အေစီမီလန် ကွင်းလယ်လူဟောင်း ကာကာက စီးရီးအေကလပ်ရဲ့ ဝဘ်ဆိုဒ်ကနေပဲ ၂၀၀၇ ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးဘက်က ခြေပဂိုး သွင်းယူခဲ့စဉ် နောက်တစ်ကြိမ် ထပ်ဖြစ်တော့မလားဆိုပြီး အကြောက်တရား ပေါ်ပေါက်ခဲ့တယ်လို့ ထုတ်ပြောခဲ့ပါတယ်။
ကပ်ဘေးကာလအတွင်း နေအိမ်မှာ ရှိနေတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုကောင်းတွေ တင်ဆက်နေတဲ့ လီဗာပူးအသင်းဟာ ဒီကနေ့မှာတော့ ‘This is Anfield: The Documentary’ကို ထုတ်လွှင့်သွားပါတယ်။
တိုက်စစ်မှူးဟောင်း ဂျွန်အက်ဒရစ်က ” ဒီရာသီမှာ လီဗာပူးက အရမ်းကို စွမ်းဆောင်ရည် တည်ငြိမ်ပြီး ထူးချွန်ပါတယ်။ လိဂ်ပွဲပြီးဖို့ ၉ ပွဲအလိုမှာ အမှတ်ပေးဇယားကို ၂၅ မှတ်ဖြတ်ထားပြီး ချန်ပီယံဖလားကို တစ်ဝက်ကိုင်ထားပါတယ်။ ကျနော်ရဲ့ မျက်လုံးထဲမှာတော့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ရသင့်တဲ့ တစ်ဦးတည်းသော ကစားသမားက လီဗာပူးအသင်းခေါင်းဆောင်ပါ။ ” လို့ သူ့အမြင်ကို ပြောပါတယ်။
လီဗာပူးဂိုးသမား ကားရီးယက်စ်ကို ခေါ်ယူဖို့အတွက် ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်က စိတ်ဝင်စားနေကြောင်း သတင်းထောက် Neil Jones က ဖော်ပြမှု လုပ်လာပါတယ်။
ဒီနွေမှာ ဘုန်းမောက်တိုက်စစ်မှူး ကင်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကြီး ၆ ကြီးအသင်းက လေးသင်းထိ ရှိတယ်လို့ စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။
လီဗာပူးနဲ့ ပက်သက်တဲ့ အပြောင်းအရွှေ့ သတင်းတွေကို ကိုင်းဟာဗက်က ” ကျနော် ဘာကိုမှ မပြောချင်သေးပါဘူးဗျာ။ ဟုတ်ပါတယ် ကျနေ်ာကို စိတ်ဝင်စားနေတာတွေတော့ အများကြီးရှိပါတယ်။ ကျနော် လက်ရှိ ဘောလုံးရာသီကိုပဲ စိတ်ဝင်စားပါတယ်။ ရှေ့ဆက်ပြီး ဘာဖြစ်လာမယ်ဆိုတာကိုတော့ ကြည့်ရမှာပေါ့။ ” လို့ တုန်ပြန်လိုက်ပါတယ်။
ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းနဲ့ မာရီယို ဂေါ်ဇီတို့ဟာ ဒီနွေမှာတော့ ဒုတိယအကြိမ်မြောက် လမ်းခွဲကို ပြုလုပ်ကြမှာဖြစ်ပြီး ဒီသတင်းကို ဒေါ့မွန်ဘက်က အတည်ပြူပေးခဲ့ပြီ ဖြစ်ပါတယ်။ ဂေါ့ဇီကို ခေါ်ယူဖို့ လီဗာပူးက အလေးအနက် စိတ်ဝင်စားထားဖူးပါတယ်။
ဂျာမနီအားကစား သတင်းဌာန SportsBILD ရဲ့ သတင်းထောက် Christian Falk ကတော့ လီဗာပူးအသင်းဟာ မိုချန်ဂလာဘတ်အသင်း ကွင်းလယ်လူ ဇာကာရီယာကို ကာလရှည် စောင့်ကြည့်နေပါတယ်လို့ ဖော်ပြသွားပါတယ်။
ZAWGYI