လီဗာပူးအသင်းသားတွေဖြစ်တဲ့ ရှာကွီရီနဲ့ အဒမ် လယ်လာနာတို့ နှစ်ဦးဟာ နွေမှာ လီဗာပူးနေ ထွက်ခွာနိုင်ပေမယ့် နောက်ရာသီလည်း ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး သူတို့ နှစ်ဦးကို ခေါ်ယူလိုတဲ့ ကလပ်တွေက အတော်လေး များပြားလာပါတယ်။
ဒီရာသီကို ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်နေရပြီး လီဗာပူးအတွက် ၁၀ ပွဲပဲ ကစားပေးထားတဲ့ ရှာကွီရီနဲ့ မာဆေးဆိုဒ်မှာ ၆ ရာသီကျင်လည်ခဲ့တဲ့ လယ်လာနာတို့ဟာ နွေမှာတော့ ထွက်ခွာသွားဖို့ ရှိနေတာပါ။ လယ်လာနာဟာ စာချုပ်ကုန်ဆုံးလို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာမှာဖြစ်တယ်။
ဒီအခြေအနေမှာ နယူးကာဆယ်က သူတို့ရဲက ခေါ်ယူမှုကြီးအဖြစ် ရှာကွီရီကို ခေါ်ယူလိုလာတာဖြစ်ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ တွေ့ဆုံမှုပါ လုပ်ခဲ့တယ်လို့ သိထားရတယ်။ ဇန်နဝါရီတုန်းက ဆီးဗီးလားနဲ့ ရိုးမားတို့ ချိတ်ဆက်ခဲ့စဉ် ရှာကွီရီအတွက် ပေါင် ၂၇ သန်းထိကို လီဗာပူးက ဈေးကပ်ခဲ့ပေမယ့် ဒီနွေမှာတော့ အဆိုပါထက် နည်းပါးတဲ့ ပမာဏကိုပဲ ရရှိမှာ ဖြစ်ပါတယ်။
ကွင်းလယ်လူ လယ်လာနာကို ခေါ်ယူလိုတဲ့ ကလပ်က အနည်းဆုံး ၅ သင်းထိ ရှိပြီး ဘန်လေ၊ လက်စတာ၊ အာဆင်နယ်၊ စပါးနဲ့ ဝက်ဟမ်းအသင်းတို့ ဖြစ်ပါတယ်။ အစောပိုင်းက လက်စတာနဲ့ အာဆင်နယ်တို့ သတင်းကြီးခဲ့ပေမယ့် ဒီကာလတွေမှာ ဘန်လေအသင်းကလည်း ကစားသမားနဲ့ ချိတ်ဆက်မှုတွေ လုပ်လာခဲ့တယ်လို့ သိရတယ်။
ဘန်လေက အခြားအသင်းတွေနဲ့ ကွားခြားချက်အဖြစ် အဓိက ပွဲထွက်နေရာကိုပါ ပေးမှာဖြစ်ပြီး ၎င်းတို့ မန်နေဂျာကလည်း အင်္ဂလန် သွေးသစ်တွေကို နေရာပေးသူဖြစ်ကာ လယ်လာနာက အဆိုပါ လူငယ်တွေကို ဦးဆောင်ခွင့်ရမှာပါ။
မန်နေဂျာကလော့ပ်က သူတို့နှစ်ဦး နေရာမှာ လူငယ်တွေဖြစ်တဲ့ အီလီယော့၊ ကာတစ်ဂျုံးတို့ကို အစားထိုးလို့ ရနိုင်သလို အငှားချထားတဲ့ ဂရုဂျစ်နဲ့ ဝဲလ်ဆန်တို့ကိုလည်း တိုက်ရိုက် ပြန်အစားထိုးနိုင်ပါတယ်။ ဇန်နဝါရီမှာ ခေါ်ယူထားတဲ့ မီနာမီနိုကလည်း ကွင်းလယ်ကော တိုက်စစ်မှာပါ ကစားနိုင်လို့ လီဗာပူးအတွက် ထိခိုက်မှုကြီးမယ်တော့ မထင်ရပါဘူး။
ZAWGYI
လီဗာပူးအသင္းသားေတြျဖစ္တဲ့ ရွာကီြရီနဲ႔ အဒမ္ လယ္လာနာတို႔ ႏွစ္ဦးဟာ ေႏြမွာ လီဗာပူးေန ထြက္ခြာႏိုင္ေပမယ့္ ေနာက္ရာသီလည္း ပရီးမီးယားလိဂ္မွာပဲ ဆက္ရွိေနမွာျဖစ္ျပီး သူတို႔ ႏွစ္ဦးကို ေခၚယူလိုတဲ့ ကလပ္ေတြက အေတာ္ေလး မ်ားျပားလာပါတယ္။
ဒီရာသီကို ဒဏ္ရာ ျပႆနာေတြနဲ႔ ရုန္းကန္ေနရျပီး လီဗာပူးအတြက္ ၁၀ ပြဲပဲ ကစားေပးထားတဲ့ ရွာကီြရီနဲ႔ မာေဆးဆိုဒ္မွာ ၆ ရာသီက်င္လည္ခဲ့တဲ့ လယ္လာနာတို႔ဟာ ေႏြမွာေတာ့ ထြက္ခြာသြားဖို႔ ရွိေနတာပါ။ လယ္လာနာဟာ စာခ်ဳပ္ကုန္ဆံုးလို႔ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာမွာျဖစ္တယ္။
ဒီအေျခအေနမွာ နယူးကာဆယ္က သူတို႔ရဲက ေခၚယူမႈၾကီးအျဖစ္ ရွာကီြရီကို ေခၚယူလိုလာတာျဖစ္ျပီး ကစားသမားရဲ႕ ကိုယ္စားလွယ္နဲ႔ ေတြ႔ဆံုမႈပါ လုပ္ခဲ့တယ္လို႔ သိထားရတယ္။ ဇန္နဝါရီတုန္းက ဆီးဗီးလားနဲ႔ ရိုးမားတို႔ ခ်ိတ္ဆက္ခဲ့စဥ္ ရွာကီြရီအတြက္ ေပါင္ ၂၇ သန္းထိကို လီဗာပူးက ေစ်းကပ္ခဲ့ေပမယ့္ ဒီေႏြမွာေတာ့ အဆိုပါထက္ နည္းပါးတဲ့ ပမာဏကိုပဲ ရရွိမွာ ျဖစ္ပါတယ္။
ကြင္းလယ္လူ လယ္လာနာကို ေခၚယူလိုတဲ့ ကလပ္က အနည္းဆံုး ၅ သင္းထိ ရွိျပီး ဘန္ေလ၊ လက္စတာ၊ အာဆင္နယ္၊ စပါးနဲ႔ ဝက္ဟမ္းအသင္းတို႔ ျဖစ္ပါတယ္။ အေစာပိုင္းက လက္စတာနဲ႔ အာဆင္နယ္တို႔ သတင္းၾကီးခဲ့ေပမယ့္ ဒီကာလေတြမွာ ဘန္ေလအသင္းကလည္း ကစားသမားနဲ႔ ခ်ိတ္ဆက္မႈေတြ လုပ္လာခဲ့တယ္လို႔ သိရတယ္။
ဘန္ေလက အျခားအသင္းေတြနဲ႔ ကြားျခားခ်က္အျဖစ္ အဓိက ပြဲထြက္ေနရာကိုပါ ေပးမွာျဖစ္ျပီး ၄င္းတို႔ မန္ေနဂ်ာကလည္း အဂၤလန္ ေသြးသစ္ေတြကို ေနရာေပးသူျဖစ္ကာ လယ္လာနာက အဆိုပါ လူငယ္ေတြကို ဦးေဆာင္ခြင့္ရမွာပါ။
မန္ေနဂ်ာကေလာ့ပ္က သူတို႔ႏွစ္ဦး ေနရာမွာ လူငယ္ေတြျဖစ္တဲ့ အီလီေယာ့၊ ကာတစ္ဂ်ံဳးတို႔ကို အစားထိုးလို႔ ရႏုိင္သလို အငွားခ်ထားတဲ့ ဂရုဂ်စ္နဲ႔ ဝဲလ္ဆန္တို႔ကိုလည္း တိုက္ရိုက္ ျပန္အစားထိုးႏုိင္ပါတယ္။ ဇန္နဝါရီမွာ ေခၚယူထားတဲ့ မီနာမီႏိုကလည္း ကြင္းလယ္ေကာ တိုက္စစ္မွာပါ ကစားႏုိင္လုိ႔ လီဗာပူးအတြက္ ထိခုိက္မႈၾကီးမယ္ေတာ့ မထင္ရပါဘူး။