ဒီအပတ်အတွင်း ဆော်ဒီနောက်ခံပြုတဲ့ ရင်းနှီးမြုပ်နှံမှုအဖွဲ့က ပေါင် သန်း ၃၀၀ ဖြင့် လွဲပြောင်းယူသွားမယ့် နယူးကာဆယ်ဟာ ရာသီသစ်အတွက် ကစားသမား ချိန်ရွယ်မှုတွေကို စတင် ပြုလုပ်နေပြီလို့ သိရပါတယ်။
ပိုင်ရှင်သစ် လွဲပြောင်းမှုပြီးရင် နယူးကာဆယ်ဟာ ပရီးမီးယားလိဂ်မှာ ဓနအင်အား အကြွယ်ဝဆုံး ပိုင်ရှင်တွေကို ပိုင်ဆိုင်တဲ့ ကလပ်ဖြစ်လာမှာပါ။ စပါးမန်နေဂျာဟောင်း ပိုချက်တီနိုနဲ့ လီဗာပူးမန်နေဂျာဟောင်း ဘင်နီတက်စ်တို့ထဲက တစ်ဦးကို မန်နေဂျာသစ်အဖြစ် ခန့်အပ်မယ်လို့ သတင်းကြီးနေတဲ့ နယူးကာဆယ်ဟာ ဒီနွေမှာတော့ ကြီး ၆ ကြီး အသင်းမှ အပယ်ခံ ကစားသမားတွေကို အဓိက ခေါ်ယူသွားမှာပါ။
နယူးကာဆယ်ဟာ ချယ်ဆီးမှ ဘာကလေ၊ မန်စီးတီးမှ ဂျွန်စတုန်းလို ကစားသမားတွေကို အဓိက ပစ်မှတ်တွေအဖြစ် ချိန်ရွယ်ထားပါတယ်။ သူတို့ရဲ့ ပစ်မှတ်ထဲမှာ ပါဝင်လာတဲ့ လီဗာပူးအသင်းသားကတော့ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမား ရှာကွီရီဖြစ်တယ်။ ဒီရာသီကို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ဆွစ်ဇလန်ကစားသမားဟာ ကိုရိုနာကပ်ဘေးကြောင့် ဘောလုံးပွဲတွေ ရပ်နားထားချိန်မှာ ကြံ့ခိုင်မှုတွေ ပြန်ကောင်းလာနေပြီဖြစ်ပါတယ်။
လီဗာပူးဟာ နွေအတွက် အစီအစဉ်တွေကို ဆိုင်းငံ့ထားပေမယ့် လိုဗရန်၊ ရှာကွီရီတို့ကို နွေမှာ ရောင်းထုတ်ကာ လယ်လာနာ၊ ကလိုင်း၊ လိုနာဂန်တို့ကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ လက်လွတ်သွားမှာပါ။ ဒါ့အပြင် ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ရဲ့ အနာဂတ်တွေကိုလည်း စဉ်းစားပေးရမှာဖြစ်တယ်။
အသုံးစရိတ် လျော့ချခြင်းနဲ့ ရှာကွီရီလို ပွဲထွက်ခွင့်မရဖြစ်နေတဲ့ ကစားသမား ရောင်းထုတ်မှုတွေဟာ တီမိုဝါနာလို ကလောပ့်အကြိုက် ကစားသမားကို ခေါ်ယူပေးဖို့ အကူအညီဖြစ်မှာပါ။ ဇန်နဝါရီတုန်းက ရိုးမားနဲ့ ဆီးဗီးလာတို့က ရှာကွီရီအတွက် အငှားကမ်းလှမ်းခဲ့ပေမယ့် လီဗာပူးက ပယ်ချခဲ့ပြီး အပြီးသတ် ရောင်းထုတ်ဖို့ကိုပဲ အလိုရှိနေတာဖြစ်ပါတယ်။
ZAWGYI
ဒီအပတ္အတြင္း ေဆာ္ဒီေနာက္ခံျပဳတဲ့ ရင္းႏွီးျမဳပ္ႏွံမႈအဖြဲ႔က ေပါင္ သန္း ၃၀၀ ျဖင့္ လြဲေျပာင္းယူသြားမယ့္ နယူးကာဆယ္ဟာ ရာသီသစ္အတြက္ ကစားသမား ခ်ိန္ရြယ္မႈေတြကို စတင္ ျပဳလုပ္ေနျပီလို႔ သိရပါတယ္။
ပိုင္ရွင္သစ္ လြဲေျပာင္းမႈျပီးရင္ နယူးကာဆယ္ဟာ ပရီးမီးယားလိဂ္မွာ ဓနအင္အား အၾကြယ္ဝဆံုး ပိုင္ရွင္ေတြကို ပိုင္ဆိုင္တဲ့ ကလပ္ျဖစ္လာမွာပါ။ စပါးမန္ေနဂ်ာေဟာင္း ပိုခ်က္တီႏိုနဲ႔ လီဗာပူးမန္ေနဂ်ာေဟာင္း ဘင္နီတက္စ္တို႔ထဲက တစ္ဦးကို မန္ေနဂ်ာသစ္အျဖစ္ ခန္႔အပ္မယ္လို႔ သတင္းၾကီးေနတဲ့ နယူးကာဆယ္ဟာ ဒီေႏြမွာေတာ့ ၾကီး ၆ ၾကီး အသင္းမွ အပယ္ခံ ကစားသမားေတြကို အဓိက ေခၚယူသြားမွာပါ။
နယူးကာဆယ္ဟာ ခ်ယ္ဆီးမွ ဘာကေလ၊ မန္စီးတီးမွ ဂၽြန္စတုန္းလို ကစားသမားေတြကို အဓိက ပစ္မွတ္ေတြအျဖစ္ ခ်ိန္ရြယ္ထားပါတယ္။ သူတို႔ရဲ႕ ပစ္မွတ္ထဲမွာ ပါဝင္လာတဲ့ လီဗာပူးအသင္းသားကေတာ့ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမား ရွာကီြရီျဖစ္တယ္။ ဒီရာသီကို ဒဏ္ရာ ျပႆနာေတြနဲ႔ ရုန္းကန္ေနရတဲ့ ဆြစ္ဇလန္ကစားသမားဟာ ကိုရိုနာကပ္ေဘးေၾကာင့္ ေဘာလံုးပြဲေတြ ရပ္နားထားခ်ိန္မွာ ၾကံ႕ခိုင္မႈေတြ ျပန္ေကာင္းလာေနျပီျဖစ္ပါတယ္။
လီဗာပူးဟာ ေႏြအတြက္ အစီအစဥ္ေတြကို ဆိုင္းငံ့ထားေပမယ့္ လိုဗရန္၊ ရွာကီြရီတို႔ကို ေႏြမွာ ေရာင္းထုတ္ကာ လယ္လာနာ၊ ကလိုင္း၊ လိုနာဂန္တို႔ကို အလြတ္ေျပာင္းေရႊ႔ေၾကးေတြနဲ႔ လက္လြတ္သြားမွာပါ။ ဒါ့အျပင္ ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ရဲ႕ အနာဂတ္ေတြကိုလည္း စဥ္းစားေပးရမွာျဖစ္တယ္။
အသံုးစရိတ္ ေလ်ာ့ခ်ျခင္းနဲ႔ ရွာကီြရီလို ပြဲထြက္ခြင့္မရျဖစ္ေနတဲ့ ကစားသမား ေရာင္းထုတ္မႈေတြဟာ တီမိုဝါနာလို ကေလာပ့္အၾကိဳက္ ကစားသမားကို ေခၚယူေပးဖို႔ အကူအညီျဖစ္မွာပါ။ ဇန္နဝါရီတုန္းက ရိုးမားနဲ႔ ဆီးဗီးလာတို႔က ရွာကီြရီအတြက္ အငွားကမ္းလွမ္းခဲ့ေပမယ့္ လီဗာပူးက ပယ္ခ်ခဲ့ျပီး အျပီးသတ္ ေရာင္းထုတ္ဖို႔ကိုပဲ အလိုရွိေနတာျဖစ္ပါတယ္။