လီဗာပူးခံစစ်မှူး ဂိုးမက်စ်ဟာ ဒီရက်ပိုင်းမှာပဲ အသက် ၂၃ နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။ မဲဝုဒ်ကို ပြန်ဝင်နေပြီဖြစ်တဲ့ ဂိုးမက်စ်က ထိတွေ့မှုနဲ့အတူ လေ့ကျင့်ခွင့် မရသေးပေမယ့် အသင်းဖော်တွေ ပြိုင်ဆိုင်မှု ပြင်းထန်နေကြတာက ပုံမှန်ပါလို့ ပြောခဲ့တယ်။

လီဗာပူးလေ့ကျင့်ရေးမှာ ခုတလော ဂိုးပေါက်ကန်သွင်းမှုတွေလို တစ်ဦးချင်း လေ့ကျင့်ရေးတွေနဲ့ ပြေးခြင်းကို အသားပေးတဲ့ ဘောလုံးနည်းစနစ်ကိုပဲ ဦးစားပေး လုပ်ဆောင်နေကြတာပါ။ ကြံ့ခိုင်မှု အမြင့်ဆုံးကို ရည်ရွယ်တဲ့ ဒီလေ့ကျင့်ရေးမှာ အသင်းသားတွေက ပြိုင်ပြိုင်ဆိုင်ဆိုင်ကို လေ့ကျင့်နေကြပါတယ်။

ဂိုးမက်စ်က ” ကြံ့ခိုင်မှုတွေ အကောင်းဆုံးဖြစ်နေမယ်လို့ မျှော်လင့်ထားတယ်။ အသင်းအနေနဲ့ အသင်းဖော်တွေ အားလုံးဟာ ကြံ့ခိုင်မှုကောင်းနေဖို့ အခြေခံကောင်းတွေ ရှိထားပြီးသားဆိုတာ ခင်ဗျားတို့လည်း မြင်မှာပါ။ ကျနေ်ာတို့ရဲ့ ကြံ့ခိုင်မှုတွေအတွက် လမ်းညွှန်မှုတွေနဲ့ လုပ်ထားရတဲ့ ပရိဂရမ်တွေ ရှိပါတယ်။

ကျနေ်ာတို့က လုံးဝကြီး အစကနေ ပြန်စနေရတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကြားထဲမှာ အနားယူခဲ့ရတာတော့ ရှိတာပေါ့။ အကုန်လုံးကတော့ ပြန်ကစားမယ် တကဲကဲကို ဖြစ်နေပြီး တိုးတက်မှုတွေအတွက် ပျော်နေပါတယ်။

လေ့ကျင့်ရေးကွင်းမှာ ကန်သွင်းမှုတွေ၊ ဘောလုံးစကေးပြိုင်နေတာတွေက အသင်းအနေနဲ့ ကျနေ်ာတို့ လွမ်းနေရတဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒီလို ပြိုင်ဆိုင်မှုတွေ ကျီစယ်မှုတွေဆိုတာ အိမ်မှာ ကိုယ်ဘာသာ တစ်ယောက်ထဲ လုပ်နေလို့ရတာ မဟုတ်ဘူး။

ပုံမှန်အားဖြစ်တော့ ဒါတွေက ဘောလုံးပြန်ကစားနိုင်ဖို့ ကျနေ်ာတို့ လုပ်နေတဲ့ ကိစ္စတွေဖြစ်ပါတယ်။ လေ့ကျင့်ရေးကွင်းမှာ ခွေးရူး (rondo) လုပ်တမ်း ပြန်ကစားနိုင်ပြီဆိုရင်တော့ ကျနေ်ာတို့ရဲ့ ပြိုင်ဆိုင်မှုတွေကို နောက်တစ်ဆင့်ကို ထပ်မြင့်သွားစေမှာပါ ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းကတော့ ပရီးမီးယားလိဂ်ရဲ့ လမ်းညွှန်ချက်ကို လိုက်နာပြီး ဘောလုံးပွဲတွေ ပြန်ကစားရမယ့်အချိန်မှာ ကြံ့ခိုင်မှု ၁၀၀% ကောင်းနေဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးခံစစ္မွဴး ဂိုးမက္စ္ဟာ ဒီရက္ပိုင္းမွာပဲ အသက္ ၂၃ ႏွစ္ျပည့္သြားခဲ့ျပီျဖစ္ပါတယ္။ မဲဝုဒ္ကို ျပန္ဝင္ေနျပီျဖစ္တဲ့ ဂိုးမက္စ္က ထိေတြ႔မႈနဲ႔အတူ ေလ့က်င့္ခြင့္ မရေသးေပမယ့္ အသင္းေဖာ္ေတြ ျပိဳင္ဆိုင္မႈ ျပင္းထန္ေနၾကတာက ပံုမွန္ပါလို႔ ေျပာခဲ့တယ္။

လီဗာပူးေလ့က်င့္ေရးမွာ ခုတေလာ ဂိုးေပါက္ကန္သြင္းမႈေတြလို တစ္ဦးခ်င္း ေလ့က်င့္ေရးေတြနဲ႔ ေျပးျခင္းကို အသားေပးတဲ့ ေဘာလံုးနည္းစနစ္ကိုပဲ ဦးစားေပး လုပ္ေဆာင္ေနၾကတာပါ။ ၾကံ႕ခိုင္မႈ အျမင့္ဆံုးကို ရည္ရြယ္တဲ့ ဒီေလ့က်င့္ေရးမွာ အသင္းသားေတြက ျပိဳင္ျပိဳင္ဆိုင္ဆုိင္ကို ေလ့က်င့္ေနၾကပါတယ္။

ဂိုးမက္စ္က ” ၾကံ႕ခိုင္မႈေတြ အေကာင္းဆံုးျဖစ္ေနမယ္လို႔ ေမွ်ာ္လင့္ထားတယ္။ အသင္းအေနနဲ႔ အသင္းေဖာ္ေတြ အားလံုးဟာ ၾကံ႕ခိုင္မႈေကာင္းေနဖို႔ အေျခခံေကာင္းေတြ ရွိထားျပီးသားဆိုတာ ခင္ဗ်ားတို႔လည္း ျမင္မွာပါ။ က်ေန္ာတို႔ရဲ႕ ၾကံ႕ခိုင္မႈေတြအတြက္ လမ္းညႊန္မႈေတြနဲ႔ လုပ္ထားရတဲ့ ပရိဂရမ္ေတြ ရွိပါတယ္။

က်ေန္ာတို႔က လံုးဝၾကီး အစကေန ျပန္စေနရတာ မဟုတ္ပါဘူး။ ဒါေပမယ့္ ၾကားထဲမွာ အနားယူခဲ့ရတာေတာ့ ရွိတာေပါ့။ အကုန္လံုးကေတာ့ ျပန္ကစားမယ္ တကဲကဲကို ျဖစ္ေနျပီး တိုးတက္မႈေတြအတြက္ ေပ်ာ္ေနပါတယ္။

ေလ့က်င့္ေရးကြင္းမွာ ကန္သြင္းမႈေတြ၊ ေဘာလံုးစေကးျပိဳင္ေနတာေတြက အသင္းအေနနဲ႔ က်ေန္ာတို႔ လြမ္းေနရတဲ့ ကိစၥေတြျဖစ္ပါတယ္။ ဒီလို ျပိဳင္ဆိုင္မႈေတြ က်ီစယ္မႈေတြဆိုတာ အိမ္မွာ ကိုယ္ဘာသာ တစ္ေယာက္ထဲ လုပ္ေနလို႔ရတာ မဟုတ္ဘူး။

ပံုမွန္အားျဖစ္ေတာ့ ဒါေတြက ေဘာလံုးျပန္ကစားႏုိင္ဖို႔ က်ေန္ာတို႔ လုပ္ေနတဲ့ ကိစၥေတြျဖစ္ပါတယ္။ ေလ့က်င့္ေရးကြင္းမွာ ေခြးရူး (rondo) လုပ္တမ္း ျပန္ကစားႏုိင္ျပီဆိုရင္ေတာ့ က်ေန္ာတို႔ရဲ႕ ျပိဳင္ဆိုင္မႈေတြကို ေနာက္တစ္ဆင့္ကို ထပ္ျမင့္သြားေစမွာပါ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းကေတာ့ ပရီးမီးယားလိဂ္ရဲ႕ လမ္းညႊန္ခ်က္ကို လိုက္နာျပီး ေဘာလံုးပြဲေတြ ျပန္ကစားရမယ့္အခ်ိန္မွာ ၾကံ႕ခိုင္မႈ ၁၀၀% ေကာင္းေနဖို႔ ၾကိဳးစားေနၾကတာ ျဖစ္ပါတယ္။