မနှစ်ကရာသီ လူငယ် အက်ဖ်အေဖလား အနိုင်ရ လီဗာပူး ယူ-၁၈ အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သလို ကလော့ပ် ကိုယ်တိုင်ပေးတဲ့ ကတိစကားကိုပါ ပိုင်ဆိုင်ထားတဲ့ လူငယ်တိုက်စစ်မှူး ဂလေဇယ်ဟာ လေ့ကျင့်ရေး ပြန်ဝင်လာခဲ့ပါပြီ။

မနှစ်ကရာသီ လူငယ်အသင်းမှာ ကိုယ်တိုင် ၂၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၁၀ ကြိမ် လုပ်နိုင်ခဲ့တဲ့ တိုက်စစ်သမားဟာ မန်နေဂျာကလော့ပ် နှစ်သက်ရတဲ့ လူငယ်လေးဖြစ်တယ်။ သို့သော်လည်း လွန်ခဲ့တဲ့ ၁၀ လခန့်က ကစားသမားဘဝ တိုးတက်မှုတွေကို ထိခိုက်စေတဲ့ ACL ခွဲစိတ်မှုကို ခံယူခဲ့ရခြင်းကြောင့် ဒီတစ်ရာသီလုံး လေ့ကျင့်ရေးမြင်ကွင်းက ပျောက်နေခဲ့ရပါတယ်။

ဂလေဇယ်ကိုယ်တိုင်က ခက်ခဲလှတဲ့ ဒဏ်ရာပြဿနာလို့ ဆိုထားရတဲ့ သူ့ရဲ့ ဒူးဒဏ်ရာနဲ့ ပက်သက်ပြီး စီနီယာအသင်းသား ချိန်ဘာလိန်က သတိပေး လမ်းညွှန်မှုတွေ လုပ်ပေးထားတယ်။ ဂလေဇယ်ဟာ လီဗာပူးရဲ့ အနာဂတ် တိုက်စစ်သမားလို့ ညွှန်းဆိုရသူဖြစ်ပြီး ဖီအိုရင်တီးနားကို ထွက်ခွာသွားတဲ့ ဒွန်းကန့်နဲ့တွဲကာ မနှစ်ကရာသီမှာ နှစ်ဦးပေါင်း သွင်းဂိုး ၆၀ လောက် သွင်းခဲ့ကြတာဖြစ်ပါတယ်။

ရာသီကြိုမှာတောင် လီဗာပူးအတွက် မပါနိုင်ခဲ့တဲ့ ဂလေဇယ်ဟာ ကိုရိုနာကပ်ဘေးကြောင့် ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ အခွင့်အရေးကောင်းတွေ ရရှိခဲ့ပါတယ်။ သူဟာ ကြံ့ခိုင်မှု ပြန်ကောင်းလာနေပြီး လက်ရှိမှာတော့ ပြန်လည် ထူထောင်ရေးတွေ လုပ်နေကာ အရင်အပတ်က မဲဝုဒ်မှာ ပြန်စတင်လိုက်တဲ့ လီဗာပူးရဲ့ လေ့ကျင့်ရေးတွေမှာ ပြန်လည် ပါဝင်ခဲ့ပါတယ်။

ဂလေဇယ် ဒဏ်ရာကြောင့် အနားယူနေရစဉ်မှာ မန်နေဂျာကလော့ပ်က ” ဂလေဇယ် ပြန်ကစားလာနိုင်ရင် သူက ကျနေ်ာတို့ရဲ့ အသင်းသား တစ်ဦးဖြစ်နေပါလိမ့်မယ်။ ဘာလိုလည်းဆိုတော့ သူ့ကို ကျနေ်ာတို့ရဲ့ အသင်းသားအဖြစ် မြင်ရတာကို အရမ်း သဘောကျလို့ပါပဲ ” လို့ ကတိပေးထားခဲ့တာဖြစ်တယ်။

ဘောလုံးရာသီတွေ ပြန်စရင် ဂလေဇယ် ပါဝင်လာဖို့တော့ မျှော်လင့်လို့ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကလပ်ရဲ့ အကောင်းဆုံး လူငယ်တိုက်စစ်မှူးဟာ စီနီယာအသင်းနဲ့ တွဲပြီး လေ့ကျင့်ခွင့်တွေ ပြန်ရနေပြီး လာမယ့်ရာသီ ရာသီကြိုအတွက် အဆင်သင့်ဖြစ်နေမှာ ဖြစ်ပါတယ်။

ZAWGYI

မႏွစ္ကရာသီ လူငယ္ အက္ဖ္ေအဖလား အႏုိင္ရ လီဗာပူး ယူ-၁၈ အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္သလို ကေလာ့ပ္ ကိုယ္တိုင္ေပးတဲ့ ကတိစကားကိုပါ ပိုင္ဆိုင္ထားတဲ့ လူငယ္တိုက္စစ္မွဴး ဂေလဇယ္ဟာ ေလ့က်င့္ေရး ျပန္ဝင္လာခဲ့ပါျပီ။

မႏွစ္ကရာသီ လူငယ္အသင္းမွာ ကိုယ္တိုင္ ၂၉ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၁၀ ၾကိမ္ လုပ္ႏုိင္ခဲ့တဲ့ တိုက္စစ္သမားဟာ မန္ေနဂ်ာကေလာ့ပ္ ႏွစ္သက္ရတဲ့ လူငယ္ေလးျဖစ္တယ္။ သို႔ေသာ္လည္း လြန္ခဲ့တဲ့ ၁၀ လခန္႔က ကစားသမားဘဝ တိုးတက္မႈေတြကို ထိခိုက္ေစတဲ့ ACL ခြဲစိတ္မႈကို ခံယူခဲ့ရျခင္းေၾကာင့္ ဒီတစ္ရာသီလံုး ေလ့က်င့္ေရးျမင္ကြင္းက ေပ်ာက္ေနခဲ့ရပါတယ္။

ဂေလဇယ္ကိုယ္တိုင္က ခက္ခဲလွတဲ့ ဒဏ္ရာျပႆနာလို႔ ဆိုထားရတဲ့ သူ႔ရဲ႕ ဒူးဒဏ္ရာနဲ႔ ပက္သက္ျပီး စီနီယာအသင္းသား ခ်ိန္ဘာလိန္က သတိေပး လမ္းညႊန္မႈေတြ လုပ္ေပးထားတယ္။ ဂေလဇယ္ဟာ လီဗာပူးရဲ႕ အနာဂတ္ တိုက္စစ္သမားလို႔ ညႊန္းဆိုရသူျဖစ္ျပီး ဖီအိုရင္တီးနားကို ထြက္ခြာသြားတဲ့ ဒြန္းကန္႔နဲ႔တြဲကာ မႏွစ္ကရာသီမွာ ႏွစ္ဦးေပါင္း သြင္းဂိုး ၆၀ ေလာက္ သြင္းခဲ့ၾကတာျဖစ္ပါတယ္။

ရာသီၾကိဳမွာေတာင္ လီဗာပူးအတြက္ မပါႏုိင္ခဲ့တဲ့ ဂေလဇယ္ဟာ ကိုရိုနာကပ္ေဘးေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားခ်ိန္မွာ အခြင့္အေရးေကာင္းေတြ ရရွိခဲ့ပါတယ္။ သူဟာ ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာေနျပီး လက္ရွိမွာေတာ့ ျပန္လည္ ထူေထာင္ေရးေတြ လုပ္ေနကာ အရင္အပတ္က မဲဝုဒ္မွာ ျပန္စတင္လိုက္တဲ့ လီဗာပူးရဲ႕ ေလ့က်င့္ေရးေတြမွာ ျပန္လည္ ပါဝင္ခဲ့ပါတယ္။

ဂေလဇယ္ ဒဏ္ရာေၾကာင့္ အနားယူေနရစဥ္မွာ မန္ေနဂ်ာကေလာ့ပ္က ” ဂေလဇယ္ ျပန္ကစားလာႏုိင္ရင္ သူက က်ေန္ာတို႔ရဲ႕ အသင္းသား တစ္ဦးျဖစ္ေနပါလိမ့္မယ္။ ဘာလိုလည္းဆိုေတာ့ သူ႔ကို က်ေန္ာတို႔ရဲ႕ အသင္းသားအျဖစ္ ျမင္ရတာကို အရမ္း သေဘာက်လို႔ပါပဲ ” လို႔ ကတိေပးထားခဲ့တာျဖစ္တယ္။

ေဘာလံုးရာသီေတြ ျပန္စရင္ ဂေလဇယ္ ပါဝင္လာဖို႔ေတာ့ ေမွ်ာ္လင့္လို႔ရမွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ကလပ္ရဲ႕ အေကာင္းဆံုး လူငယ္တိုက္စစ္မွဴးဟာ စီနီယာအသင္းနဲ႔ တြဲျပီး ေလ့က်င့္ခြင့္ေတြ ျပန္ရေနျပီး လာမယ့္ရာသီ ရာသီၾကိဳအတြက္ အဆင္သင့္ျဖစ္ေနမွာ ျဖစ္ပါတယ္။