘောတူထားပြီး ဆားဘီးယားသားက အဓိက ကွင်းလယ်လူအဖြစ် ကစားခွင့် ရနေခဲ့တယ်။ အဆိုပါ ဆက်ဆံရေးကောင်းတွေကြောင့် ဟာသာဘာလင်က ဂျာမာန်သား ဂိုးသမား ကားရီးယက်စ်ကိုလည်း ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတယ်။ ဂိုးသမားကိုယ်တိုင်ကလည်း မိခင်မြေကို ပြန်လိုစိတ် ရှိနေပါတယ်။

ကားရီးယက်စ်အတွက် ဟာသာဘာလင်ရဲ့ စိတ်ဝင်စားမှုက အငှားထက် အပြီးသတ် အပြောင်းအရွှေ့ ဖြစ်ဖို့များပြီး ပေါင် ၉ သန်းထက် နည်းတဲ့ ပမာဏကိုပဲ ရရှိမယ်လို့ ယူဆရတယ်။ ဂရုဂျစ်ကို ရောင်းထုတ် မထုတ်ကတော့ နွေမှ ဆုံးဖြတ်မှာဖြစ်ပြီး လက်တလောမှာ အငှားကစားသမားတွေရဲ့ အခြေအနေကို လီဗာပူးဘက်က ဦးစားပေးအဖြစ် မသက်မှတ်ထားပါဘူး။

ZAWGYI

လီဗာပူးဂိုးသမား ကားရီးယက္စ္ကို ေခၚယူဖို႔အတြက္ စိတ္ဝင္စားေနတဲ့ ဘြန္ဒက္လီဂါကလပ္ ထြက္ေပၚလာျပီျဖစ္ေၾကာင္း သတင္းေထာက္ Neil Jones က ေဖာ္ျပမႈ လုပ္လာပါတယ္။

ဘက္ဆစ္တက္ကို ၂ ရာသီ အငွားခ်ထားေပမယ့္ လုပ္ခမရမႈနဲ႔အတူ ျပႆနာေတြရွိေနတဲ့ ဂ်ာမနီသား ဂိုးသမားဟာ ဒီေႏြမွာ လီဗာပူးကိုပဲ ျပန္လာဖို႔ ရွိေနပါတယ္။ သူနဲ႔ လီဗာပူးအသင္းၾကားမွာ စာခ်ဳပ္သက္တမ္း ႏွစ္ႏွစ္ ရွိေနေသးျပီး မာေဆးဆိုဒ္ ကလပ္ဘက္ကေတာ့ ေနာက္ထပ္ အငွားခ်ေပးႏုိင္မယ့္ အသင္း (သို႔) ေရာင္းထုတ္ႏုိင္မယ့္ အသင္းကိုပဲ ရွာေဖြသြားမွာပါ။

အဓိက ဂိုးသမား အယ္လီဆန္ရဲ႕ေနာက္ အရန္ဂိုးသမားကို ရွာေဖြဖို႔ လီဗာပူးအသင္းက စိတ္ဝင္စားေပမယ့္ ကားရီးယက္စ္ကိုေတာ့ အဆိုပါ ေနရာ ေပးမွာ မဟုတ္ပါဘူး။ Neil Jones ကပဲ လီဗာပူးနဲ႔ ဆက္ဆံေရးေကာင္းေတြရွိတဲ့ ဘြန္ဒက္လီဂါကလပ္ ဟာသာဘာလင္ဟာ ကားရီးယက္စ္ကုိ ေခၚယူဖို႔ ေဆြးေႏြးလိုေနတယ္လို႔ ေဖာ္ျပလာတယ္။

လီဗာပူးနဲ႔ ဟာသာဘာလင္တို႔ဟာ ကြင္းလယ္လူ ဂရုဂ်စ္ကို ႏွစ္ရာသီ အငွားခ်ေပးဖို႔ကိုလည္း သေဘာတူထားျပီး ဆားဘီးယားသားက အဓိက ကြင္းလယ္လူအျဖစ္ ကစားခြင့္ ရေနခဲ့တယ္။ အဆိုပါ ဆက္ဆံေရးေကာင္းေတြေၾကာင့္ ဟာသာဘာလင္က ဂ်ာမာန္သား ဂိုးသမား ကားရီးယက္စ္ကိုလည္း ေခၚယူႏုိင္ဖို႔ ေမွ်ာ္လင့္ေနတယ္။ ဂိုးသမားကိုယ္တိုင္ကလည္း မိခင္ေျမကို ျပန္လိုစိတ္ ရွိေနပါတယ္။

ကားရီးယက္စ္အတြက္ ဟာသာဘာလင္ရဲ႕ စိတ္ဝင္စားမႈက အငွားထက္ အျပီးသတ္ အေျပာင္းအေရႊ႔ ျဖစ္ဖို႔မ်ားျပီး ေပါင္ ၉ သန္းထက္ နည္းတဲ့ ပမာဏကိုပဲ ရရွိမယ္လို႔ ယူဆရတယ္။ ဂရုဂ်စ္ကို ေရာင္းထုတ္ မထုတ္ကေတာ့ ေႏြမွ ဆံုးျဖတ္မွာျဖစ္ျပီး လက္တေလာမွာ အငွားကစားသမားေတြရဲ႕ အေျခအေနကို လီဗာပူးဘက္က ဦးစားေပးအျဖစ္ မသက္မွတ္ထားပါဘူး။