အေစီမီလန် ကွင်းလယ်လူဟောင်း ကာကာက စီးရီးအေကလပ်ရဲ့ ဝဘ်ဆိုဒ်ကနေပဲ ၂၀၀၇ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးနဲ့ ပက်သက်လို့ ပေါ်ပေါက်ခဲ့တဲ့ အကြောက်တရားအကြောင်းကို ထုတ်ပြောခဲ့ပါတယ်။

၂၀၀၅ ခုနှစ်မှာ ချန်ပီယံလိဂ်သမိုင်းအတွင်း ကျော်ကြားလှတဲ့ အင်စတမ်ဘူလ်းညကို လီဗာပူးအသင်း ကစားခဲ့ပါတယ်။ သိပြီးကြမှာဖြစ်ပေမယ့် ပထမပိုင်းမှာ ၃ ဂိုးပြတ် အနိုင်ရထားလို့ ပျော်ရွှင်နေတဲ့ အေစီမီလန်ကို ဒုတိယပိုင်းမှာ ၆ မိနစ်အတွင်း ၃ ဂိုး ပြန်ချေပခဲ့တဲ့ လီဗာပူးဟာ အဆိုပါနှစ်ရဲ့ ချန်ပီယံဖြစ်ခဲ့တာပါ။

၂၀၀၇ ခုနှစ်မှာတော့ အေစီမီလန်နဲ့ လီဗာပူးတို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ထပ်ဆုံတွေ့ခဲ့ပါတယ်။ အင်ဇာဂီရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ဦးဆောင်ထားခဲ့ပြီး ပွဲချိန် ၈၉ မိနစ်မှာတော့ လီဗာပူးတိုက်စစ်မှူး ဒတ်ကွပ်က ခြေပဂိုး တစ်ဂိုး သွင်းယူခဲ့တာပါ။ အဲ့သည်အချိန်က သူ့ကို ခြောက်ခြားမှုတွေ ဖြစ်စေခဲ့တာကို ကာကာက ဝန်ခံခဲ့တယ်။

ကာကာက ” သူတို့ ဂိုးသွင်းလိုက်တာက သိပ်ဆိုးတာပါပဲ။ ၂၀၀၅ ခုနှစ်က အတွေ့အကြုံကြောင့် ‘အား ထပ်ပြီးများ ဖြစ်တော့မလား’ ဆိုပြီး တုန်လှုပ်အောင် ခံစားခဲ့ရတယ်။ လီဗာပူးက ဂိုးသွင်းချိန်မှာ ၂၀၀၅ ကလိုများ ထပ်ဖြစ်မလားဆိုတဲ့ ခံစားချက် ပေါ်ထွက်လာတာက အရမ်းကို ခံစားရခက်တဲ့ အနေအထားပဲဖြစ်ပါတယ်။

ကျနေ်ာတို့တွေ အကြောက်တရားကို ခံစားခဲ့ရပြီး ‘ထပ်မဖြစ်ပါနဲ့တော့လို့ ဆုတောင်းခဲ့ရတယ်’။ ကံကောင်းပြီး အဆုံးမှာတော့ ကျနေ်ာတို့တွေ ဆုဖလားကို ကိုင်မြောက် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဥရောပရဲ့ ချန်ပီယံလိဂ်ဖလား အအောင်မြင်ဆုံးတွေထဲက ၂ သင်းဟာ ရေစက်တွေရှိခဲ့သလို ကျဆုံးချိန်မှာလည်း အတူတူဖြစ်ခဲ့တယ်။ လီဗာပူးအသင်းက ချန်ပီယံလိဂ်အဆင့်ကို ပြန်လာနိုင်ပေမယ့် အေစီမီလန်ကတော့ အခုထိ ချန်ပီယံလိဂ်ကို ပြန်ရောက်လာနိုင်ဖို့ ခက်ခဲစွာ ရုန်းကန်နေရတာဖြစ်ပါတယ်။

ZAWGYI

ေအစီမီလန္ ကြင္းလယ္လူေဟာင္း ကာကာက စီးရီးေအကလပ္ရဲ႕ ဝဘ္ဆိုဒ္ကေနပဲ ၂၀၀၇ ခုႏွစ္ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လီဗာပူးနဲ႔ ပက္သက္လို႔ ေပၚေပါက္ခဲ့တဲ့ အေၾကာက္တရားအေၾကာင္းကို ထုတ္ေျပာခဲ့ပါတယ္။

၂၀၀၅ ခုႏွစ္မွာ ခ်န္ပီယံလိဂ္သမိုင္းအတြင္း ေက်ာ္ၾကားလွတဲ့ အင္စတမ္ဘူလ္းညကို လီဗာပူးအသင္း ကစားခဲ့ပါတယ္။ သိျပီးၾကမွာျဖစ္ေပမယ့္ ပထမပိုင္းမွာ ၃ ဂိုးျပတ္ အႏုိင္ရထားလို႔ ေပ်ာ္ရႊင္ေနတဲ့ ေအစီမီလန္ကို ဒုတိယပိုင္းမွာ ၆ မိနစ္အတြင္း ၃ ဂိုး ျပန္ေခ်ပခဲ့တဲ့ လီဗာပူးဟာ အဆိုပါႏွစ္ရဲ႕ ခ်န္ပီယံျဖစ္ခဲ့တာပါ။

၂၀၀၇ ခုႏွစ္မွာေတာ့ ေအစီမီလန္နဲ႔ လီဗာပူးတို႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ ထပ္ဆုံေတြ႔ခဲ့ပါတယ္။ အင္ဇာဂီရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ ဦးေဆာင္ထားခဲ့ျပီး ပြဲခ်ိန္ ၈၉ မိနစ္မွာေတာ့ လီဗာပူးတိုက္စစ္မွဴး ဒတ္ကြပ္က ေျခပဂိုး တစ္ဂိုး သြင္းယူခဲ့တာပါ။ အဲ့သည္အခ်ိန္က သူ႔ကို ေျခာက္ျခားမႈေတြ ျဖစ္ေစခဲ့တာကို ကာကာက ဝန္ခံခဲ့တယ္။

ကာကာက ” သူတို႔ ဂိုးသြင္းလိုက္တာက သိပ္ဆိုးတာပါပဲ။ ၂၀၀၅ ခုႏွစ္က အေတြ႔အၾကံဳေၾကာင့္ ‘အား ထပ္ျပီးမ်ား ျဖစ္ေတာ့မလား’ ဆိုျပီး တုန္လႈပ္ေအာင္ ခံစားခဲ့ရတယ္။ လီဗာပူးက ဂိုးသြင္းခ်ိန္မွာ ၂၀၀၅ ကလိုမ်ား ထပ္ျဖစ္မလားဆိုတဲ့ ခံစားခ်က္ ေပၚထြက္လာတာက အရမ္းကို ခံစားရခက္တဲ့ အေနအထားပဲျဖစ္ပါတယ္။

က်ေန္ာတို႔ေတြ အေၾကာက္တရားကို ခံစားခဲ့ရျပီး ‘ထပ္မျဖစ္ပါနဲ႔ေတာ့လို႔ ဆုေတာင္းခဲ့ရတယ္’။ ကံေကာင္းျပီး အဆံုးမွာေတာ့ က်ေန္ာတို႔ေတြ ဆုဖလားကို ကိုင္ေျမာက္ ေအာင္ပြဲခံႏုိင္ခဲ့ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဥေရာပရဲ႕ ခ်န္ပီယံလိဂ္ဖလား အေအာင္ျမင္ဆံုးေတြထဲက ၂ သင္းဟာ ေရစက္ေတြရွိခဲ့သလို က်ဆံုးခ်ိန္မွာလည္း အတူတူျဖစ္ခဲ့တယ္။ လီဗာပူးအသင္းက ခ်န္ပီယံလိဂ္အဆင့္ကို ျပန္လာႏုိင္ေပမယ့္ ေအစီမီလန္ကေတာ့ အခုထိ ခ်န္ပီယံလိဂ္ကို ျပန္ေရာက္လာႏုိင္ဖို႔ ခက္ခဲစြာ ရုန္းကန္ေနရတာျဖစ္ပါတယ္။