ဗန်ဒိုက်က ပရီးမီးယားလိဂ်အဆင့်ကို ကျော်လွန်ပြီး ကမ္ဘာအကောင်းဆုံး ဗဟိုခံစစ်မှူးအဖြစ်ပါ လူလေးစားခံနေရပေမယ့် သူ့ရဲ့ အရည်အချင်းကို နိမ့်ချသူတွေကလည်း မနည်းလှပါဘူး။

ဂျာမနီနဲ့ ချယ်ဆီးကွင်းလယ်လူ ဘောလက်ကလည်း အဲ့လို လူတွေထဲက တစ်ဦးဖြစ်ပြီး ဘောလက်ကတော့ ဗန်ဒိုက်က ဒရော့ဘာနဲ့ တီဗက်စ်တို့လို ခံစစ်သမားမျိုးတွေနဲ့ ရင်ဆိုင်ရခြင်း မရှိမှတော့ ဗန်ဒိုက် အကောင်းဆုံးဖြစ်နေတာ မအံ့သြပါဘူးလို့ လူသိရှင်ကြား ထုတ်ပြောခဲ့ပါတယ်။

ဘောလက်က ” ဗန်ဒိုက်က ပရီးမီးယားလိဂ်မှာ ဒရော့ဘာ၊ လမ်းပတ်၊ အလန်ရှီးယား၊ အွန်နရီ၊ ရွန်းနီ၊ ဗန်ပါစီ၊ တီဗက်စ်၊ အဒီဘာယောနဲ့ ကော်စတာတို့နဲ့ ယှဉ်ပြိုင်ခဲ့ရခြင်း မရှိပါဘူး။ ဒီတော့ သူ့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ခံစစ်သမားလို့ ပြောနေကြတာကို သိပ် မအံ့သြပါဘူးလို့ ” လို့ ဆိုခဲ့တာပါ။

အထက်ပါ လှောင်ပြောင်မှုကို အင်္ဂလန်မီဒီယာတွေက ပြန်လည် ဖော်ပြမှုတွေ လုပ်ခဲ့ကြပြီး ဘောလုံးဆိုင်ရာ အထေ့အငေါ့တွေကို တင်လေ့ရှိတဲ့ sportbible ကလည်း ဖော်ပြခဲ့တယ်။ လီဗာပူးအသင်းခေါင်းဆောင် ဂျော်ဒန် ဟန်ဒါဆန်ကတော့ အဆိုပါ ပိုစ့်အောက်မှာ ” တကယ်တော့ ကံကောင်းတာက အဲ့တိုက်စစ်သမားတွေပါ” လို့ တုန့်ပြန်ခဲ့ပါတယ်။

ဟန်ဒါဆန်ကတော့ ပရီးမီးယားလိဂ် တိုက်စစ်သမားဟောင်းတွေက ဗန်ဒိုက်လို ထိပ်တန်းခံစစ်သမားမျိုးနဲ့ ရင်ဆိုင်ရဖူးခြင်း မရှိတာကြောင့် ကံကောင်းခဲ့တယ်လို့ ဆိုခဲ့ပြီး ဘောလက်ရဲ့ စကားကို ပွဲခံနေတဲ့ ပြိုင်ဘက် ပရိသတ်တွေကို အကောင်းဆုံး တုန့်ပြန်တဲ့ ဖြေရှင်းချက်ဖြစ်ခဲ့ပါတယ်။

လီဗာပူးပရိသတ်တွေကတော့ ဟန်ဒါဆန်ရဲ့ တစ်ခွန်းတည်း မှတ်ချက်ကို သဘောတွေ့ခဲ့ကြပြီး အသင်းခေါင်းဆောင်က မပြောရင်လည်း မပြောဘူး ပြောရင်လည်း တစ်ခွန်းတည်း ထိမိတယ်လို့ ထောက်ခံခဲ့ကြပါတယ်။

ပရီးမီးယားလိဂ် အထင်ကရ တိုက်စစ်သမားတွေဖြစ်တဲ့ အွန်နရီနဲ့ ဗန်ပါစီလို တိုက်စစ်သမားတွေက အင်္ဂလန်မှာ တောက်ပခဲ့ပေမယ့် ဥရောပအဆင့်မှာတော့ အောင်မြင်မှု မရှိဘဲ အွန်နရီဟာ ဘာစီလိုနာနဲ့မှပဲ ချန်ပီယံလိဂ် ကိုင်မြောက်ခွင့် ရခဲ့ပါတယ်။

ZAWGYI

ဗန္ဒိုက္က ပရီးမီးယားလိဂ္အဆင့္ကို ေက်ာ္လြန္ျပီး ကမၻာအေကာင္းဆံုး ဗဟိုခံစစ္မွဴးအျဖစ္ပါ လူေလးစားခံေနရေပမယ့္ သူ႔ရဲ႕ အရည္အခ်င္းကို နိမ့္ခ်သူေတြကလည္း မနည္းလွပါဘူး။

ဂ်ာမနီနဲ႔ ခ်ယ္ဆီးကြင္းလယ္လူ ေဘာလက္ကလည္း အဲ့လို လူေတြထဲက တစ္ဦးျဖစ္ျပီး ေဘာလက္ကေတာ့ ဗန္ဒိုက္က ဒေရာ့ဘာနဲ႔ တီဗက္စ္တို႔လို ခံစစ္သမားမ်ိဳးေတြနဲ႔ ရင္ဆိုင္ရျခင္း မရွိမွေတာ့ ဗန္ဒိုက္ အေကာင္းဆံုးျဖစ္ေနတာ မအံ့ၾသပါဘူးလို႔ လူသိရွင္ၾကား ထုတ္ေျပာခဲ့ပါတယ္။

ေဘာလက္က ” ဗန္ဒိုက္က ပရီးမီးယားလိဂ္မွာ ဒေရာ့ဘာ၊ လမ္းပတ္၊ အလန္ရွီးယား၊ အြန္နရီ၊ ရြန္းနီ၊ ဗန္ပါစီ၊ တီဗက္စ္၊ အဒီဘာေယာနဲ႔ ေကာ္စတာတို႔နဲ႔ ယွဥ္ျပိဳင္ခဲ့ရျခင္း မရွိပါဘူး။ ဒီေတာ့ သူ႔ကို ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆံုး ခံစစ္သမားလို႔ ေျပာေနၾကတာကို သိပ္ မအ့့ံၾသပါဘူးလို႔ ” လို႔ ဆိုခဲ့တာပါ။

အထက္ပါ ေလွာင္ေျပာင္မႈကို အဂၤလန္မီဒီယာေတြက ျပန္လည္ ေဖာ္ျပမႈေတြ လုပ္ခဲ့ၾကျပီး ေဘာလံုးဆိုင္ရာ အေထ့အေငါ့ေတြကို တင္ေလ့ရွိတဲ့ sportbible ကလည္း ေဖာ္ျပခဲ့တယ္။ လီဗာပူးအသင္းေခါင္းေဆာင္ ေဂ်ာ္ဒန္ ဟန္ဒါဆန္ကေတာ့ အဆိုပါ ပိုစ့္ေအာက္မွာ ” တကယ္ေတာ့ ကံေကာင္းတာက အဲ့တိုက္စစ္သမားေတြပါ” လို႔ တုန္႔ျပန္ခဲ့ပါတယ္။

ဟန္ဒါဆန္ကေတာ့ ပရီးမီးယားလိဂ္ တိုက္စစ္သမားေဟာင္းေတြက ဗန္ဒုိက္လို ထိပ္တန္းခံစစ္သမားမ်ိဳးနဲ႔ ရင္ဆိုင္ရဖူးျခင္း မရွိတာေၾကာင့္ ကံေကာင္းခဲ့တယ္လို႔ ဆိုခဲ့ျပီး ေဘာလက္ရဲ႕ စကားကို ပြဲခံေနတဲ့ ျပိဳင္ဘက္ ပရိသတ္ေတြကို အေကာင္းဆံုး တုန္႔ျပန္တဲ့ ေျဖရွင္းခ်က္ျဖစ္ခဲ့ပါတယ္။

လီဗာပူးပရိသတ္ေတြကေတာ့ ဟန္ဒါဆန္ရဲ႕ တစ္ခြန္းတည္း မွတ္ခ်က္ကို သေဘာေတြ႔ခဲ့ၾကျပီး အသင္းေခါင္းေဆာင္က မေျပာရင္လည္း မေျပာဘူး ေျပာရင္လည္း တစ္ခြန္းတည္း ထိမိတယ္လို႔ ေထာက္ခံခဲ့ၾကပါတယ္။

ပရီးမီးယားလိဂ္ အထင္ကရ တိုက္စစ္သမားေတြျဖစ္တဲ့ အြန္နရီနဲ႔ ဗန္ပါစီလို တိုက္စစ္သမားေတြက အဂၤလန္မွာ ေတာက္ပခဲ့ေပမယ့္ ဥေရာပအဆင့္မွာေတာ့ ေအာင္ျမင္မႈ မရွိဘဲ အြန္နရီဟာ ဘာစီလိုနာနဲ႔မွပဲ ခ်န္ပီယံလိဂ္ ကိုင္ေျမာက္ခြင့္ ရခဲ့ပါတယ္။