လီဗာပူးအသင်းဟာ ယခင် ဆောက်သမ်တန်အသင်းကို လုပ်ခဲ့သလို ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်အသင်းမှ ကစားသမားတွေကို ခေါ်ယူဖို့ ဆက်တိုက် စောင့်ကြည့်မှုတွေ လုပ်လာနေခဲ့ပြီလို့ မာဆေးဆိုဒ်အခြေစိုက် သတင်းဌာနက ဖော်ပြပါတယ်။

လိုဗရန်၊ လယ်လာနာ၊ လမ်ဘတ်၊ ကလိုင်း၊ ဗန်ဒိုက် အစရှိတဲ့ ကစားသမားတွေကို ရောင်းထုတ်ပေးခဲ့ခြင်းကြောင့် ဆောက်သမ်တန်ကိုတော့ လီဗာပူးရဲ့ အကယ်ဒမီအသင်းရယ်လို့ လှောင်ပြောင်ခဲ့ကြတယ်။ ဒီတစ်ကြိမ်မှာတော့ ကီတာကို ရောင်းထုတ်ပေးထားတဲ့ လိုက်ဇစ်ထံက တိုက်စစ်မှူး ဝါနာအပြင် အသက် ၂၃ နှစ်အရွယ် ခံစစ်သမား လူးကပ် ကိုလိုစတာမန်းကို လီဗာပူးဘက်က ချိန်ရွယ်လာပါတယ်။

လိုက်ဇစ်ဟာ ခံစစ် သုံးယောက်တန်းကို အသုံးပြုတဲ့ အသင်းဖြစ်ပြီး ကိုလိုစတာမန်က အဆိုပါ ခံစစ် သုံးနေရာလုံးအပြင် အစွန်နှစ်နေရာလုံးကို အကောင်းဆုံး ကစားနိုင်တာပါ။ သူဟာ ဒီရာသီမှာ ဘယ်အစွန်၊ ညာအစွန်နဲ့ ဗဟိုခံစစ်မှူး နှစ်နေရာလုံးကို ကစားနေတာဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ဗဟိုခံစစ်မှူးနေရာကို ကစားနေပါတယ်။

မန်နေဂျာကလော့ပ်က နွေမှာ လိုဗရန်ကို ရောင်းထုတ်ဖို့နဲ့ ညာအစွန်နေရာအတွက် နီကိုးကိုပဲ အရန်အဖြစ် သုံးဖို့ ရည်ရွယ်ထားတယ်။ လူငယ်အသင်းမှ ဟိုဗာတို့ကို အသုံးပြုဖို့ကလည်း ငယ်ရွယ်နေတာကြောင့် ကိုလိုစတာမန်းလို စွယ်စုံရ ခံစစ်သမားကို မျက်စိကျလာခဲ့ခြင်း ဖြစ်ပါတယ်။

ထရန့်နဲ့ ရော်ဘတ်ဆန်တို့ နေရာကိုပါ လိုအပ်ရင် ဝင်ကစားနိုင်သလို ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ရဲ့ ဗဟိုခံစစ်မှူး နေရာကိုလည်း အင်အားဖြည့်နိုင်တဲ့ ကိုလိုစတာမန်းဟာ လီဗာပူး လိုအပ်တဲ့ ခံစစ်ပိုင်း အရန်အင်အားအတွက် မှန်ကန်မယ့် ကစားသမားလို့ ကလပ်ဘက်က ယူဆနေပါကြောင်း လီဗာပူးအခြေစိုက် သတင်းက ဖော်ပြသွားခဲ့ခြင်း ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ယခင္ ေဆာက္သမ္တန္အသင္းကို လုပ္ခဲ့သလို ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္အသင္းမွ ကစားသမားေတြကို ေခၚယူဖို႔ ဆက္တိုက္ ေစာင့္ၾကည့္မႈေတြ လုပ္လာေနခဲ့ျပီလို႔ မာေဆးဆိုဒ္အေျခစိုက္ သတင္းဌာနက ေဖာ္ျပပါတယ္။

လိုဗရန္၊ လယ္လာနာ၊ လမ္ဘတ္၊ ကလိုင္း၊ ဗန္ဒိုက္ အစရွိတဲ့ ကစားသမားေတြကို ေရာင္းထုတ္ေပးခဲ့ျခင္းေၾကာင့္ ေဆာက္သမ္တန္ကိုေတာ့ လီဗာပူးရဲ႕ အကယ္ဒမီအသင္းရယ္လို႔ ေလွာင္ေျပာင္ခဲ့ၾကတယ္။ ဒီတစ္ၾကိမ္မွာေတာ့ ကီတာကို ေရာင္းထုတ္ေပးထားတဲ့ လိုက္ဇစ္ထံက တိုက္စစ္မွဴး ဝါနာအျပင္ အသက္ ၂၃ ႏွစ္အရြယ္ ခံစစ္သမား လူးကပ္ ကိုလိုစတာမန္းကို လီဗာပူးဘက္က ခ်ိန္ရြယ္လာပါတယ္။

လိုက္ဇစ္ဟာ ခံစစ္ သံုးေယာက္တန္းကို အသံုးျပဳတဲ့ အသင္းျဖစ္ျပီး ကိုလိုစတာမန္က အဆိုပါ ခံစစ္ သံုးေနရာလံုးအျပင္ အစြန္ႏွစ္ေနရာလံုးကို အေကာင္းဆံုး ကစားႏုိင္တာပါ။ သူဟာ ဒီရာသီမွာ ဘယ္အစြန္၊ ညာအစြန္နဲ႔ ဗဟိုခံစစ္မွဴး ႏွစ္ေနရာလံုးကို ကစားေနတာျဖစ္ပါတယ္။ အဓိကအားျဖင့္ေတာ့ ဗဟိုခံစစ္မွဴးေနရာကို ကစားေနပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ေႏြမွာ လိုဗရန္ကို ေရာင္းထုတ္ဖို႔နဲ႔ ညာအစြန္ေနရာအတြက္ နီကိုးကိုပဲ အရန္အျဖစ္ သံုးဖို႔ ရည္ရြယ္ထားတယ္။ လူငယ္အသင္းမွ ဟိုဗာတို႔ကို အသံုးျပဳဖို႔ကလည္း ငယ္ရြယ္ေနတာေၾကာင့္ ကိုလိုစတာမန္းလို စြယ္စံုရ ခံစစ္သမားကို မ်က္စိက်လာခဲ့ျခင္း ျဖစ္ပါတယ္။

ထရန္႔နဲ႔ ေရာ္ဘတ္ဆန္တို႔ ေနရာကိုပါ လိုအပ္ရင္ ဝင္ကစားႏုိင္သလို ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ရဲ႕ ဗဟိုခံစစ္မွဴး ေနရာကိုလည္း အင္အားျဖည့္ႏုိင္တဲ့ ကိုလိုစတာမန္းဟာ လီဗာပူး လိုအပ္တဲ့ ခံစစ္ပိုင္း အရန္အင္အားအတြက္ မွန္ကန္မယ့္ ကစားသမားလို႔ ကလပ္ဘက္က ယူဆေနပါေၾကာင္း လီဗာပူးအေျခစိုက္ သတင္းက ေဖာ္ျပသြားခဲ့ျခင္း ျဖစ္ပါတယ္။