ပြင်သစ်ကနေ ဖော်ပြလာတဲ့ သတင်းတွေအရ ကွင်းလယ်လူ ချီရီဗီလာဟား ပြင်သစ်ကလပ် နန့်တက်အသင်းထံပဲ ၃ နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့သွားတော့မှာ ဖြစ်ပါတယ်။

သတင်းထောက် David Lynch က ဖော်ပြရာမှာ လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်ဟာ အသက် ၁၉ နှစ်အရွယ် ညာအစွန်လူ နီကိုး ဝီလီယမ်ကို အငှားချမှာ မဟုတ်ဘဲ လာမယ့်ရာသီမှာ ထရန့်ရဲ့ အရန်အဖြစ် နေရာပေးသွားမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ လာမယ့် ၁၄ ရက်အတွင်း ပရီးမီးယားလိဂ် အိမ်ကွင်းပွဲ လက်ကျန် ၄ ပွဲအတွက် တစ်ရာသီစာ လက်မှတ်တွေ ကိုင်ဆောင်ထားတဲ့ ပရိသတ်တွေကို ငွေပြန်အမ်းပေမယ်လို့ ကြေညာလိုက်ပါတယ်။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ် အိမ်ကွင်း လက်ကျန်ပွဲတွေကို ပရိသတ် ဝင်ခွင့်မပေးဘဲ ယှဉ်ပြိုင်ရမှာဖြစ်လို့ ပေါင် ၁၂.၉ သန်းထိ ဆုံးရံှူးမှာဖြစ်သလို လာမယ့်ရာသီမှာ ဘောလုံးပွဲတွေကို ပရိသတ် မပါပဲ ကစားရမယ်ဆိုရင် လီဗာပူးဟာ ပေါင် ၈၄ သန်းလောက်ထိ ဝင်ငွေ ဆုံးရံှုးရဖို့ရှိနေပါတယ်။

မနှစ်ကရာသီ လူငယ် အက်ဖ်အေဖလား အနိုင်ရ လီဗာပူး ယူ-၁၈ အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်းဖြစ်သလို ကြံ့ခိုင်မှု ပြန်ကောင်းလာရင် စီနီယာအသင်းအတွက် ခေါ်ယူမယ်လို့ ကလော့ပ် ကိုယ်တိုင်ပေးတဲ့ ကတိစကားကိုပါ ပိုင်ဆိုင်ထားတဲ့ လူငယ်တိုက်စစ်မှူး ဂလေဇယ်ဟာ လေ့ကျင့်ရေး ပြန်ဝင်လာခဲ့ပါပြီ။

လီဗာပူးမန်နေဂျာ ကလော့ပ် နှစ်သက်ကြောင်း သတင်းထွက်ထားတဲ့ လေဗာကူဆင်မှ ဘိုင်လေနဲ့ ဗလန်စီယာမှ ဖာရန် တောရက်စ်တို့ကို ခေါ်ယူနိုင်ဖို့ မန်စီးတီးအသင်းကလည်း ကြားဝင်လာပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ် အထင်ကရ တိုက်စစ်သမားတွေဖြစ်တဲ့ အွန်နရီနဲ့ ဗန်ပါစီတို့ မရှိလို့ ဗန်ဒိုက်က လူတွင်ကျယ်လုပ်နေတယ်ဆိုတဲ့ ချယ်ဆီးကစားသမားဟောင်း ဘောလက်ရဲ့ စကားကို ဟန်ဒါဆန်က ဗန်ဒိုက်နဲ့ တစ်ခတ်ထဲမရှိတာ အဲ့တိုက်စစ်သမားတွေ ကံကောင်းတာပါလို့ တုန့်ပြန်လိုက်ပါတယယ်။

မဲဝုဒ်ကို ပြန်ဝင်နေပြီဖြစ်တဲ့ ဂိုးမက်စ်က ထိတွေ့မှုနဲ့အတူ လေ့ကျင့်ခွင့် မရသေးပေမယ့် အသင်းဖော်တွေ ပြိုင်ဆိုင်မှု ပြင်းထန်နေကြပြီး အားလုံးက ကွင်းထဲမှာ ဘောလုံးကစားလိုနေကြပြီလို့ ပြောပါတယ်။

ဗြိတိန် နာမည်ကျော် မီဒီယာဖြစ်တဲ့ BBC Sport က ကမ္ဘာအကောင်းဆုံး ကစားသမားတွေအဖြစ် ဘလွန်းဒီအော့ဆုကို ဆယ်စုနှစ်တိုင် အပြိုင်လုနေကြတဲ့ မက်ဆီ ရော်နယ်ဒို ခေတ်လွန်မှာ အမ်ဘတ်ပီ၊ ထရန့်၊ ဆန်ချိုတို့တွေ အပြိုင်တောက်ပလာမယ်လို့ သုံးသပ်သွားပါတယ်။

လီဗာပူးအသင်းက ဝါနာကို ခေါ်ယူလိုက်မယ်ဆိုရင် တိုက်စစ်ပိုင်းမှာ ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးသာသွားမှာဖြစ်လို့ ခေါ်ယူခွင့်မရအောင် တားဆီးဖို့လိုအပ်မယ်လို့ ချယ်ဆီးနဲ့ ယူနိုက်တက် ပရိသတ်တွေက သက်ဆိုင်ရာအသင်းတွေကို သတိပေးသွားပါတယ်။

ZAWGYI

ျပင္သစ္ကေန ေဖာ္ျပလာတဲ့ သတင္းေတြအရ ကြင္းလယ္လူ ခ်ီရီဗီလာဟား ျပင္သစ္ကလပ္ နန္႔တက္အသင္းထံပဲ ၃ ႏွစ္စာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔သြားေတာ့မွာ ျဖစ္ပါတယ္။

သတင္းေထာက္ David Lynch က ေဖာ္ျပရာမွာ လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္ဟာ အသက္ ၁၉ ႏွစ္အရြယ္ ညာအစြန္လူ နီကိုး ဝီလီယမ္ကို အငွားခ်မွာ မဟုတ္ဘဲ လာမယ့္ရာသီမွာ ထရန္႔ရ႔ဲ အရန္အျဖစ္ ေနရာေပးသြားမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ လာမယ့္ ၁၄ ရက္အတြင္း ပရီးမီးယားလိဂ္ အိမ္ကြင္းပြဲ လက္က်န္ ၄ ပြဲအတြက္ တစ္ရာသီစာ လက္မွတ္ေတြ ကိုင္ေဆာင္ထားတဲ့ ပရိသတ္ေတြကို ေငြျပန္အမ္းေပမယ္လို႔ ေၾကညာလိုက္ပါတယ္။

လီဗာပူးဟာ ဒီရာသီ ပရီးမီးယားလိဂ္ အိမ္ကြင္း လက္က်န္ပြဲေတြကို ပရိသတ္ ဝင္ခြင့္မေပးဘဲ ယွဥ္ျပိဳင္ရမွာျဖစ္လို႔ ေပါင္ ၁၂.၉ သန္းထိ ဆံုးရံွဴးမွာျဖစ္သလို လာမယ့္ရာသီမွာ ေဘာလံုးပြဲေတြကို ပရိသတ္ မပါပဲ ကစားရမယ္ဆိုရင္ လီဗာပူးဟာ ေပါင္ ၈၄ သန္းေလာက္ထိ ဝင္ေငြ ဆံုးရံွဳးရဖို႔ရွိေနပါတယ္။

လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္ ႏွစ္သက္ေၾကာင္း သတင္းထြက္ထားတဲ့ ေလဗာကူဆင္မွ ဘိုင္ေလနဲ႔ ဗလန္စီယာမွ ဖာရန္ ေတာရက္စ္တို႔ကို ေခၚယူႏုိင္ဖို႔ မန္စီးတီးအသင္းကလည္း ၾကားဝင္လာျပီျဖစ္ပါတယ္။

မႏွစ္ကရာသီ လူငယ္ အက္ဖ္ေအဖလား အႏုိင္ရ လီဗာပူး ယူ-၁၈ အသင္းရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းျဖစ္သလို ၾကံ႕ခိုင္မႈ ျပန္ေကာင္းလာရင္ စီနီယာအသင္းအတြက္ ေခၚယူမယ္လို႔ ကေလာ့ပ္ ကိုယ္တိုင္ေပးတဲ့ ကတိစကားကိုပါ ပိုင္ဆိုင္ထားတဲ့ လူငယ္တိုက္စစ္မွဴး ဂေလဇယ္ဟာ ေလ့က်င့္ေရး ျပန္ဝင္လာခဲ့ပါျပီ။

ပရီးမီးယားလိဂ္ အထင္ကရ တိုက္စစ္သမားေတြျဖစ္တဲ့ အြန္နရီနဲ႔ ဗန္ပါစီတို႔ မရွိလို႔ ဗန္ဒိုက္က လူတြင္က်ယ္လုပ္ေနတယ္ဆိုတဲ့ ခ်ယ္ဆီးကစားသမားေဟာင္း ေဘာလက္ရဲ႕ စကားကို ဟန္ဒါဆန္က ဗန္ဒိုက္နဲ႔ တစ္ခတ္ထဲမရွိတာ အဲ့တိုက္စစ္သမားေတြ ကံေကာင္းတာပါလို႔ တုန္႔ျပန္လုိက္ပါတယယ္။

မဲဝုဒ္ကို ျပန္ဝင္ေနျပီျဖစ္တဲ့ ဂိုးမက္စ္က ထိေတြ႔မႈနဲ႔အတူ ေလ့က်င့္ခြင့္ မရေသးေပမယ့္ အသင္းေဖာ္ေတြ ျပိဳင္ဆိုင္မႈ ျပင္းထန္ေနၾကျပီး အားလံုးက ကြင္းထဲမွာ ေဘာလံုးကစားလိုေနၾကျပီလို႔ ေျပာပါတယ္။

ျဗိတိန္ နာမည္ေက်ာ္ မီဒီယာျဖစ္တဲ့ BBC Sport က ကမၻာအေကာင္းဆံုး ကစားသမားေတြအျဖစ္ ဘလြန္းဒီေအာ့ဆုကို ဆယ္စုႏွစ္တိုင္ အျပိဳင္လုေနၾကတဲ့ မက္ဆီ ေရာ္နယ္ဒို ေခတ္လြန္မွာ အမ္ဘတ္ပီ၊ ထရန္႔၊ ဆန္ခ်ိဳတို႔ေတြ အျပိဳင္ေတာက္ပလာမယ္လို႔ သံုးသပ္သြားပါတယ္။

လီဗာပူးအသင္းက ဝါနာကို ေခၚယူလိုက္မယ္ဆိုရင္ တိုက္စစ္ပိုင္းမွာ ျပိဳင္ဘက္ေတြထက္ ေခါင္းတစ္လံုးသာသြားမွာျဖစ္လို႔ ေခၚယူခြင့္မရေအာင္ တားဆီးဖို႔လိုအပ္မယ္လို႔ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္ ပရိသတ္ေတြက သက္ဆုိင္ရာအသင္းေတြကို သတိေပးသြားပါတယ္။