ဂျာမနီအားကစား သတင်းဌာန SportsBILD ရဲ့ သတင်းထောက် Christian Falk ကတော့ လီဗာပူးအသင်းဟာ မိုချန်ဂလာဘတ်အသင်း ကွင်းလယ်လူ ဇာကာရီယာကို ကာလရှည် စောင့်ကြည့်နေပါတယ်လို့ ဖော်ပြသွားပါတယ်။

၂၀၁၇ ခုနှစ်မှာ ယန်းဘွိုင်းအသင်းကနေ ဘွန်ဒက်လီဂါကို ပြောင်းလာခဲ့တဲ့ ဆွစ်ဇလန်ကွင်းလယ်လူဟာ ဂျာမနီကလပ်နဲ့ ၂၀၂၂ ခုနှစ်ထိ စာချုပ်ရှိနေသူဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ခေါ်ယူခွင့်နဲ့ ပက်သက်ပြီး ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ဘက်ကတော့ ရှာခါကို အလိုက်ပေး ကမ်းလှမ်းမယ့် ကမ်းလှမ်းမှုကိုတောင် လုပ်ဆောင်ဖူးပါတယ်။

Falk က ” လီဗာပူးက ဇာကာရီယာကို ဆွစ်ဇလန်ကလပ် ယန်းဘွိုင်းမှာတည်းက စောင့်ကြည့်ခဲ့တာပါ။ အပြောင်းအရွှေ့နဲ့ ပက်သက်လို့ စကားပြောမှုတွေ မလုပ်ပေမယ့် သူ့ရဲ့ အေးဂျင့်နဲ့ ဆက်သွယ်မှု ရှိထားသလို ကွင်းလယ်လူရဲ့ တိုးတက်မှုကို ကင်းထောက်မှုတွေ ရှိထားပါတယ်။

ဇာကာရီယာက လီဗာပူးနဲ့ ကိုက်ညီမှုတော့ ရှိနိုင်ပါတယ်။ သူက ပေါက်ကွဲအားကောင်းပြီး တိုက်စစ်လိုက်နိုင်တယ်။ သူက နံပါတ် ၆ နေရာမှာလည်း ကစားနိုင်သလို ပွဲအရှိန်ကို တင်နိုင်စွမ်းရှိတယ်။ ဟန်ဒါဆန်နေရာ အစားထိုးဖို့ သူ့ကို ချိန်ရွယ်တာလည်း ဖြစ်နိုင်ပါတယ်။ ဂရုဂျစ်က ဘွန်ဒက်လီဂါမှာ တောက်ပနေပေမယ့် ဇာကာရီယာလို ထိပ်တန်းအဆင့်ကိုတော့ မရောက်သေးပါဘူး ” လို့ ဆိုခဲ့ပါတယ်။

မာဆေးဆိုဒ်သတင်းဌာနတွေနဲ့ သတင်းထောက် James Pearce က ယာဂင်ကလော့ပ်ဟာ လက်ရှိ ကွင်းလယ်ကို ကျေနပ်မှုရှိတယ်လို့ သတင်းထုတ်ပြန်ထားတယ်။ ဒါပေမယ့် သူကပဲ လီဗာပူးက ကွင်းလယ်နေရာအတွက် ခေါ်ယူမယ်ဆိုရင် ပေါက်ကွဲအားကောင်းတဲ့ ကစားနိုင်စွမ်းကို ပိုင်ဆိုင်သူမျိုး ဖြစ်လိမ့်မယ်လို့ ဆိုထားပါသေးတယ်။

ZAWGYI

ဂ်ာမနီအားကစား သတင္းဌာန SportsBILD ရဲ႕ သတင္းေထာက္ Christian Falk ကေတာ့ လီဗာပူးအသင္းဟာ မိုခ်န္ဂလာဘတ္အသင္း ကြင္းလယ္လူ ဇာကာရီယာကို ကာလရွည္ ေစာင့္ၾကည့္ေနပါတယ္လို႔ ေဖာ္ျပသြားပါတယ္။

၂၀၁၇ ခုႏွစ္မွာ ယန္းဘိြဳင္းအသင္းကေန ဘြန္ဒက္လီဂါကို ေျပာင္းလာခဲ့တဲ့ ဆြစ္ဇလန္ကြင္းလယ္လူဟာ ဂ်ာမနီကလပ္နဲ႔ ၂၀၂၂ ခုႏွစ္ထိ စာခ်ဳပ္ရွိေနသူျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ကစားသမားကို ေခၚယူခြင့္နဲ႔ ပက္သက္ျပီး ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္ဘက္ကေတာ့ ရွာခါကို အလိုက္ေပး ကမ္းလွမ္းမယ့္ ကမ္းလွမ္းမႈကိုေတာင္ လုပ္ေဆာင္ဖူးပါတယ္။

Falk က ” လီဗာပူးက ဇာကာရီယာကို ဆြစ္ဇလန္ကလပ္ ယန္းဘိြဳင္းမွာတည္းက ေစာင့္ၾကည့္ခဲ့တာပါ။ အေျပာင္းအေရႊ႔နဲ႔ ပက္သက္လို႔ စကားေျပာမႈေတြ မလုပ္ေပမယ့္ သူ႔ရဲ႕ ေအးဂ်င့္နဲ႔ ဆက္သြယ္မႈ ရွိထားသလို ကြင္းလယ္လူရဲ႕ တိုးတက္မႈကို ကင္းေထာက္မႈေတြ ရွိထားပါတယ္။

ဇာကာရီယာက လီဗာပူးနဲ႔ ကိုက္ညီမႈေတာ့ ရွိႏုိင္ပါတယ္။ သူက ေပါက္ကြဲအားေကာင္းျပီး တိုက္စစ္လိုက္ႏုိင္တယ္။ သူက နံပါတ္ ၆ ေနရာမွာလည္း ကစားႏုိင္သလို ပြဲအရွိန္ကို တင္ႏုိင္စြမ္းရွိတယ္။ ဟန္ဒါဆန္ေနရာ အစားထိုးဖို႔ သူ႔ကို ခ်ိန္ရြယ္တာလည္း ျဖစ္ႏုိင္ပါတယ္။ ဂရုဂ်စ္က ဘြန္ဒက္လီဂါမွာ ေတာက္ပေနေပမယ့္ ဇာကာရီယာလို ထိပ္တန္းအဆင့္ကိုေတာ့ မေရာက္ေသးပါဘူး ” လို႔ ဆိုခဲ့ပါတယ္။

မာေဆးဆိုဒ္သတင္းဌာနေတြနဲ႔ သတင္းေထာက္ James Pearce က ယာဂင္ကေလာ့ပ္ဟာ လက္ရွိ ကြင္းလယ္ကို ေက်နပ္မႈရွိတယ္လုိ႔ သတင္းထုတ္ျပန္ထားတယ္။ ဒါေပမယ့္ သူကပဲ လီဗာပူးက ကြင္းလယ္ေနရာအတြက္ ေခၚယူမယ္ဆိုရင္ ေပါက္ကြဲအားေကာင္းတဲ့ ကစားႏိုင္စြမ္းကို ပိုင္ဆိုင္သူမ်ိဳး ျဖစ္လိမ့္မယ္လို႔ ဆိုထားပါေသးတယ္။