တွစ်တာမှာ လူသိများ ထင်ရှားတဲ့ ယူနိုက်တက်နဲ့ ချယ်ဆီး ပရိသတ် အကောင့်တွေကနေပြီး နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်း တီမိုဝါနာ ခေးယူခွင့် ရသွားလို့ မဖြစ်ဘူးလို့ သတိပေးစကားတွေ ပြောခဲ့ကြပါတယ်။
လီဗာပူးက ဝါနာကို စိတ်ဝင်စားနေတဲ့ သတင်းတွေက လျှို့ဝှက်ထားရမယ့် ကိစ္စ မဟုတ်ပါဘူး။ The Athletic မှ ဂျာမနီသတင်းထောက် Raphel Honigstein ကဆိုရင် ယာဂင်ကလော့ပ်နဲ့ တီမိုဝါနာတို့ဟာ အပြောင်းအရွှေ့ ဆွေးနွေးမှု လုပ်ထားခဲ့ကြောင်းကိုပါ အတည်ပြုခဲ့တယ်။
အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားဟာ ဒီရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၃၀ ရယူထားကာ ဘွန်ဒက်လီဂါမှာ ၂၄ ဂိုးထိ ရယူနိုင်ထားပြီဖြစ်တယ်။ လီဗာပူးအသင်းက သူ့ကို ခေါ်ယူလိုက်မယ်ဆိုရင် တိုက်စစ်ပိုင်းမှာ ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာသွားမယ်လို့ ပြိုင်ဘက်တွေက သက်ဆိုင်ရာအသင်းတွေကို သတိပေးလိုက်ပါတယ်။
ယူနိုက်တက်ပရိသတ် Mark Goldbridge က ” လီဗာပူးက ဝါနာကို လိုချင်နေချိန်မှာ ယူနိုက်တက်က ဘုန်းမောက်က ကင်းလို တိုက်စစ်သမားနဲ့ နာမည်ထွက်နေတယ်။ နှစ်သင်းရဲ့ တိုက်စစ်မှူး ရှာဖွေတဲ့ လမ်းကြောင်းအရ အသင်းတွေကြား ကွာခြားနေမှုကို ယူနိုက်တက်က ဘယ်လို လျော့ချနိုင်မှာလဲ၊ နောက်ပြီး လီဗာပူးဝယ်မယ်တစ်ယောက်က အရွယ်အားဖြင့်လည်း ပိုငယ်နေတယ် ” လို့ ဆိုခဲ့တာပါ။
ချယ်ဆီးပရိသတ် Alex Goldberg ကတော့ ” လီဗာပူးက သိပ်ကောင်းတဲ့လမ်းတွေ ရွေးနေပြီ။ သူတို့မှာ ကစားသမားကောင်းတွေ အများကြီးရှိပြီး တီမိုဝါနာကိုလည်း လက်မှတ်ထိုး ခေါ်ယူမယ့် အခြေအနေမှာ ရှိနေတယ်။ ပရီးမီးယားလိဂ်ကို သားစဉ်မြေးဆက် သူတို့ အုပ်စီးသွားမှာ ငါမလိုချင်ဘူး။ တစ်ယောက်ယောက်ကတော့ သူတို့ကို ရပ်မှ ရတော့မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။
သုံးသပ်သူတွေထဲက Bt Sport မှ အိုဝင်ဟားဂရိတ်ကလည်း ပြိုင်ဘက် ကစားသမားဟောင်းတွေကလည်း ဝါနာကို လီဗာပူးကို ပြောင်းရင် နေရာရမှာ မဟုတ်ခြင်းကြောင့် ယူနိုက်တက် (သို့) ချယ်ဆီးကို ရွေးဖို့ တိုက်တွန်းထားပါတယ်။
ZAWGYI
တြစ္တာမွာ လူသိမ်ား ထင္ရွားတဲ့ ယူႏုိက္တက္နဲ႔ ခ်ယ္ဆီး ပရိသတ္ အေကာင့္ေတြကေနျပီး ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးအသင္း တီမိုဝါနာ ေခးယူခြင့္ ရသြားလို႔ မျဖစ္ဘူးလို႔ သတိေပးစကားေတြ ေျပာခဲ့ၾကပါတယ္။
လီဗာပူးက ဝါနာကို စိတ္ဝင္စားေနတဲ့ သတင္းေတြက လွ်ိဳ႕ဝွက္ထားရမယ့္ ကိစၥ မဟုတ္ပါဘူး။ The Athletic မွ ဂ်ာမနီသတင္းေထာက္ Raphel Honigstein ကဆိုရင္ ယာဂင္ကေလာ့ပ္နဲ႔ တီမုိဝါနာတို႔ဟာ အေျပာင္းအေရႊ႔ ေဆြးေႏြးမႈ လုပ္ထားခဲ့ေၾကာင္းကိုပါ အတည္ျပဳခဲ့တယ္။
အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ဒီရာသီ ျပိဳင္ပြဲစံု သြင္းဂိုး ၃၀ ရယူထားကာ ဘြန္ဒက္လီဂါမွာ ၂၄ ဂိုးထိ ရယူႏုိင္ထားျပီျဖစ္တယ္။ လီဗာပူးအသင္းက သူ႔ကို ေခၚယူလိုက္မယ္ဆိုရင္ တိုက္စစ္ပိုင္းမွာ ျပိဳင္ဘက္ေတြထက္ ေခါင္းတစ္လံုးသာသြားမယ္လို႔ ျပိဳင္ဘက္ေတြက သက္ဆုိင္ရာအသင္းေတြကို သတိေပးလိုက္ပါတယ္။
ယူႏုိက္တက္ပရိသတ္ Mark Goldbridge က ” လီဗာပူးက ဝါနာကို လိုခ်င္ေနခ်ိန္မွာ ယူနုိက္တက္က ဘုန္းေမာက္က ကင္းလို တိုက္စစ္သမားနဲ႔ နာမည္ထြက္ေနတယ္။ ႏွစ္သင္းရဲ႕ တုိက္စစ္မွဴး ရွာေဖြတဲ့ လမ္းေၾကာင္းအရ အသင္းေတြၾကား ကြာျခားေနမႈကို ယူႏုိက္တက္က ဘယ္လို ေလ်ာ့ခ်ႏုိင္မွာလဲ၊ ေနာက္ျပီး လီဗာပူးဝယ္မယ္တစ္ေယာက္က အရြယ္အားျဖင့္လည္း ပိုငယ္ေနတယ္ ” လို႔ ဆိုခဲ့တာပါ။
ခ်ယ္ဆီးပရိသတ္ Alex Goldberg ကေတာ့ ” လီဗာပူးက သိပ္ေကာင္းတဲ့လမ္းေတြ ေရြးေနျပီ။ သူတို႔မွာ ကစားသမားေကာင္းေတြ အမ်ားၾကီးရွိျပီး တီမိုဝါနာကိုလည္း လက္မွတ္ထိုး ေခၚယူမယ့္ အေျခအေနမွာ ရွိေနတယ္။ ပရီးမီးယားလိဂ္ကို သားစဥ္ေျမးဆက္ သူတို႔ အုပ္စီးသြားမွာ ငါမလိုခ်င္ဘူး။ တစ္ေယာက္ေယာက္ကေတာ့ သူတို႔ကို ရပ္မွ ရေတာ့မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။
သံုးသပ္သူေတြထဲက Bt Sport မွ အိုဝင္ဟားဂရိတ္ကလည္း ျပိဳင္ဘက္ ကစားသမားေဟာင္းေတြကလည္း ဝါနာကို လီဗာပူးကို ေျပာင္းရင္ ေနရာရမွာ မဟုတ္ျခင္းေၾကာင့္ ယူႏုိက္တက္ (သို႔) ခ်ယ္ဆီးကို ေရြးဖို႔ တိုက္တြန္းထားပါတယ္။