အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးက ဒီရာသီ ဝတ်ဖိုဒ့်ကွင်းမှာ လီဗာပူးအသင်း ၃-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကို မြင်ရချိန်မှာ ပျော်ရွှင်မိတယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။
ဒီရာသီ ပရီးမီးယားလိဂ်ကို အကောင်းဆုံး စိန်ခေါ်လာတဲ့ လီဗာပူးဟာ တစ်ရာသီလုံး ရံှူးပွဲမရှိပဲ ချန်ပီယံဖြစ်ခဲ့တဲ့ အာဆင်နယ်အသင်းလို ကိစ္စကို နောက်တစ်ကြိမ် ထပ်လုပ်ပြနိုင်မယ့် အနေအထားထိ ရောက်ခဲ့တာပါ။ ဒါပေမယ့် ဝတ်ဖိုဒ့်ကို အရေးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်ရဲ့ တစ်ရာသီလုံး ရံှူးပွဲမရှိ စံချိန်က ဆက်ရှိနေတော့မှာဖြစ်တယ်။
အာဆင်ဝင်းဂါးက ‘ ဟုတ်ပါတယ် လီဗာပူးအသင်း အရေးနိမ့်တာ မြင်ရတော့ ကျေနပ်အားရမှု ဖြစ်ခဲ့ရတယ်။ ကျနေ်ာတို့ အာဆင်နယ်က ဒီ မယုံနိုင်စရာ ကိစ္စကြီးကို လုပ်နိုင်တဲ့ တစ်သင်းတည်းသော အသင်းအဖြစ် အမြဲတမ်း ဆက်ရှိနေနိုင်တော့မယ်လေ။
လီဗာပူးက အရမ်းကောင်းတဲ့ နည်းလမ်းတွေနဲ့ လုပ်ထားနိုင်ပေမယ့် တူညီတဲ့ ကိစ္စကို ထပ်လုပ်ပြနိုင်ဖို့ဆိုတာက အရမ်းကို ခက်ခဲတယ်ဆိုတာကို ပြသနိုင်ခဲ့တာလေ။ ဘာပဲဖြစ်ဖြစ် အဲ့နေ့က အာဆင်နယ် ပရိသတ်တွေ အရမ်းကို ပျော်ရွှင်ကြကြောင်း အကြောင်းကြားစာတွေ ကျနော်ကို ပို့ခဲ့ကြပါတယ် ‘ လို့ ဝန်ခံခဲ့တာဖြစ်ပါတယ်။
၂၀၀၃-၂၀၀၄ ခုနှစ် ဘောလုံးရာသီမှာ အာဆင်နယ်အသင်းဟာ တစ်ရာသီလုံးအတွက် ၂၆ ပွဲနိုင် ၁၂ ပွဲ သရေကျခဲ့ကာ ရမှတ် ၉၀ နဲ့ ချန်ပီယံဖြစ်ခဲ့တာဖြစ်တယ်။ ဒီရာသီ လီဗာပူးအသင်းကတော့ ၂၉ ပွဲ ကစားပြီးချိန်မှာ ၂၇ ပွဲနိုင် ၁ ပွဲသရေ၊ ၁ ပွဲရံှူးရလဒ် ထွက်ပေါ်ထားကာ ရမှတ် ၈၂ မှတ်ထိ ရယူထားနိုင်ပြီဖြစ်ပါတယ်။
ZAWGYI
အာဆင္နယ္မန္ေနဂ်ာ အာဆင္ဝင္းဂါးက ဒီရာသီ ဝတ္ဖိုဒ့္ကြင္းမွာ လီဗာပူးအသင္း ၃-၀ နဲ႔ ဂိုးျပတ္ အေရးနိမ့္ခဲ့တာကို ျမင္ရခ်ိန္မွာ ေပ်ာ္ရႊင္မိတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။
ဒီရာသီ ပရီးမီးယားလိဂ္ကို အေကာင္းဆံုး စိန္ေခၚလာတဲ့ လီဗာပူးဟာ တစ္ရာသီလံုး ရံွဴးပြဲမရွိပဲ ခ်န္ပီယံျဖစ္ခဲ့တဲ့ အာဆင္နယ္အသင္းလို ကိစၥကို ေနာက္တစ္ၾကိမ္ ထပ္လုပ္ျပႏုိင္မယ့္ အေနအထားထိ ေရာက္ခဲ့တာပါ။ ဒါေပမယ့္ ဝတ္ဖိုဒ့္ကို အေရးနိမ့္ခဲ့တာေၾကာင့္ ပရီးမီးယားလိဂ္ရဲ႕ တစ္ရာသီလံုး ရံွဴးပြဲမရွိ စံခ်ိန္က ဆက္ရွိေနေတာ့မွာျဖစ္တယ္။
အာဆင္ဝင္းဂါးက ‘ ဟုတ္ပါတယ္ လီဗာပူးအသင္း အေရးနိမ့္တာ ျမင္ရေတာ့ ေက်နပ္အားရမႈ ျဖစ္ခဲ့ရတယ္။ က်ေန္ာတို႔ အာဆင္နယ္က ဒီ မယံုႏုိင္စရာ ကိစၥၾကီးကို လုပ္ႏုိင္တဲ့ တစ္သင္းတည္းေသာ အသင္းအျဖစ္ အျမဲတမ္း ဆက္ရွိေနႏုိင္ေတာ့မယ္ေလ။
လီဗာပူးက အရမ္းေကာင္းတဲ့ နည္းလမ္းေတြနဲ႔ လုပ္ထားႏုိင္ေပမယ့္ တူညီတဲ့ ကိစၥကို ထပ္လုပ္ျပႏုိင္ဖို႔ဆိုတာက အရမ္းကို ခက္ခဲတယ္ဆိုတာကို ျပသႏုိင္ခဲ့တာေလ။ ဘာပဲျဖစ္ျဖစ္ အဲ့ေန႔က အာဆင္နယ္ ပရိသတ္ေတြ အရမ္းကို ေပ်ာ္ရႊင္ၾကေၾကာင္း အေၾကာင္းၾကားစာေတြ က်ေနာ္ကို ပို႔ခဲ့ၾကပါတယ္ ‘ လို႔ ဝန္ခံခဲ့တာျဖစ္ပါတယ္။
၂၀၀၃-၂၀၀၄ ခုႏွစ္ ေဘာလံုးရာသီမွာ အာဆင္နယ္အသင္းဟာ တစ္ရာသီလံုးအတြက္ ၂၆ ပြဲႏုိင္ ၁၂ ပြဲ သေရက်ခဲ့ကာ ရမွတ္ ၉၀ နဲ႔ ခ်န္ပီယံျဖစ္ခဲ့တာျဖစ္တယ္။ ဒီရာသီ လီဗာပူးအသင္းကေတာ့ ၂၉ ပြဲ ကစားျပီးခ်ိန္မွာ ၂၇ ပြဲႏုိင္ ၁ ပြဲသေရ၊ ၁ ပြဲရံွဴးရလဒ္ ထြက္ေပၚထားကာ ရမွတ္ ၈၂ မွတ္ထိ ရယူထားႏုိင္ျပီျဖစ္ပါတယ္။