လီဗာပူးအသင်းဟာ နှစ်ပေါင်း ၃၀ ကြာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရဖို့ နီးစပ်နေပေမယ့် ဝမ်းနည်းစရာက ဆုဖလား အနိုင်ရရင်လည်း ပရိသတ်တွေက ကွင်းထဲမှာ ရှိနေမှာ မဟုတ်ပါဘူး။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က ဒါကို သိပြီး ပရိသတ် မပါဘဲ အောင်ပွဲခံရခြင်းက ထူးဆန်းလိမ့်မယ်လို့ ဝန်ခံတယ်။ ဟန်ဒါဆန်ကတော့ ဆုဖလားအနိုင်ရဖို့ လုံလောက်သေးတာလည် မဟုတ်ခြင်းကြောင့် လက်ကျန် ရာသီကို ပြန်စရင် ဖြစ်နိုင်သမျှ အမြင့်ဆုံး အခြေအနေနဲ့ ရာသီသိမ်းနိုင်အောင် ကြိုးစားကြဖို့ကိုပဲ တိုက်တွန်းပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်က ပရိသတ်မပါဘဲ အောင်ပွဲခံရမယ်ဆိုတာက လီဗာပူးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပြီလို့ ဆိုလိုတာဖြစ်ပြီး တစ်ရက်မှာ ပရိသတ်တွေ ကွင်းထဲ ပြန်ဝင်လာကြရင် နောက်တစ်ကြိမ် အတူအောင်ပွဲခံနိုင်ကြမယ်လို့ သူယုံကြည်ကြောင်း ပြောပါတယ်။

ဟန်ဒါဆန်က ” ဟုတ်ပါတယ် ခံစားချက်တွေက ထူးခြားပါလိမ့်မယ်။ ဘယ်ဆုဖလားမဆို လက်ခံရရှိပြီး ပရိသတ် မရှိဘူးဆိုရင် ထူးဆန်းတယ်လို့ ခံစားရမှာပဲ မဟုတ်လား။ အဲ့အတွက်လည်း မပြီးသေးပါဘူး။ ကျနေ်ာတို့ အလုပ်တွေ လုပ်ရဦးမှာ ဖြစ်သလို ရာသီကုန် အဆုံးသတ်ချိန်ထိ အမြင့်ဆုံး အဆင့်တွေမှာ အကောင်းဆုံး စွမ်းဆောင်ပြဖို့ လိုအပ်နေဦးမှာပါ။

ဘောလုံးရာသီ အပြီးသတ် အဆုံးသတ်ချိန်ထိ ကျနေ်ာတို့ အမြင့်ဆုံးနဲ့ကို ရာသီ သိမ်းလိုပါတယ်။ အဲ့တာပြီးရင် ဆုဖလား အောင်မြင်တာဖြစ်ဖြစ် အခြားဘာပဲဖြစ်ဖြစ် ဖြစ်လာမှာပေါ့။ ဆုဖလား အနိုင်ရလို့ ပရိသတ်တွေ မရှိရင်လည်း အဲ့အချိန်ကျမှ ရင်ဆိုင်ကြတာပေါ့ဗျာ။ ဆုဖလား အနိုင်ရဖို့ပဲ မျှော်လင့်ပါတယ်။ ကျနေ်ာတို့က အရမ်းကောင်းတဲ့ အခြေအနေမှာ ရှိနေတာလေ။

ဒီအခြေအနေကို ရောက်ခဲ့ရင်လည်း ကျနေ်ာတို့က ပရီးမီးယားလိဂ်ဖလားကို အနိုင်ရပြီး ဖြစ်မှာပါ။ အဲ့အတွက် အရမ်းပျော်ရမှာပေါ့ဗျာ။ ဒါပြီးရင် အနာဂတ်ကို ကြည့်ရမှာပေါ့။ ကွင်းထဲကို ပရိသတ်တွေ ဝင်ခွင့်ရတဲ့ အချိန်ကျရင် ကျနေ်ာတို့တွေ အတူတကွ အောင်ပွဲခံမှု အချို့ကို လုပ်နိုင်မယ်ဆိုတာ ကျနော် ယုံပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ႏွစ္ေပါင္း ၃၀ ၾကာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ရဖို႔ နီးစပ္ေနေပမယ့္ ဝမ္းနည္းစရာက ဆုဖလား အႏုိင္ရရင္လည္း ပရိသတ္ေတြက ကြင္းထဲမွာ ရွိေနမွာ မဟုတ္ပါဘူး။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ဒါကို သိျပီး ပရိသတ္ မပါဘဲ ေအာင္ပြဲခံရျခင္းက ထူးဆန္းလိမ့္မယ္လို႔ ဝန္ခံတယ္။ ဟန္ဒါဆန္ကေတာ့ ဆုဖလားအႏုိင္ရဖို႔ လံုေလာက္ေသးတာလည္ မဟုတ္ျခင္းေၾကာင့္ လက္က်န္ ရာသီကို ျပန္စရင္ ျဖစ္ႏုိင္သမွ် အျမင့္ဆံုး အေျခအေနနဲ႔ ရာသီသိမ္းနုိင္ေအာင္ ၾကိဳးစားၾကဖို႔ကိုပဲ တိုက္တြန္းပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္က ပရိသတ္မပါဘဲ ေအာင္ပြဲခံရမယ္ဆိုတာက လီဗာပူးအသင္း ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ျပီလို႔ ဆိုလိုတာျဖစ္ျပီး တစ္ရက္မွာ ပရိသတ္ေတြ ကြင္းထဲ ျပန္ဝင္လာၾကရင္ ေနာက္တစ္ၾကိမ္ အတူေအာင္ပြဲခံႏုိင္ၾကမယ္လို႔ သူယံုၾကည္ေၾကာင္း ေျပာပါတယ္။

ဟန္ဒါဆန္က ” ဟုတ္ပါတယ္ ခံစားခ်က္ေတြက ထူးျခားပါလိမ့္မယ္။ ဘယ္ဆုဖလားမဆို လက္ခံရရွိျပီး ပရိသတ္ မရွိဘူးဆိုရင္ ထူးဆန္းတယ္လို႔ ခံစားရမွာပဲ မဟုတ္လား။ အဲ့အတြက္လည္း မျပီးေသးပါဘူး။ က်ေန္ာတုိ႔ အလုပ္ေတြ လုပ္ရဦးမွာ ျဖစ္သလို ရာသီကုန္ အဆံုးသတ္ခ်ိန္ထိ အျမင့္ဆံုး အဆင့္ေတြမွာ အေကာင္းဆံုး စြမ္းေဆာင္ျပဖို႔ လိုအပ္ေနဦးမွာပါ။

ေဘာလံုးရာသီ အျပီးသတ္ အဆံုးသတ္ခ်ိန္ထိ က်ေန္ာတုိ႔ အျမင့္ဆံုးနဲ႔ကို ရာသီ သိမ္းလိုပါတယ္။ အဲ့တာျပီးရင္ ဆုဖလား ေအာင္ျမင္တာျဖစ္ျဖစ္ အျခားဘာပဲျဖစ္ျဖစ္ ျဖစ္လာမွာေပါ့။ ဆုဖလား အႏုိင္ရလို႔ ပရိသတ္ေတြ မရွိရင္လည္း အဲ့အခ်ိန္က်မွ ရင္ဆိုင္ၾကတာေပါ့ဗ်ာ။ ဆုဖလား အႏုိင္ရဖို႔ပဲ ေမွ်ာ္လင့္ပါတယ္။ က်ေန္ာတို႔က အရမ္းေကာင္းတဲ့ အေျခအေနမွာ ရွိေနတာေလ။

ဒီအေျခအေနကို ေရာက္ခဲ့ရင္လည္း က်ေန္ာတို႔က ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရျပီး ျဖစ္မွာပါ။ အဲ့အတြက္ အရမ္းေပ်ာ္ရမွာေပါ့ဗ်ာ။ ဒါျပီးရင္ အနာဂတ္ကို ၾကည့္ရမွာေပါ့။ ကြင္းထဲကို ပရိသတ္ေတြ ဝင္ခြင့္ရတဲ့ အခ်ိန္က်ရင္ က်ေန္ာတို႔ေတြ အတူတကြ ေအာင္ပြဲခံမႈ အခ်ိဳ႔ကို လုပ္နုိင္မယ္ဆိုတာ က်ေနာ္ ယံုပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။