ဒီရာသီမှာ လီဗာပူးက အရမ်းကို စွမ်းဆောင်ရည် တည်ငြိမ်ပြီး ထူးချွန်ပါတယ်။ လိဂ်ပွဲပြီးဖို့ ၉ ပွဲအလိုမှာ အမှတ်ပေးဇယားကို ၂၅ မှတ်ဖြတ်ထားပြီး ချန်ပီယံဖလားကို တစ်ဝက်ကိုင်ထားပါတယ်။ အဲ့အတွက်လည်း ဂျော်ဒန် ဟန်ဒါဆန်က သိပ်ထူးချွန်လွန်းပါတယ်။

ကျနော်ရဲ့ မျက်လုံးထဲမှာတော့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရသင့်တဲ့ တစ်ဦးတည်းသော ကစားသမားက လီဗာပူးအသင်းခေါင်းဆောင်ပါ။ အချို့ ကစားသမားတွေကို ကြည့်မယ်ဆိုရင် သက်ဆိုင်ရာ အဆင့်တွေမှာ ပြုတ်ကျခဲ့တာ မြင်ရမှာဖြစ်ပေမယ့် ဂျော်ဒန်ရဲ့ အဝတ်လဲခန်းကို ဦးဆောင်ပြီး မြက်ခင်းပြင်ပေါ် တည်ငြိမ်မှုက သိပ်ကောင်းပါတယ်။

လီဗာပူးမှာ သူ့ရဲ့ နေရာကို ရနိုင်ဖို့ ဂျော်ဒန်က ဘယ်လောက်တောင် ကြိုးစားရသလဲ လူတိုင်း သိပါတယ်။ အချို့သော ပရိသတ်တွေရဲ့ သူ့အပေါ် တန်ဖိုးမထားခြင်းကိုလည်း ဂျော်ဒန်က ကိုယ်ဘာသာ အကောင်းဆုံး ရင်ဆိုင် ဖြေရှင်းခဲ့တယ်။ အခုချိန်မှာ အားလုံးသော သံသယဝင်သူတွေကို သူက တုန့်ပြန်ပြနိုင်ပါပြီ။ ကျနေ်ာတို့အတွက် အရေးပါတဲ့ ပွဲနှစ်ပွဲကို အနိုင်ယူပြီးရင် ဂျော်ဒန်က ပရီးမီးယားလိဂ်ဖလားကို ကျနေ်ာတို့အတွက် ကိုင်မြောက်ပေးသွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းကို ကြည့်မယ်ဆိုရင် ဗန်ဒိုက်က အသင်းခေါင်းဆောင် ဖြစ်သင့်သူလို့ လူတိုင်းက အလွယ်တကူ တွေးနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ခွဲက ဗန်ဒိုက်ရောက်လာတည်းက အဲ့လို တွေးခဲ့ကြတာပါ။ သူ အသင်းခေါင်းဆောင်ဖြစ်ဖို့ အချိန်တစ်ခုပဲ လိုမယ်လို့ ထင်ခဲ့ကြတယ်။

အခြားအသင်းမှာဆိုရင် ဗန်ဒိုက်က သူ့ရဲ့ ဦးဆောင်မှုတွေကြောင့် အသင်းခေါင်းဆောင် ဖြစ်နေလောက်ပါပြီ။ ဒါပေမယ့် လီဗာပူးမန်နေဂျာကတော့ သူ့ရဲ့ ခေါင်းဆောင်အဖြစ် ဂျော်ဒန်ကိုပဲ ထားလိုခဲ့ပြီး ဒါကလည်း မှန်ကန်တယ်ဆိုတာ ဒီကာလတွေအတွင်း မြင်နေရပါတယ်။ ဂျော်ဒန်က တိုးတက်လာခဲ့ပြီး သူ့အဆင့်ကို ပိုမြင့်အောင် လုပ်ခဲ့တယ်။ သူတစ်ယောက်အတွက်တင် မကပဲ တစ်သင်းလုံးကို မြှင့်တင်ပေးခဲ့တယ်။ ဒါကိုလည်း သူ့အနားက ကစားသမားတွေရဲ့ သူနဲ့ပက်သက်လို့ တုန့်ပြန်မှုကိုကြည့်ရင် သိနိုင်ပါတယ်။

ဂျော်ဒန်က လီဗာပူးအသင်းခေါင်းဆောင်နေရာနဲ့ ထိုက်တန်ပြီး နောက်မှာ ဗန်ဒိုက်လို ကစားသမားရဲ့ ထောက်ပံ့မှုကို ရနေတာ သိပ်ကောင်းပါတယ်။ နောက်ပြီး မီလ်နာ၊ မာနေးနဲ့ ရော်ဘတ်ဆန်တို့ကလည်း တူညီတဲ့ ခေါင်းဆောင်နိုင်စွမ်းတွေ ရှိကြတယ်။

ကောင်းမွန်တဲ့ တွဲဘက်မှုတွေကနေ ဟင်းကောင်းတစ်ခွန် ထွက်လာသလိုပေါ့။ အန်ဖီးမှာ လီဗာပူးအသင်းကို တည်ဆောက်မှုပေးနေတဲ့ ယာဂင်ကလော့ပ်နဲ့ အန်ဖီးမှာ သိပ်ကို ပြည့်စုံတဲ့ ဟင်းကောင်းတစ်ခွန် ချက်ပြုတ်ပေးနေတဲ့ သူတို့ကို အသိအမှတ်ပြုရပါမယ်။

ဂျွန် အယ်ဒရစ် (လီဗာပူးတိုက်စစ်မှူးဟောင်းကြီး)

ZAWGYI

ဒီရာသီမွာ လီဗာပူးက အရမ္းကို စြမ္းေဆာင္ရည္ တည္ျငိမ္ျပီး ထူးခၽြန္ပါတယ္။ လိဂ္ပြဲျပီးဖို႔ ၉ ပြဲအလိုမွာ အမွတ္ေပးဇယားကို ၂၅ မွတ္ျဖတ္ထားျပီး ခ်န္ပီယံဖလားကို တစ္ဝက္ကိုင္ထားပါတယ္။ အဲ့အတြက္လည္း ေဂ်ာ္ဒန္ ဟန္ဒါဆန္က သိပ္ထူးခၽြန္လြန္းပါတယ္။

က်ေနာ္ရဲ႕ မ်က္လံုးထဲမွာေတာ့ တစ္ႏွစ္တာအေကာင္းဆံုး ကစားသမားဆုကို ရသင့္တဲ့ တစ္ဦးတည္းေသာ ကစားသမားက လီဗာပူးအသင္းေခါင္းေဆာင္ပါ။ အခ်ိဳ႔ ကစားသမားေတြကို ၾကည့္မယ္ဆိုရင္ သက္ဆုိင္ရာ အဆင့္ေတြမွာ ျပဳတ္က်ခဲ့တာ ျမင္ရမွာျဖစ္ေပမယ့္ ေဂ်ာ္ဒန္ရဲ႕ အဝတ္လဲခန္းကို ဦးေဆာင္ျပီး ျမက္ခင္းျပင္ေပၚ တည္ျငိမ္မႈက သိပ္ေကာင္းပါတယ္။

လီဗာပူးမွာ သူ႔ရဲ႕ ေနရာကို ရႏုိင္ဖို႔ ေဂ်ာ္ဒန္က ဘယ္ေလာက္ေတာင္ ၾကိဳးစားရသလဲ လူတိုင္း သိပါတယ္။ အခ်ိဳ႔ေသာ ပရိသတ္ေတြရဲ႕ သူ႔အေပၚ တန္ဖိုးမထားျခင္းကိုလည္း ေဂ်ာ္ဒန္က ကိုယ္ဘာသာ အေကာင္းဆံုး ရင္ဆိုင္ ေျဖရွင္းခဲ့တယ္။ အခုခ်ိန္မွာ အားလံုးေသာ သံသယဝင္သူေတြကို သူက တုန္႔ျပန္ျပႏုိင္ပါျပီ။ က်ေန္ာတို႔အတြက္ အေရးပါတဲ့ ပြဲႏွစ္ပြဲကို အနုိင္ယူျပီးရင္ ေဂ်ာ္ဒန္က ပရီးမီးယားလိဂ္ဖလားကို က်ေန္ာတုိ႔အတြက္ ကိုင္ေျမာက္ေပးသြားမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းကို ၾကည့္မယ္ဆိုရင္ ဗန္ဒိုက္က အသင္းေခါင္းေဆာင္ ျဖစ္သင့္သူလို႔ လူတိုင္းက အလြယ္တကူ ေတြးႏုိင္ပါတယ္။ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ခြဲက ဗန္ဒိုက္ေရာက္လာတည္းက အဲ့လို ေတြးခဲ့ၾကတာပါ။ သူ အသင္းေခါင္းေဆာင္ျဖစ္ဖို႔ အခ်ိန္တစ္ခုပဲ လိုမယ္လို႔ ထင္ခဲ့ၾကတယ္။

အျခားအသင္းမွာဆိုရင္ ဗန္ဒိုက္က သူ႔ရဲ႕ ဦးေဆာင္မႈေတြေၾကာင့္ အသင္းေခါင္းေဆာင္ ျဖစ္ေနေလာက္ပါျပီ။ ဒါေပမယ့္ လီဗာပူးမန္ေနဂ်ာကေတာ့ သူ႔ရဲ႕ ေခါင္းေဆာင္အျဖစ္ ေဂ်ာ္ဒန္ကိုပဲ ထားလိုခဲ့ျပီး ဒါကလည္း မွန္ကန္တယ္ဆိုတာ ဒီကာလေတြအတြင္း ျမင္ေနရပါတယ္။ ေဂ်ာ္ဒန္က တိုးတက္လာခဲ့ျပီး သူ႔အဆင့္ကို ပိုျမင့္ေအာင္ လုပ္ခဲ့တယ္။ သူတစ္ေယာက္အတြက္တင္ မကပဲ တစ္သင္းလံုးကို ျမွင့္တင္ေပးခဲ့တယ္။ ဒါကိုလည္း သူ႔အနားက ကစားသမားေတြရဲ႕ သူနဲ႔ပက္သက္လို႔ တုန္႔ျပန္မႈကိုၾကည့္ရင္ သိႏုိင္ပါတယ္။

ေဂ်ာ္ဒန္က လီဗာပူးအသင္းေခါင္းေဆာင္ေနရာနဲ႔ ထိုက္တန္ျပီး ေနာက္မွာ ဗန္ဒိုက္လို ကစားသမားရဲ႕ ေထာက္ပံ့မႈကို ရေနတာ သိပ္ေကာင္းပါတယ္။ ေနာက္ျပီး မီလ္နာ၊ မာေနးနဲ႕ ေရာ္ဘတ္ဆန္တို႔ကလည္း တူညီတဲ့ ေခါင္းေဆာင္ႏုိင္စြမ္းေတြ ရွိၾကတယ္။

ေကာင္းမြန္တဲ့ တြဲဘက္မႈေတြကေန ဟင္းေကာင္းတစ္ခြန္ ထြက္လာသလိုေပါ့။ အန္ဖီးမွာ လီဗာပူးအသင္းကို တည္ေဆာက္မႈေပးေနတဲ့ ယာဂင္ကေလာ့ပ္နဲ႔ အန္ဖီးမွာ သိပ္ကို ျပည့္စံုတဲ့ ဟင္းေကာင္းတစ္ခြန္ ခ်က္ျပဳတ္ေပးေနတဲ့ သူတို႔ကို အသိအမွတ္ျပဳရပါမယ္။

ဂၽြန္ အယ္ဒရစ္ (လီဗာပူးတိုက္စစ္မွဴးေဟာင္းၾကီး)