ကပ်ဘေးကာလအတွင်း နေအိမ်မှာ ရှိနေတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုကောင်းတွေ တင်ဆက်နေတဲ့ လီဗာပူးအသင်းဟာ ဒီကနေ့မှာတော့ ‘This is Anfield: The Documentary’ကို ထုတ်လွှင့်သွားပါတယ်။

လီဗာပူးအသင်း ဝဘ်ဆိုဒ်မှာ အခမဲ့ ကြည်ရှုနိုင်ပြီး ယခင်က LFC TV မှာ ဖော်ပြခဲ့တဲ့ Documentary ပဲဖြစ်တယ်။ အန်ဖီးကွင်း စတင်ဖြစ်ပေါ်လာပုံနဲ့ တိုးတက်လာတဲ့ ကလပ်ရဲ့ အနေအထားကို အဆိုပါ ဗီဒီယိုမှာ မြင်ရပါမယ်။ အတော်လေး ကြည့်ကောင်းပြီး အင်္ဂလန်စာတန်းထိုး ဖြစ်ပါတယ်။ ဗီဒီယိုကိုတော့ copy right ကြောင့် ဖော်ပြနိုင်ခြင်း မရှိလို့ ညွှန်းရုံပဲ ညွှန်းပေးတာဖြစ်တယ်။

၄၈ မိနစ်ကြာတဲ့ ဗီဒီယိုမှာတော့ လီဗာပူးအသင်းမှာ ယနေ့တိုင် ဖွင့်လှစ်နေတဲ့ ‘You’ll Never Walk Alone’ သီချင်းရဲ့ အဆိုရှင်နဲ့ အင်တာဗျူး၊ သမိုင်းမှာ ကျော်ကြားတဲ့ ပွဲနဲ့ ကွင်းကြီးကို တိုးတက်လာအောင် တည်ဆောက်မှု နောက်ကွယ်က အကြောင်းတွေ ပါဝင်သွားမှာဖြစ်တယ်။

အန်ဖီးကွင်းရဲ့ ပထမဆုံးသော ပုံသဏ္ဍန်တွေကစလို့ သမိုင်းမှာ ရှားပါးလှတဲ့ ဗီဒီယို မြင်ကွင်းတွေကို အဆင့်အဆင့် မြင်ရမှာဖြစ်သလို အစဉ်အလာကြီးတဲ့ လီဗာပူးပရိသတ်တွေရဲ့ အားပေးပုံကိုလည်း မြင်ကြရပါမယ်။ ရှားပါးလှတဲ့ အန်ဖီးကွင်း ဥမင်ကို မြင်ရတာကလည်း အတိတ်က အန်ဖီးကွင်းကို ပြန်သတိရမိစေမှာပါ။

အဆိုပါ Documentary ဟာ အဓိက ပွဲကြည့်စင် ဖွင့်လှစ်ခဲ့တဲ့ ၂၀၁၆ ခုနှစ် အထိပဲဖြစ်ကာ ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ခဲ့ခြင်းနဲ့ ချန်ပီယံဖြစ်ခဲ့ခြင်းလို နောက်ပိုင်း အကြောင်းတွေတော့ ပါမှာ မဟုတ်ပါဘူး။

ZAWGYI

ကပ္ေဘးကာလအတြင္း ေနအိမ္မွာ ရွိေနတဲ့ ပရိသတ္ေတြအတြက္ ဗီဒီယိုေကာင္းေတြ တင္ဆက္ေနတဲ့ လီဗာပူးအသင္းဟာ ဒီကေန႔မွာေတာ့ ‘This is Anfield: The Documentary’ကို ထုတ္လႊင့္သြားပါတယ္။

လီဗာပူးအသင္း ဝဘ္ဆိုဒ္မွာ အခမဲ့ ၾကည္ရႈႏုိင္ျပီး ယခင္က LFC TV မွာ ေဖာ္ျပခဲ့တဲ့ Documentary ပဲျဖစ္တယ္။ အန္ဖီးကြင္း စတင္ျဖစ္ေပၚလာပံုနဲ႔ တိုးတက္လာတဲ့ ကလပ္ရဲ႕ အေနအထားကို အဆိုပါ ဗီဒီယိုမွာ ျမင္ရပါမယ္။ အေတာ္ေလး ၾကည့္ေကာင္းျပီး အဂၤလန္စာတန္းထိုး ျဖစ္ပါတယ္။ ဗီဒီယိုကိုေတာ့ copy right ေၾကာင့္ ေဖာ္ျပႏုိင္ျခင္း မရွိလို႔ ညႊန္းရံုပဲ ညႊန္းေပးတာျဖစ္တယ္။

၄၈ မိနစ္ၾကာတဲ့ ဗီဒီယိုမွာေတာ့ လီဗာပူးအသင္းမွာ ယေန႔တိုင္ ဖြင့္လွစ္ေနတဲ့ ‘You’ll Never Walk Alone’ သီခ်င္းရဲ႕ အဆိုရွင္နဲ႔ အင္တာဗ်ဴး၊ သမိုင္းမွာ ေက်ာ္ၾကားတဲ့ ပြဲနဲ႔ ကြင္းၾကီးကို တိုးတက္လာေအာင္ တည္ေဆာက္မႈ ေနာက္ကြယ္က အေၾကာင္းေတြ ပါဝင္သြားမွာျဖစ္တယ္။

အန္ဖီးကြင္းရဲ႕ ပထမဆံုးေသာ ပံုသ႑န္ေတြကစလို႔ သမိုင္းမွာ ရွားပါးလွတဲ့ ဗီဒီယို ျမင္ကြင္းေတြကို အဆင့္အဆင့္ ျမင္ရမွာျဖစ္သလို အစဥ္အလာၾကီးတဲ့ လီဗာပူးပရိသတ္ေတြရဲ႕ အားေပးပံုကိုလည္း ျမင္ၾကရပါမယ္။ ရွားပါးလွတဲ့ အန္ဖီးကြင္း ဥမင္ကို ျမင္ရတာကလည္း အတိတ္က အန္ဖီးကြင္းကို ျပန္သတိရမိေစမွာပါ။

အဆိုပါ Documentary ဟာ အဓိက ပြဲၾကည့္စင္ ဖြင့္လွစ္ခဲ့တဲ့ ၂၀၁၆ ခုႏွစ္ အထိပဲျဖစ္ကာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲတက္ခဲ့ျခင္းနဲ႔ ခ်န္ပီယံျဖစ္ခဲ့ျခင္းလို ေနာက္ပိုင္း အေၾကာင္းေတြေတာ့ ပါမွာ မဟုတ္ပါဘူး။