လီဗာပူးအသင်းအပြင် ပရီးမီးယားလိဂ်ကလပ်တွေဟာ ကစားသမားတွေ ထိပ်တိုက်တွေ့မှုကို လျော့ချနိုင်ဖို့ နည်းစနစ်ပိုင်းကို ပြောင်းလဲ ကျင်းသုံးခြင်းအား လေ့ကျင့်ရေးတွေကနေ စတင်ကာ ပြုပြင်ရဖွယ်ရှိနေကြောင်း The Times က ဖော်ပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်ဟာ စောင့်ဆိုင်းနေတဲ့ ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးကို ပြန်ဝင်ခွင့်ရပြီဖြစ်ပြီး အပြည့်အဝ လေ့ကျင့်ရေး ဆင်းနိုင်ပြီဖြစ်ကြောင်း ဗြိတိန်အစိုးရက ဒီကနေ့မှာပဲ အတည်ပြုပေးလိုက်ပါတယ်။ ဘောလုံးပွဲ ပြန်စရေးဆိုင်ရာ ဒုတိယခြေလှမ်းဖြစ်တဲ့ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စတွေမှာ ထိတွေ့မှုရှိပြီး၊ ပြိုင်ဆိုင်လေ့ကျင့်ဖို့ကို တရားဝင် ခွင့်ပြုပေးလိုက်တာဖြစ်တယ်။
ပရီးမီးယားလိဂ် ပြန်ကစားရေးအတွက် အစီအစဉ် သုံးရပ် ချမှတ်ထားရာမှာ ပထမခြေလှမ်းက အသင်းသား ၅ ဦးပါတဲ့ ကစားသမားအဖွဲ့တွေကို အကွာအဝေး ကန့်သက်ချက်တွေဖြင့် လေ့ကျင့်ရေးဆင်းစေခြင်း၊ ဒုတိယခြေလှမ်းအဖြစ် အသင်းသား ၁၂ ဦး လောက်ထိကို ဖြတ်ထုတ်မှုလို ထိတွေ့မှုတွေပါတဲ့ လေ့ကျင့်ရေး လုပ်ခွင့်ပေးခြင်းနဲ့ တတိယအဆင့်အားဖြင့် ပရီးမီးယားလိဂ် ပြန်လည်စတင်ခြင်းတို့ ဖြစ်ပါတယ်။
ဒီလိုတွေ လုပ်ခွင့်ပေးပေမယ့်လည်း မန်နေဂျာတွေနဲ့ ကစားသမားတွေက ထိတွေ့မှုရှိတဲ့ အနေအထားတွေကို တတ်နိုင်သလောက် လျော့ချနိုင်ဖို့ ဖိအားပေးမှု ပြင်းပြင်းထန်ထန် လုပ်ခြင်းတွေလို လေ့ကျင့်မှုတွေကို လျော့ချသွားကြဖို့ ရှိနေပါတယ်။ ဒါက အစိုးရက တားမြစ်ခြင်းထက် မန်နေဂျာတွေနဲ့ ကစားသမားတွေ ကိုယ်တိုင်က ဖြစ်လာမယ့် အနေအထားအတွက် ကိုယ်အသိစိတ်နဲ့ကိုယ် ပြင်ဆင်ခြင်းလည်း ဖြစ်တယ်။
ပရီးမီးယားလိဂ် မတိုင်ခင် ပြန်စတင်ထားတဲ့ ဘွန်ဒက်လီဂါမှာလည်း ဘောလုံးအသင်းတွေဟာ တစ်ဦးချင်း ထိပ်တိုက်တွေ့မှုနဲ့ ဖိအားပေးမှုနှုန်း လျော့ကျသွားခဲ့ကာ ပိုင်ဆိုင်မှုကို အသားပေးပြီး တစ်ဘက်နဲ့ တစ်ဘက် ထိတွေ့မှုနည်းတဲ့ ပုံစံတွေကို ပြောင်းလဲ ကစားလာကြတယ်လို့ တွေ့ရှိထားရတယ်။
ကိုရိုနာကပ်ဘေးအတွင်း နည်းစနစ် အပြောင်းအလဲတွေမှာတော့ လက်ပစ်ဘော၊ ထောင့်ကန်ဘောနဲ့ ပြစ်ဒဏ်ဘောတွေကို တုန့်ပြန်မှုတွေမှာ မြန်ဆန်မှုတွေ နည်းပါးသွားပြီး သတိထား ကိုင်တွယ်ကြတဲ့ အနေအထားဖြစ်တယ်လို့ သိရပါတယ်။
ZAWGYI
လီဗာပူးအသင္းအျပင္ ပရီးမီးယားလိဂ္ကလပ္ေတြဟာ ကစားသမားေတြ ထိပ္တိုက္ေတြ႔မႈကို ေလ်ာ့ခ်ႏုိင္ဖို႔ နည္းစနစ္ပိုင္းကို ေျပာင္းလဲ က်င္းသံုးျခင္းအား ေလ့က်င့္ေရးေတြကေန စတင္ကာ ျပဳျပင္ရဖြယ္ရွိေနေၾကာင္း The Times က ေဖာ္ျပခဲ့ပါတယ္။
ပရီးမီးယားလိဂ္ဟာ ေစာင့္ဆုိင္းေနတဲ့ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္ေရးကို ျပန္ဝင္ခြင့္ရျပီျဖစ္ျပီး အျပည့္အဝ ေလ့က်င့္ေရး ဆင္းႏုိင္ျပီျဖစ္ေၾကာင္း ျဗိတိန္အစိုးရက ဒီကေန႔မွာပဲ အတည္ျပဳေပးလိုက္ပါတယ္။ ေဘာလံုးပြဲ ျပန္စေရးဆိုင္ရာ ဒုတိယေျခလွမ္းျဖစ္တဲ့ ေလ့က်င့္ေရးဆုိင္ရာ ကိစၥေတြမွာ ထိေတြ႔မႈရွိျပီး၊ ျပိဳင္ဆိုင္ေလ့က်င့္ဖို႔ကို တရားဝင္ ခြင့္ျပဳေပးလိုက္တာျဖစ္တယ္။
ပရီးမီးယားလိဂ္ ျပန္ကစားေရးအတြက္ အစီအစဥ္ သံုးရပ္ ခ်မွတ္ထားရာမွာ ပထမေျခလွမ္းက အသင္းသား ၅ ဦးပါတဲ့ ကစားသမားအဖြဲ႔ေတြကို အကြာအေဝး ကန္႔သက္ခ်က္ေတြျဖင့္ ေလ့က်င့္ေရးဆင္းေစျခင္း၊ ဒုတိယေျခလွမ္းအျဖစ္ အသင္းသား ၁၂ ဦး ေလာက္ထိကို ျဖတ္ထုတ္မႈလို ထိေတြ႔မႈေတြပါတဲ့ ေလ့က်င့္ေရး လုပ္ခြင့္ေပးျခင္းနဲ႔ တတိယအဆင့္အားျဖင့္ ပရီးမီးယားလိဂ္ ျပန္လည္စတင္ျခင္းတို႔ ျဖစ္ပါတယ္။
ဒီလိုေတြ လုပ္ခြင့္ေပးေပမယ့္လည္း မန္ေနဂ်ာေတြနဲ႔ ကစားသမားေတြက ထိေတြ႔မႈရွိတဲ့ အေနအထားေတြကို တတ္ႏုိင္သေလာက္ ေလ်ာ့ခ်ႏုိင္ဖို႔ ဖိအားေပးမႈ ျပင္းျပင္းထန္ထန္ လုပ္ျခင္းေတြလို ေလ့က်င့္မႈေတြကို ေလ်ာ့ခ်သြားၾကဖို႔ ရွိေနပါတယ္။ ဒါက အစိုးရက တားျမစ္ျခင္းထက္ မန္ေနဂ်ာေတြနဲ႔ ကစားသမားေတြ ကိုယ္တိုင္က ျဖစ္လာမယ့္ အေနအထားအတြက္ ကိုယ္အသိစိတ္နဲ႔ကိုယ္ ျပင္ဆင္ျခင္းလည္း ျဖစ္တယ္။
ပရီးမီးယားလိဂ္ မတိုင္ခင္ ျပန္စတင္ထားတဲ့ ဘြန္ဒက္လီဂါမွာလည္း ေဘာလံုးအသင္းေတြဟာ တစ္ဦးခ်င္း ထိပ္တိုက္ေတြ႔မႈနဲ႔ ဖိအားေပးမႈႏႈန္း ေလ်ာ့က်သြားခဲ့ကာ ပိုင္ဆိုင္မႈကို အသားေပးျပီး တစ္ဘက္နဲ႔ တစ္ဘက္ ထိေတြ႔မႈနည္းတဲ့ ပံုစံေတြကို ေျပာင္းလဲ ကစားလာၾကတယ္လို႔ ေတြ႔ရွိထားရတယ္။
ကိုရိုနာကပ္ေဘးအတြင္း နည္းစနစ္ အေျပာင္းအလဲေတြမွာေတာ့ လက္ပစ္ေဘာ၊ ေထာင့္ကန္ေဘာနဲ႔ ျပစ္ဒဏ္ေဘာေတြကို တုန္႔ျပန္မႈေတြမွာ ျမန္ဆန္မႈေတြ နည္းပါးသြားျပီး သတိထား ကိုင္တြယ္ၾကတဲ့ အေနအထားျဖစ္တယ္လို႔ သိရပါတယ္။