ဗြိတိန် နာမည်ကျော် မီဒီယာဖြစ်တဲ့ BBC Sport က ကမ္ဘာအကောင်းဆုံး ကစားသမားတွေအဖြစ် ဘလွန်းဒီအော့ဆုကို ဆယ်စုနှစ်တိုင် အပြိုင်လုနေကြတဲ့ မက်ဆီ ရော်နယ်ဒို ခေတ်လွန်မှာ ဘယ်ကစားသမားတွေက ထွန်းတောက်လာမလဲဆိုပြီး သုံးသပ်မှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။

BBC Sport မှ အားကစားရေးရာ သတင်းထောက်နဲ့ ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ အစီအစဉ်မှူးတွေဟာ ထရန့်၊ အလီ၊ ဖိုဒန်၊ ဂရင်းဝုဒ်လို ပရီးမီးယားလိဂ် ကစားသမားတွေ အပါအဝင် ဖာတီ၊ ဖီလစ်၊ ဟာဗက်၊ အမ်ဘတ်ပီ၊ ရိုဒရီဂို၊ ဆန်ချို၊ တောရက်စ်တို့ကိုလည်း အဆိုပါစာရင်းမှာ ထည့်ခဲ့ကြတယ်။

သူတို့ ရွေးချယ်တဲ့ ကစားသမားတွေအပြင် အခြားကစားသမားဆိုတဲ့ မဲဘောက်အပါ ရွေးချယ်ခွင့် ၁၂ ခုကို ပေးခဲ့ပြီး ပရိသတ်တွေကို မဲပေးစေရာမှာတော့ မဲပေးသူတွေရဲ့ ၅၀% က အမ်ဘတ်ပီကို မဲပေးကြပြီး ဒုတိယအများဆုံးဖြစ်တဲ့ ၁၉% ကတော့ လီဗာပူး ညာအစွန်လူ ထရန့်ကို မဲပေးခဲ့ကြပါတယ်။ တတိယ မဲအများဆုံးကိုတော့ ဆန်ချို၊ ဂရင်းဝုဒ်နဲ့ အခြားကစားသမား ဆိုတဲ့ မဲဘောက်တွေကို ၅% စီ ပေးခဲ့ကြပါတယ်။

ဒီစာရင်းထဲမှာ ထရန့်ကို ထည့်သွင်းခဲ့သူကတော့ BBC Sport မှ အားကစားဆိုင်ရာ အကြီးအကဲ Phil McNulty ဖြစ်တယ်။ သူကတော့ ညာအစွန်လူဟာ တစ်ရက်မှာ ကွင်းလယ်နေရာ တက်ကစားမယ်လို့ ယုံကြည်နေပါတယ်။

Phil McNulty က ” တိုက်စစ်သမားဆိုရင် ပိုပြီး ဆွဲဆောင်မှု ရှိတတ်တာပေါ့။ ဒါပေမယ့် ထရန့်က လီဗာပူးမှာ ခံစစ်အတွက်ကော တိုက်စစ်အတွက်ပါ ပြည့်စုံတဲ့ ကစားသမားပါ။ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ တောင်ပံကနေ ဖြတ်တင်လိုက်မှုတွေက ဂိုးတွေအများကြီး ရစေပါတယ်။

အင်္ဂလန်မှာ ပထမဦးစားပေး ညာအစွန်လူဖြစ်လာဖို့က အချိန်တစ်ခုပဲ စောင့်ရမှာဖြစ်ပြီး ၂၀၂၀ ယူရိုပြိုင်ပွဲမှာ အင်္ဂလန်အတွက် ပွဲထွက်လူစာရင်းက ပါမယ့်သူပါ။ သူ့ရဲ့ ပေးမှု၊ ဖန်တီးမှု၊ သွင်းဂိုးအတွက် အမြင်ရှိမှုတွေအရ အနာဂတ်မှာ ကမ္ဘာအဆင့် ကွင်းလယ်လူအဖြစ် တောက်ပလာမယ်ဆိုရင်လည်း အံ့သြစရာ မရှိပါဘူး ” လို့ ထောက်ခံခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ျဗိတိန္ နာမည္ေက်ာ္ မီဒီယာျဖစ္တဲ့ BBC Sport က ကမၻာအေကာင္းဆံုး ကစားသမားေတြအျဖစ္ ဘလြန္းဒီေအာ့ဆုကို ဆယ္စုႏွစ္တိုင္ အျပိဳင္လုေနၾကတဲ့ မက္ဆီ ေရာ္နယ္ဒို ေခတ္လြန္မွာ ဘယ္ကစားသမားေတြက ထြန္းေတာက္လာမလဲဆိုျပီး သံုးသပ္မႈတစ္ခု ျပဳလုပ္ခဲ့ပါတယ္။

BBC Sport မွ အားကစားေရးရာ သတင္းေထာက္နဲ႔ ေဘာလံုးသမားေဟာင္းေတြျဖစ္တဲ့ အစီအစဥ္မွဴးေတြဟာ ထရန္႔၊ အလီ၊ ဖိုဒန္၊ ဂရင္းဝုဒ္လို ပရီးမီးယားလိဂ္ ကစားသမားေတြ အပါအဝင္ ဖာတီ၊ ဖီလစ္၊ ဟာဗက္၊ အမ္ဘတ္ပီ၊ ရိုဒရီဂို၊ ဆန္ခ်ိဳ၊ ေတာရက္စ္တို႔ကိုလည္း အဆိုပါစာရင္းမွာ ထည့္ခဲ့ၾကတယ္။

သူတို႔ ေရြးခ်ယ္တဲ့ ကစားသမားေတြအျပင္ အျခားကစားသမားဆိုတဲ့ မဲေဘာက္အပါ ေရြးခ်ယ္ခြင့္ ၁၂ ခုကို ေပးခဲ့ျပီး ပရိသတ္ေတြကို မဲေပးေစရာမွာေတာ့ မဲေပးသူေတြရဲ႕ ၅၀% က အမ္ဘတ္ပီကို မဲေပးၾကျပီး ဒုတိယအမ်ားဆံုးျဖစ္တဲ့ ၁၉% ကေတာ့ လီဗာပူး ညာအစြန္လူ ထရန္႔ကို မဲေပးခဲ့ၾကပါတယ္။ တတိယ မဲအမ်ားဆံုးကိုေတာ့ ဆန္ခ်ိဳ၊ ဂရင္းဝုဒ္နဲ႔ အျခားကစားသမား ဆိုတဲ့ မဲေဘာက္ေတြကို ၅% စီ ေပးခဲ့ၾကပါတယ္။

ဒီစာရင္းထဲမွာ ထရန္႔ကို ထည့္သြင္းခဲ့သူကေတာ့ BBC Sport မွ အားကစားဆိုင္ရာ အၾကီးအကဲ Phil McNulty ျဖစ္တယ္။ သူကေတာ့ ညာအစြန္လူဟာ တစ္ရက္မွာ ကြင္းလယ္ေနရာ တက္ကစားမယ္လို႔ ယံုၾကည္ေနပါတယ္။

Phil McNulty က ” တိုက္စစ္သမားဆိုရင္ ပိုျပီး ဆြဲေဆာင္မႈ ရွိတတ္တာေပါ့။ ဒါေပမယ့္ ထရန္႔က လီဗာပူးမွာ ခံစစ္အတြက္ေကာ တိုက္စစ္အတြက္ပါ ျပည့္စံုတဲ့ ကစားသမားပါ။ သူ႔ရဲ႕ အမွတ္အသားျဖစ္တဲ့ ေတာင္ပံကေန ျဖတ္တင္လိုက္မႈေတြက ဂိုးေတြအမ်ားၾကီး ရေစပါတယ္။

အဂၤလန္မွာ ပထမဦးစားေပး ညာအစြန္လူျဖစ္လာဖို႔က အခ်ိန္တစ္ခုပဲ ေစာင့္ရမွာျဖစ္ျပီး ၂၀၂၀ ယူရိုျပိဳင္ပြဲမွာ အဂၤလန္အတြက္ ပြဲထြက္လူစာရင္းက ပါမယ့္သူပါ။ သူ႔ရဲ႕ ေပးမႈ၊ ဖန္တီးမႈ၊ သြင္းဂိုးအတြက္ အျမင္ရွိမႈေတြအရ အနာဂတ္မွာ ကမၻာအဆင့္ ကြင္းလယ္လူအျဖစ္ ေတာက္ပလာမယ္ဆိုရင္လည္း အံ့ၾသစရာ မရွိပါဘူး ” လို႔ ေထာက္ခံခဲ့တာ ျဖစ္ပါတယ္။