ဒီကနေ့ဟာ miracle of Istanbul လို့ဆိုကြတဲ့ ၂၀၀၅ ခုနှစ် အင်စတမ်ဘူးလ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ လီဗာပူးအသင်း အံ့မခန်းချန်ပီယံဖြစ်ခဲ့ခြင်း ၁၅ နှစ်ပြည့် နေ့ပဲဖြစ်ပါတယ်။

လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က ၂၀၀၉ ခုနှစ်က ယူနိုက်တက်ကို ၎င်းတို့အိမ်ကွင်း အိုထရတ်ဖိုဒ့်မှာ ၄-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲအတွင်း နောက်ဆုံးသွင်းဂိုး သွင်းယူခဲ့တဲ့ ဒေါ့ဆန်နားရဲ့ သွင်းဂိုးက လီဗာပူးအသင်းဖော်တွေကိုတောင် အံ့အားသင့်စေခဲ့ပါတယ်လိုပ မှတ်ချက်စကား ပေးလိုက်ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူဟောင်း အိုဝင် ဟားဂရိတ်က လိုက်ဇစ် တိုက်စစ်မှူး တီမို ဝါနာဟာ လီဗာပူးကို ပြောင်းရင်လည်း ဖာမင်နိုကို ကျော်ပြီး ပွဲထွက်ခွင့်ရမှာ မဟုတ်လို့ ယူနိုက်တက်နဲ့ ချယ်ဆီး တစ်သင်းသင်းကိုပဲ ပြောင်းဖို့ တိုက်တွန်းလိုက်ပါတယ်။

လီဗာပူးအသင်းအပြင် ပရီးမီးယားလိဂ်ကလပ်တွေဟာ ကစားသမားတွေ ထိပ်တိုက်တွေ့မှုကို လျော့ချနိုင်ဖို့ နည်းစနစ်ပိုင်းကို ပြောင်းလဲ ကျင်းသုံးခြင်းအား လေ့ကျင့်ရေးတွေကနေ စတင်ကာ ပြုပြင်ရဖွယ်ရှိနေကြောင်း The Times က ဖော်ပြခဲ့ပါတယ်။

မန်နေဂျာဟောင်း ဘင်နီတက်စ်ဟာ ၂၀၀၈ ခုနှစ်မှာတော့ Broadgreen International ကျောင်းမှာ တောက်ပနေတဲ့ လူငယ်ကြယ်ပွင့် ဘာကလေကို လက်မှတ်ထိုး ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း တယ်လီဂရပ်က ထုတ်ဖော်လိုက်ပါတယ်။

အာဆင်နယ်မန်နေဂျာ အာဆင်ဝင်းဂါးက ဒီရာသီ ဝတ်ဖိုဒ့်ကွင်းမှာ လီဗာပူးအသင်း ၃-၀ နဲ့ ဂိုးပြတ် အရေးနိမ့်ခဲ့တာကို မြင်ရချိန်မှာ သူ့ရဲ့ ရွှေ့ဖလားစံချိန်ကို မကျော်ဖြတ်နိုင်ဘူးဆိုတာ သိရတဲ့အတွက် ပျော်ရွှင်မိတယ်လို့ ထုတ်ဖော် ပြောဆိုသွားပါတယ်။

လီဗာပူးရဲ့ နတ်ဘုရားကြီးရယ်လို့ ပရိသတ်တွေကြား ထင်ရှားလှတဲ့ တိုက်စစ်သမား ဖောင်လာက သူ့ရဲ့ နောက်ဆုံးသော လီဗာပူးပွဲဖြစ်တဲ့ ၂၀၀၇ ချန်ပီယံလိဂ်ပွဲမှာ အရန်စာရင်းကတောင် မပါနိုင်ခဲ့ခြင်းအတွက် ကြေကွဲရတယ်လို့ ပြောပြခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်း လီဗာပူးကစားသမားဟောင်းတွေနဲ့ ဂျာမနီအသိုင်းအဝိုင်းက လေဗာကူဆင် ကွင်းလယ်တိုက်စစ်သမား ဟာဗက်ကို လီဗာပူး ခေါ်ယူသင့်ကြောင်း ထောက်ပြမှုတွေ ဆက်တိုက် လုပ်လာခဲ့တယ်။

တနင်္ဂနွေနေ့ပွဲမှာတော့ တိုက်စစ်သမား တီမိုဝါနာက မိန့်အသင်းကို အဝေးကွင်းမှာ hat-trick သွင်းယူပြီ လီဗာပူးပရိသတ်တွေကို အထင်ကြီးစေခဲ့ပါတယ်။ ဝါနာဟာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက် တစ်သင်းတည်းကို တစ်ရာသီအတွင်း hat-trick ၂ ကြိမ် ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

ZAWGYI

ဒီကေန႔ဟာ miracle of Istanbul လို႔ဆိုၾကတဲ့ ၂၀၀၅ ခုႏွစ္ အင္စတမ္ဘူးလ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ လီဗာပူးအသင္း အံ့မခန္းခ်န္ပီယံျဖစ္ခဲ့ျခင္း ၁၅ ႏွစ္ျပည့္ ေန႔ပဲျဖစ္ပါတယ္။

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က ၂၀၀၉ ခုႏွစ္က ယူနိုက္တက္ကို ၄င္းတို႔အိမ္ကြင္း အိုထရတ္ဖိုဒ့္မွာ ၄-၁ နဲ႔ အႏုိင္ရခဲ့တဲ့ပြဲအတြင္း ေနာက္ဆံုးသြင္းဂိုး သြင္းယူခဲ့တဲ့ ေဒါ့ဆန္နားရဲ႕ သြင္းဂိုးက လီဗာပူးအသင္းေဖာ္ေတြကိုေတာင္ အံ့အားသင့္ေစခဲ့ပါတယ္လိုပ မွတ္ခ်က္စကား ေပးလိုက္ပါတယ္။

ယူႏုိက္တက္ ကြင္းလယ္လူေဟာင္း အိုဝင္ ဟားဂရိတ္က လိုက္ဇစ္ တိုက္စစ္မွဴး တီမို ဝါနာဟာ လီဗာပူးကို ေျပာင္းရင္လည္း ဖာမင္ႏိုကို ေက်ာ္ျပီး ပြဲထြက္ခြင့္ရမွာ မဟုတ္လို႔ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီး တစ္သင္းသင္းကိုပဲ ေျပာင္းဖို႔ တိုက္တြန္းလိုက္ပါတယ္။

လီဗာပူးအသင္းအျပင္ ပရီးမီးယားလိဂ္ကလပ္ေတြဟာ ကစားသမားေတြ ထိပ္တိုက္ေတြ႔မႈကို ေလ်ာ့ခ်ႏုိင္ဖို႔ နည္းစနစ္ပိုင္းကို ေျပာင္းလဲ က်င္းသံုးျခင္းအား ေလ့က်င့္ေရးေတြကေန စတင္ကာ ျပဳျပင္ရဖြယ္ရွိေနေၾကာင္း The Times က ေဖာ္ျပခဲ့ပါတယ္။

မန္ေနဂ်ာေဟာင္း ဘင္နီတက္စ္ဟာ ၂၀၀၈ ခုႏွစ္မွာေတာ့ Broadgreen International ေက်ာင္းမွာ ေတာက္ပေနတဲ့ လူငယ္ၾကယ္ပြင့္ ဘာကေလကို လက္မွတ္ထိုး ေခၚယူႏုိင္ဖို႔ ၾကိဳးစားခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ေၾကာင္း တယ္လီဂရပ္က ထုတ္ေဖာ္လိုက္ပါတယ္။

အာဆင္နယ္မန္ေနဂ်ာ အာဆင္ဝင္းဂါးက ဒီရာသီ ဝတ္ဖိုဒ့္ကြင္းမွာ လီဗာပူးအသင္း ၃-၀ နဲ႔ ဂိုးျပတ္ အေရးနိမ့္ခဲ့တာကို ျမင္ရခ်ိန္မွာ သူ႔ရဲ႕ ေရႊ႔ဖလားစံခ်ိန္ကို မေက်ာ္ျဖတ္ႏုိင္ဘူးဆိုတာ သိရတဲ့အတြက္ ေပ်ာ္ရႊင္မိတယ္လို႔ ထုတ္ေဖာ္ ေျပာဆိုသြားပါတယ္။

လီဗာပူးရဲ႕ နတ္ဘုရားၾကီးရယ္လို႔ ပရိသတ္ေတြၾကား ထင္ရွားလွတဲ့ တိုက္စစ္သမား ေဖာင္လာက သူ႔ရဲ႕ ေနာက္ဆံုးေသာ လီဗာပူးပြဲျဖစ္တဲ့ ၂၀၀၇ ခ်န္ပီယံလိဂ္ပြဲမွာ အရန္စာရင္းကေတာင္ မပါႏုိင္ခဲ့ျခင္းအတြက္ ေၾကကြဲရတယ္လို႔ ေျပာျပခဲ့ပါတယ္။

ဒီရက္ပိုင္းအတြင္း လီဗာပူးကစားသမားေဟာင္းေတြနဲ႔ ဂ်ာမနီအသိုင္းအဝိုင္းက ေလဗာကူဆင္ ကြင္းလယ္တိုက္စစ္သမား ဟာဗက္ကို လီဗာပူး ေခၚယူသင့္ေၾကာင္း ေထာက္ျပမႈေတြ ဆက္တိုက္ လုပ္လာခဲ့တယ္။

တနဂၤေႏြေန႔ပြဲမွာေတာ့ တိုက္စစ္သမား တီမိုဝါနာက မိန္႔အသင္းကို အေဝးကြင္းမွာ hat-trick သြင္းယူျပီ လီဗာပူးပရိသတ္ေတြကို အထင္ၾကီးေစခဲ့ပါတယ္။ ဝါနာဟာ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ပထမဆံုးအၾကိမ္အျဖစ္ ျပိဳင္ဘက္ တစ္သင္းတည္းကို တစ္ရာသီအတြင္း hat-trick ၂ ၾကိမ္ ရယူႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။