လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က ၂၀၀၉ ခုနှစ်က ယူနိုက်တက်ကို ၎င်းတို့အိမ်ကွင်း အိုထရတ်ဖိုဒ့်မှာ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း နောက်ဆုံးသွင်းဂိုး သွင်းယူခဲ့တဲ့ ဒေါ့ဆန်နာနဲ့ ပက်သက်ပြီး မှတ်ချက်စကား ပေးလိုက်ပါတယ်။

Soccerbox လို့ခေါ်တဲ့ အစီအစဉ်အတွက် လီဗာပူးအသင်းခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်နဲ့ ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးတို့ဟာ ထိပ်တိုက် ယှဉ်ပြိုင်ခဲ့တဲ့ ပွဲတွေကို အတူပြန်ကြည့်ရင်း သွင်းဂိုးနဲ့ ပက်သက်တဲ့ အမှတ်တရတွေကို ပြန်ပြောခဲ့ကြတာပါ။

အိုထရတ်ဖိုဒ့်မှာ ဒေါ့ဆန်နာ သွင်းယူတဲ့ ၄ ဂိုးမြောက်ဟာ ဂိုးသမား ရေနာ ကန်တင်ပေးလိုက်တဲ့ ဘောလုံး မြေပေါ်ထောက်ပြီး ပြန်ကျလာရာမှာ ဘယ်တောင်ပံကို တိုက်စစ်လိုက်ပါသွားတဲ့ ဒေါ့ဆန်နာက ပြိုင်ဘက် ဂိုးသမား ဗန်ဒါဆားကို ကျော်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။

စတီဗင်ဂျရတ်က ” အဲ့ဂိုးက ကျနေ်ာတို့လို လီဗာပူးအသင်းဖော်တွေ ကိုယ်တောင် အံသြစေခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ ပုံမှန်အားဖြင့် ဒေါ့ဆန်တာက ဘယ်အစွန် ခံစစ်နေရာ ကစားတတ်သူပါ။

အဲ့ပွဲက တကယ်ကို အခိုက်အတန့်ကောင်းပါပဲ။ အဲ့အချိန်မှာ ယူနိုက်တက် နောက်ကလိုက်ဖို့ ကြိုးစားနေတာပါ။ သူတို့ လုံးဝ ခေါင်းငိုက်စိုက်သွားခဲ့တယ်၊ သူတို့ ပရိသတ်တွေကောပါပဲ။ ကိတ်မုန့်ခွဲစားရသလို သိပ်လွယ်သွားတဲ့ အခိုက်အတန့် ဖြစ်ခဲ့ပါတယ် ” လို့ ပြောပြခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲဟာ အခုချိန်ထိ ပြောစမှတ်ပြုရတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်နေဆဲပါ။ လီဗာပူးနဲ့ ယူနိုက်တက်တို့ရဲ့ အကောင်းဆုံး နှစ်သင်း တွေ့ဆုံကြတဲ့ပွဲဖြစ်ပြီး လီဗာပူးအသင်းဟာ ဆာအဲလက်စ်ရဲ့ အသင်းကို ၎င်းတို့ အိမ်ကွင်းမှာကိုပဲ ကောင်းကောင်းကြီး အနိုင်ယူပြခဲ့တဲ့ ပွဲကောင်းတစ်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က ၂၀၀၉ ခုႏွစ္က ယူနိုက္တက္ကို ၄င္းတို႔အိမ္ကြင္း အိုထရတ္ဖိုဒ့္မွာ ၄-၁ နဲ႔ အႏုိင္ရခဲ့တဲ့ပြဲအတြင္း ေနာက္ဆံုးသြင္းဂိုး သြင္းယူခဲ့တဲ့ ေဒါ့ဆန္နာနဲ႔ ပက္သက္ျပီး မွတ္ခ်က္စကား ေပးလိုက္ပါတယ္။

Soccerbox လို႔ေခၚတဲ့ အစီအစဥ္အတြက္ လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္း စတီဗင္ဂ်ရတ္နဲ႔ ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ဂယ္ရီနဗီးတို႔ဟာ ထိပ္တိုက္ ယွဥ္ျပိဳင္ခဲ့တဲ့ ပြဲေတြကို အတူျပန္ၾကည့္ရင္း သြင္းဂိုးနဲ႔ ပက္သက္တဲ့ အမွတ္တရေတြကို ျပန္ေျပာခဲ့ၾကတာပါ။

အိုထရတ္ဖိုဒ့္မွာ ေဒါ့ဆန္နာ သြင္းယူတဲ့ ၄ ဂိုးေျမာက္ဟာ ဂိုးသမား ေရနာ ကန္တင္ေပးလိုက္တဲ့ ေဘာလံုး ေျမေပၚေထာက္ျပီး ျပန္က်လာရာမွာ ဘယ္ေတာင္ပံကို တုိက္စစ္လိုက္ပါသြားတဲ့ ေဒါ့ဆန္နာက ျပိဳင္ဘက္ ဂိုးသမား ဗန္ဒါဆားကို ေက်ာ္ျပီး သြင္းယူခဲ့တာျဖစ္ပါတယ္။

စတီဗင္ဂ်ရတ္က ” အဲ့ဂိုးက က်ေန္ာတို႔လို လီဗာပူးအသင္းေဖာ္ေတြ ကိုယ္ေတာင္ အံၾသေစခဲ့ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ပံုမွန္အားျဖင့္ ေဒါ့ဆန္တာက ဘယ္အစြန္ ခံစစ္ေနရာ ကစားတတ္သူပါ။

အဲ့ပြဲက တကယ္ကို အခိုက္အတန္႔ေကာင္းပါပဲ။ အဲ့အခ်ိန္မွာ ယူႏုိက္တက္ ေနာက္ကလိုက္ဖို႔ ၾကိဳးစားေနတာပါ။ သူတို႔ လံုးဝ ေခါင္းငိုက္စိုက္သြားခဲ့တယ္၊ သူတို႔ ပရိသတ္ေတြေကာပါပဲ။ ကိတ္မုန္႔ခြဲစားရသလို သိပ္လြယ္သြားတဲ့ အခိုက္အတန္႔ ျဖစ္ခဲ့ပါတယ္ ” လို႔ ေျပာျပခဲ့တာျဖစ္ပါတယ္။

အဆိုပါပြဲဟာ အခုခ်ိန္ထိ ေျပာစမွတ္ျပဳရတဲ့ ပြဲေကာင္းတစ္ပြဲ ျဖစ္ေနဆဲပါ။ လီဗာပူးနဲ႔ ယူႏုိက္တက္တို႔ရဲ႕ အေကာင္းဆံုး ႏွစ္သင္း ေတြ႔ဆံုၾကတဲ့ပြဲျဖစ္ျပီး လီဗာပူးအသင္းဟာ ဆာအဲလက္စ္ရဲ႕ အသင္းကို ၄င္းတို႔ အိမ္ကြင္းမွာကိုပဲ ေကာင္းေကာင္းၾကီး အႏုိင္ယူျပခဲ့တဲ့ ပြဲေကာင္းတစ္ပြဲလည္း ျဖစ္ခဲ့ပါတယ္။