လီဗာပူး လူငယ်ကစားသမားတွေဖြစ်တဲ့ နီကိုး ဝီလီယမ်၊ ချီရီလီယာတို့နဲ့ ပက်သက်တဲ့ အနာဂတ် ကိစ္စတွေက ရှင်းလင်းတဲ့ အနေအထားကို ရောက်ရှိသွားပြီဖြစ်ပါတယ်။

ဦးစွာအားဖြင့် ပြင်သစ်ကနေ ဖော်ပြလာတဲ့ သတင်းတွေအရ ကွင်းလယ်လူ ချီရီဗီလာဟာ လီဗာပူးနဲပ ၅ နှစ်သက်တမ်း တိုးဖို့ကိုကော၊ စတီဗင်ဂျရတ်ရှိတဲ့ ရိန်းဂျားအသင်းထံ ပြောင်းဖို့ကိုပါ ငြင်းဆန်ပြီး ပြင်သစ်ကလပ် နန့်တက်အသင်းထံပဲ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားတော့မှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ ချီရီဗီလာဟာ နန့်တက်အသင်းနဲ့ ဆေးစစ်မှာဖြစ်ပြီး စာချုပ်ကုန်တာနဲ့ တစ်ပြိုင်နက် ပြင်သစ်လိဂ်ကို ပြောင်းမှာဖြစ်တယ်။ ကစားသမားရဲ့ ပရော်ဖက်ရှင်နယ်ဆန်မှုကို ကလော့ပ်ကော စတီဗင်ဂျရတ်ပါ နှစ်သက်ခြင်းကြောင့် စာချုပ်တွေ ပေးကြပေမယ့် အနာဂတ်အတွက် ရည်ရွယ်တဲ့ ဆုံးဖြတ်ချက်ကိုပဲ ချီရီဗီလာက လုပ်ဆောင်သွားမှာဖြစ်တယ်။

၂၀၁၃ ခုနှစ်တည်းက လီဗာပူးကို ရောက်လာတဲ့ ချီရီဗီလာဟာ စီနီယာပွဲတွေ အများကြီး ကစားခွင့် မရပေမယ့် လီဗာပူးအဝတ်လဲခန်းမှာပါ လူသိများတဲ့ လူငယ်ကစားသမားတစ်ဦး ဖြစ်ပါတယ်။ သူဟာ ဒီရာသီမှာ စီနီယာပွဲ ၆ ပွဲထိ ကစားခွင့်ပါ ရရှိခဲ့တယ်။

နောက်ထပ် သတင်းက လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ နီကိုး ဝီလီယမ်ကို အငှားချမှာ မဟုတ်ဘဲ လာမယ့်ရာသီမှာ ထရန့်ရဲက အရန်အဖြစ် နေရာပေးသွားမှာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် အစွန်လူဟာ ဒီရာသီမှာ ကလော့ပ်ရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့ပြီး ညာအစွန်အတွက် ဒုတိယဦးစားပေးအဆင့်ထိ မြင့်ပေးဖို့ကို ကလော့ပ်က ဆုံးဖြတ်လိုက်တာလို့ သတင်းထောက် David Lynch က ပြောပါတယ်။

ဒီရာသီ လူငယ်အသင်းအတွက် ၂၄ ပွဲ ကစားပြီး ကိုယ်တိုင် ၃ ဂိုးသွင်းကာ ဂိုးထောက်ပံ့မှု ၇ ကြိမ် လုပ်နိုင်တဲ့ နီကိုးဟာ စီနီယာအဆင့်မှာလည်း ၅ ပွဲ ကစားထားပြီး ဂိုးထောက်ပံံမှု ၃ ကြိမ် လုပ်ပြထားပါတယ်။ အနာဂတ်မှာ ထရန့်က အခြားသော နေရာတွေကို ပြောင်းကစားခဲ့မယ်ဆိုရင် နီကိုးက ညာအစွန်နေရာကို မြဲမြံစွာယူနိုင်မယ်လို့ လီဗာပူးနည်းပြအဖွဲ့က ယုံကြည်နေပါတယ်။

ZAWGYI

လီဗာပူး လူငယ္ကစားသမားေတြျဖစ္တဲ့ နီကိုး ဝီလီယမ္၊ ခ်ီရီလီယာတို႔နဲ႔ ပက္သက္တဲ့ အနာဂတ္ ကိစၥေတြက ရွင္းလင္းတဲ့ အေနအထားကို ေရာက္ရွိသြားျပီျဖစ္ပါတယ္။

ဦးစြာအားျဖင့္ ျပင္သစ္ကေန ေဖာ္ျပလာတဲ့ သတင္းေတြအရ ကြင္းလယ္လူ ခ်ီရီဗီလာဟာ လီဗာပူးနဲပ ၅ ႏွစ္သက္တမ္း တိုးဖို႔ကိုေကာ၊ စတီဗင္ဂ်ရတ္ရွိတဲ့ ရိန္းဂ်ားအသင္းထံ ေျပာင္းဖို႔ကိုပါ ျငင္းဆန္ျပီး ျပင္သစ္ကလပ္ နန္႔တက္အသင္းထံပဲ ၃ ႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔သြားေတာ့မွာ ျဖစ္ပါတယ္။

ဗုဒၶဟူးေန႔မွာ ခ်ီရီဗီလာဟာ နန္႔တက္အသင္းနဲ႔ ေဆးစစ္မွာျဖစ္ျပီး စာခ်ဳပ္ကုန္တာနဲ႔ တစ္ျပိဳင္နက္ ျပင္သစ္လိဂ္ကို ေျပာင္းမွာျဖစ္တယ္။ ကစားသမားရဲ႕ ပေရာ္ဖက္ရွင္နယ္ဆန္မႈကို ကေလာ့ပ္ေကာ စတီဗင္ဂ်ရတ္ပါ ႏွစ္သက္ျခင္းေၾကာင့္ စာခ်ဳပ္ေတြ ေပးၾကေပမယ့္ အနာဂတ္အတြက္ ရည္ရြယ္တဲ့ ဆံုးျဖတ္ခ်က္ကိုပဲ ခ်ီရီဗီလာက လုပ္ေဆာင္သြားမွာျဖစ္တယ္။

၂၀၁၃ ခုႏွစ္တည္းက လီဗာပူးကို ေရာက္လာတဲ့ ခ်ီရီဗီလာဟာ စီနီယာပြဲေတြ အမ်ားၾကီး ကစားခြင့္ မရေပမယ့္ လီဗာပူးအဝတ္လဲခန္းမွာပါ လူသိမ်ားတဲ့ လူငယ္ကစားသမားတစ္ဦး ျဖစ္ပါတယ္။ သူဟာ ဒီရာသီမွာ စီနီယာပြဲ ၆ ပြဲထိ ကစားခြင့္ပါ ရရွိခဲ့တယ္။

ေနာက္ထပ္ သတင္းက လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ နီကိုး ဝီလီယမ္ကို အငွားခ်မွာ မဟုတ္ဘဲ လာမယ့္ရာသီမွာ ထရန္႔ရဲက အရန္အျဖစ္ ေနရာေပးသြားမွာ ျဖစ္ပါတယ္။ အသက္ ၁၉ ႏွစ္အရြယ္ အစြန္လူဟာ ဒီရာသီမွာ ကေလာ့ပ္ရဲ႕ ယံုၾကည္မႈကို ရယူႏုိင္ခဲ့ျပီး ညာအစြန္အတြက္ ဒုတိယဦးစားေပးအဆင့္ထိ ျမင့္ေပးဖို႔ကို ကေလာ့ပ္က ဆံုးျဖတ္လုိက္တာလို႔ သတင္းေထာက္ David Lynch က ေျပာပါတယ္။

ဒီရာသီ လူငယ္အသင္းအတြက္ ၂၄ ပြဲ ကစားျပီး ကိုယ္တိုင္ ၃ ဂိုးသြင္းကာ ဂိုးေထာက္ပံ့မႈ ၇ ၾကိမ္ လုပ္ႏုိင္တဲ့ နီကိုးဟာ စီနီယာအဆင့္မွာလည္း ၅ ပြဲ ကစားထားျပီး ဂိုးေထာက္ပံံမႈ ၃ ၾကိမ္ လုပ္ျပထားပါတယ္။ အနာဂတ္မွာ ထရန္႔က အျခားေသာ ေနရာေတြကို ေျပာင္းကစားခဲ့မယ္ဆိုရင္ နီကိုးက ညာအစြန္ေနရာကို ျမဲျမံစြာယူႏုိင္မယ္လို႔ လီဗာပူးနည္းျပအဖြဲ႔က ယံုၾကည္ေနပါတယ္။