လီဗာပူးအသင်းမှာ ကျောနံပါတ် ၁၄ ဝတ်ဆင်ခဲ့ ဝတ်ဆင်နေတဲ့ ကစားသမားတွေထဲ ဇာဗီ အလွန်ဆိုနဲ့ ဂျော်ဒန် ဟန်ဒါဆန်တို့ နှစ်ဦးက အသင်းအပေါ် သက်ရောက်မှုကြီးတွေ ကိုယ်စီ ရှိကြသူတွေ ဖြစ်ပါတယ်။

ဟန်ဒါဆန်က လက်ရှိ လီဗာပူး အသင်းခေါင်းဆောင် ဖြစ်ပြီး အန်းဖီးလ်က လီဗာပူးခေတ်သစ်မှာ ဦးဆောင်နေသူ ဖြစ်ပါတယ်။ အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား ကိုင်မြှောက်ခဲ့ပြီး ဖြစ်ကာ နောက်ထပ် ဆုဖလားများစွာ ထပ်မံ မြှောက်ဖို့လည်း တာစူနေတဲ့ အနာဂတ်ကောင်း ရှိသူ တစ်ဦးလို့ ဆိုရမှာပါ။

အလွန်ဆိုကလည်း လီဗာပူးအသင်းရဲ့ နာမည်ကျော် ၂၀၀၅ ချန်ပီယံလိဂ်ဖလား ရခဲ့စဉ်က အဓိက အသင်းသား တစ်ဦး အဖြစ် ပါဝင်ခဲ့ပြီး အက်ဖ်အေဖလားလည်း အသင်နးဲ့ အတူ ဗိုလ်စွဲခဲ့ပါတယ်။

အလွန်ဆိုနဲ့ ဟန်ဒါဆန်တို့ နှစ်ဦးလုံးဟာ လီဗာပူးကွင်းလယ် အရေးပါတဲ့နေရာမှာ တာဝန်ယူကြတာချင်း တူတဲ့ အပြင် ဝတ်ဆင်ကြတဲ့ ကျောနံပါတ် ၁၄ ချင်းလည်း တူကြသူ ဖြစ်ပါတယ်။ လီဗာပူး ခံစစ်မှူးဟောင်းကြီးဖြစ်တဲ့ စတိဗ် နီကိုးလ်က ဒီ နံပါတ် ၁၄ ဝတ် နှစ်ဦးနဲ့ ပတ်သတ်ပြီး သူ့အမြင် သုံးသပ် ပြောဆိုခဲ့ပါတယ်။

” ဒီနှစ်ယောက် (အလွန်ဆိုနဲ့ ဟန်ဒါဆန်) ယှဉ်ရင်တော့ လီဗာပူးအပေါ် သက်ရောက်မှု ပိုရှိတာက ဟန်ဒါဆန်လို့ ဆိုရမလိုပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လီဗာပူးအသင်း ချန်ပီယံလိဂ် ဗိုလ်စွဲစဉ်က အသင်းဖော်တွေကို သူ တွန်းအားပေးခဲ့သလို ပရီးမီးယားလိဂ် ရလုရခင် အသင်းမှာလည်း သူက အဓိက အကြောင်းအချက် အနေနဲ့ မောင်းနှင် ပါဝင်နေတာပါ။

အလွန်ဆိုကလည်း တကယ့် ဂရိတ် ကစားသမားပါပဲ။ ဒါပေမယ့် အသင်းအပေါ် သက်ရောက်မှှုမှာ ဟန်ဒါဆန်ကတော့ ပိုမယ်လို့ ကျနော် ထင်တယ်။ ကစားသမား အမြင်နဲ့ ကြည့်မယ်ဆို အလွန်ဆိုက နည်းစနစ်ပိုင်း ပိုကောင်းတယ် ဟန်ဒါဆန်ထက်။ ဒါပေမယ့် အသင်းအပေါ် ဘယ်သူ ပို သက်ရောက်သလဲ ဆိုရင်တော့ တခြားမေးခွန်း တစ်ခု ဖြစ်သွားပြီ။ ဟန်ဒါဆန် လီဗာပူးအတွက် လုပ်ပေးနေတာတွေက အလွန်ဆိုထက် သာတယ် ဆိုရမယ်။ ” လို့ နီကိုးလ်က ပြောဆိုခဲ့ပါတယ်။

ဟန်ဒါဆန်ဟာ ၂၀၁၅ ဂျရတ် ထွက်ခွာပြီးနောက် အသင်းခေါင်းဆောင်နေရာ ဆက်ခံခဲ့သူ ဖြစ်ကာ ဝေဖန်မှုတွေကြားထဲမှာပဲ အင်္ဂလန်သားက ကြံ့ကြံ့ခံရင်း အန်းဖီးလ်မှာ ရှိနေခဲ့ပါတယ်။ ၎င်းက အသင်းနဲ့ အတူ ချန်ပီယံလိဂ်ဖလား၊ စူပါကပ်နဲ့ ကလပ်ကမ္ဘာ့ဖလား များကိုလည်း ရယူထားပြီး ဖြစ်ပါတယ်။

Zawgyi – လီဗာပူးအသင္းမွာ ေက်ာနံပါတ္ ၁၄ ၀တ္ဆင္ခဲ့ ၀တ္ဆင္ေနတဲ့ ကစားသမားေတြထဲ ဇာဗီ အလြန္ဆိုနဲ႕ ေဂ်ာ္ဒန္ ဟန္ဒါဆန္တို႔ နွစ္ဦးက အသင္းအေပၚ သက္ေရာက္မႈၾကီးေတြ ကိုယ္စီ ရွိၾကသူေတြ ျဖစ္ပါတယ္။

ဟန္ဒါဆန္က လက္ရွိ လီဗာပူး အသင္းေခါင္းေဆာင္ ျဖစ္ျပီး အန္းဖီးလ္က လီဗာပူးေခတ္သစ္မွာ ဦးေဆာင္ေနသူ ျဖစ္ပါတယ္။ အသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ဖလား ကိုင္ေျမွာက္ခဲ့ျပီး ျဖစ္ကာ ေနာက္ထပ္ ဆုဖလားမ်ားစြာ ထပ္မံ ေျမွာက္ဖို႔လည္း တာစူေနတဲ့ အနာဂတ္ေကာင္း ရွိသူ တစ္ဦးလို႔ ဆိုရမွာပါ။

အလြန္ဆိုကလည္း လီဗာပူးအသင္းရဲ႕ နာမည္ေက်ာ္ ၂၀၀၅ ခ်န္ပီယံလိဂ္ဖလား ရခဲ့စဥ္က အဓိက အသင္းသား တစ္ဦး အျဖစ္ ပါ၀င္ခဲ့ျပီး အက္ဖ္ေအဖလားလည္း အသင္နးဲ႕ အတူ ဗိုလ္စြဲခဲ့ပါတယ္။

အလြန္ဆိုနဲ႕ ဟန္ဒါဆန္တို႔ နွစ္ဦးလံုးဟာ လီဗာပူးကြင္းလယ္ အေရးပါတဲ့ေနရာမွာ တာ၀န္ယူၾကတာခ်င္း တူတဲ့ အျပင္ ၀တ္ဆင္ၾကတဲ့ ေက်ာနံပါတ္ ၁၄ ခ်င္းလည္း တူၾကသူ ျဖစ္ပါတယ္။ လီဗာပူး ခံစစ္မွဴးေဟာင္းၾကီးျဖစ္တဲ့ စတိဗ္ နီကိုးလ္က ဒီ နံပါတ္ ၁၄ ၀တ္ နွစ္ဦးနဲ႕ ပတ္သတ္ျပီး သူ႔အျမင္ သံုးသပ္ ေျပာဆိုခဲ့ပါတယ္။

” ဒီနွစ္ေယာက္ (အလြန္ဆိုနဲ႕ ဟန္ဒါဆန္) ယွဥ္ရင္ေတာ့ လီဗာပူးအေပၚ သက္ေရာက္မႈ ပိုရွိတာက ဟန္ဒါဆန္လို႔ ဆိုရမလိုပဲ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ လီဗာပူးအသင္း ခ်န္ပီယံလိဂ္ ဗိုလ္စြဲစဥ္က အသင္းေဖာ္ေတြကို သူ တြန္းအားေပးခဲ့သလို ပရီးမီးယားလိဂ္ ရလုရခင္ အသင္းမွာလည္း သူက အဓိက အေၾကာင္းအခ်က္ အေနနဲ႕ ေမာင္းနွင္ ပါ၀င္ေနတာပါ။

အလြန္ဆိုကလည္း တကယ့္ ဂရိတ္ ကစားသမားပါပဲ။ ဒါေပမယ့္ အသင္းအေပၚ သက္ေရာက္မွႈမွာ ဟန္ဒါဆန္ကေတာ့ ပိုမယ္လို႔ က်ေနာ္ ထင္တယ္။ ကစားသမား အျမင္နဲ႕ ၾကည့္မယ္ဆို အလြန္ဆိုက နည္းစနစ္ပိုင္း ပိုေကာင္းတယ္ ဟန္ဒါဆန္ထက္။ ဒါေပမယ့္ အသင္းအေပၚ ဘယ္သူ ပို သက္ေရာက္သလဲ ဆိုရင္ေတာ့ တျခားေမးခြန္း တစ္ခု ျဖစ္သြားျပီ။ ဟန္ဒါဆန္ လီဗာပူးအတြက္ လုပ္ေပးေနတာေတြက အလြန္ဆိုထက္ သာတယ္ ဆိုရမယ္။ ” လို႔ နီကိုးလ္က ေျပာဆိုခဲ့ပါတယ္။

ဟန္ဒါဆန္ဟာ ၂၀၁၅ ဂ်ရတ္ ထြက္ခြာျပီးေနာက္ အသင္းေခါင္းေဆာင္ေနရာ ဆက္ခံခဲ့သူ ျဖစ္ကာ ေ၀ဖန္မႈေတြၾကားထဲမွာပဲ အဂၤလန္သားက ၾကံ႕ၾကံ႕ခံရင္း အန္းဖီးလ္မွာ ရွိေနခဲ့ပါတယ္။ ၄င္းက အသင္းနဲ႕ အတူ ခ်န္ပီယံလိဂ္ဖလား၊ စူပါကပ္နဲ႕ ကလပ္ကမၻာ့ဖလား မ်ားကိုလည္း ရယူထားျပီး ျဖစ္ပါတယ္။