ပရီးမီးယားလိဂ်ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကို စက်တင်ဘာလ ၁၂-၁၃ ရက်တွေမှာ ပြန်စလိုတယ်လို့ ရှယ်ယာရှင်များ အစည်းအဝေးမှာ ကလပ်တွေကို အကြောင်းကြားမှု လုပ်ခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီ လက်ကျန်ပွဲတွေကို နောက်လထဲမှာ ပြန်စတင်ဖို့ လုပ်နေပေမယ့် အခုချိန်ထိ တရားဝင်ရက်ကို ကြေညာပေးနိုင်ခြင်း မရှိသေးပါဘူး။ ဆက်လက် လုပ်ဆောင်နေပြီး တိုးတက်နေပေမယ့် နှေးကွေးတဲ့ တိုးတက်မှုအဖြစ်ပဲ အဖွဲ့ငယ်နဲ့ လေ့ကျင့်မှုတွေကို ခွင့်ပြုထားတာဖြစ်တယ်။
မျှော်လင့်ထားသလို ဇွန်လထဲမှာ ဘောလုံးပွဲတွေ ပြန်စနိုင်ရင်တော့ ဇူလိုင်လထဲမှာ လက်ရှိ ဘောလုံးရာသီကို အပြီးသတ်နိုင် ပါလိမ့်မယ်။ ဒါဆိုရင်တော့ သြဂုတ်လနဲ့ စက်တင်ဘာလ ပထမအပတ်တွေကို အနားယူရမယ့် ကာလတွေအဖြစ် ရရှိမှာပါ။ ကိုရိုနာကပ်ဘေးကြောင့် ဒီရာသီနဲ့ လာမယ့်ရာသီကြား အနားယူချိန်က အများကြီး မဖြစ်နိုင်တော့တာကိုတော့ သိထားရပြီဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ပြန်စရေး အစီအစဉ်တွေကို ဦးတည်နေပေမယ့် တိုးတက်မှုတွေ သိပ်နှေးကွေးတာကတော့ စိတ်ပျက်စရာပါ။ ဒီလို အခြေအနေမှာ ပရီးမီးယားလိဂ် အစည်းအဝေးက လာမယ့် နွေဈေးကွက် ဖွင့်ဖို့နဲ့ ရာသီသစ် စတင်ဖို့လို ကိစ္စတွေကိုပါ ထပ်ပြီး ဆွေးနွေးလာခဲ့တာဖြစ်တယ်။
ဘောလုံးရာသီ မပယ်ဖျက်ဖို့နဲ့ လက်ရှိရာသီ အဆုံးသတ်ရေးက ဦးစားပေးအဖြစ် ကလပ်တွေက လက်ခံထားပြီး ဒီအပတ်မှာ ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေ စတင်နိုင်ဖို့ စီစဉ်ထားတယ်။ ဒါဆိုရင်တော့ ဘောလုံးပွဲတွေကို မူလမျှော်လင့်ထားတာထက် အနည်းငယ် နောက်ကျပြီး ဇွန်လ ၁၉ ရက် (သို့) ဇွန်လ ၂၆ ရက်မှာ အစောဆုံး ကစားနိုင်မှာ ဖြစ်ပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ကေတာ့ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီကို စက္တင္ဘာလ ၁၂-၁၃ ရက္ေတြမွာ ျပန္စလိုတယ္လို႔ ရွယ္ယာရွင္မ်ား အစည္းအေဝးမွာ ကလပ္ေတြကို အေၾကာင္းၾကားမႈ လုပ္ခဲ့ျပီျဖစ္ပါတယ္။
ဒီရာသီ လက္က်န္ပြဲေတြကို ေနာက္လထဲမွာ ျပန္စတင္ဖို႔ လုပ္ေနေပမယ့္ အခုခ်ိန္ထိ တရားဝင္ရက္ကို ေၾကညာေပးႏုိင္ျခင္း မရွိေသးပါဘူး။ ဆက္လက္ လုပ္ေဆာင္ေနျပီး တိုးတက္ေနေပမယ့္ ေႏွးေကြးတဲ့ တိုးတက္မႈအျဖစ္ပဲ အဖြဲ႔ငယ္နဲ႔ ေလ့က်င့္မႈေတြကို ခြင့္ျပဳထားတာျဖစ္တယ္။
ေမွ်ာ္လင့္ထားသလို ဇြန္လထဲမွာ ေဘာလံုးပြဲေတြ ျပန္စႏုိင္ရင္ေတာ့ ဇူလိုင္လထဲမွာ လက္ရွိ ေဘာလံုးရာသီကုိ အျပီးသတ္ႏုိင္ ပါလိမ့္မယ္။ ဒါဆိုရင္ေတာ့ ၾသဂုတ္လနဲ႔ စက္တင္ဘာလ ပထမအပတ္ေတြကို အနားယူရမယ့္ ကာလေတြအျဖစ္ ရရွိမွာပါ။ ကိုရိုနာကပ္ေဘးေၾကာင့္ ဒီရာသီနဲ႔ လာမယ့္ရာသီၾကား အနားယူခ်ိန္က အမ်ားၾကီး မျဖစ္ႏုိင္ေတာ့တာကိုေတာ့ သိထားရျပီျဖစ္ပါတယ္။
ပရီးမီးယားလိဂ္ ျပန္စေရး အစီအစဥ္ေတြကို ဦးတည္ေနေပမယ့္ တိုးတက္မႈေတြ သိပ္ေႏွးေကြးတာကေတာ့ စိတ္ပ်က္စရာပါ။ ဒီလို အေျခအေနမွာ ပရီးမီးယားလိဂ္ အစည္းအေဝးက လာမယ့္ ေႏြေစ်းကြက္ ဖြင့္ဖို႔နဲ႔ ရာသီသစ္ စတင္ဖို႔လို ကိစၥေတြကိုပါ ထပ္ျပီး ေဆြးေႏြးလာခဲ့တာျဖစ္တယ္။
ေဘာလံုးရာသီ မပယ္ဖ်က္ဖို႔နဲ႔ လက္ရွိရာသီ အဆံုးသတ္ေရးက ဦးစားေပးအျဖစ္ ကလပ္ေတြက လက္ခံထားျပီး ဒီအပတ္မွာ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္ေရးေတြ စတင္ႏုိင္ဖို႔ စီစဥ္ထားတယ္။ ဒါဆိုရင္ေတာ့ ေဘာလံုးပြဲေတြကို မူလေမွ်ာ္လင့္ထားတာထက္ အနည္းငယ္ ေနာက္က်ျပီး ဇြန္လ ၁၉ ရက္ (သို႔) ဇြန္လ ၂၆ ရက္မွာ အေစာဆံုး ကစားႏုိင္မွာ ျဖစ္ပါတယ္။