လီဗာပူးအသင်းဟာ လိုက်ဇစ်တိုက်စစ်မှူး ဝါနာကို နွေမှာ ခေါ်ယူလိုပေမယ့် ကိုရိုနာကပ်ဘေး မဖြစ်ခင် တန်ကြေးအတိုင်း ပေးချေနိုင်ဖို့ ခက်ခဲနေပြီး ဈေးချပေးဖို့ လိုက်ဇစ်နဲ့ ပြောမယ်လို့ သိရပါတယ်။

လိုက်ဇစ်နဲ့ ဝါနာကြားမှာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၂ သန်းထိ ရှိထားတာဖြစ်တယ်။ ဒါပေမယ့်လို့ အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးဖို့က လီဗာပူးအတွက် ခက်ခဲမှာဖြစ်ကာ ဝါနာအတွက် ဈေးချပေးမှုအဖြစ် ပေါင် သန်း ၃၀ ထက်နည်းတဲ့ ပမာဏကိုပဲ လက်ခံဖို့ ပရီးမီးယားလိဂ်ကလပ်က တောင်းဆိုလိုပါတယ်။

ကိုရိုနာကပ်ဘေးကြောင့် လာမယ့် ၁၂ လဟာ ကလပ်အသင်းတွေ အပြောင်းအရွှေ့ လုပ်ရ အခက်ဆုံး ရာသီ ဖြစ်လာမှာဖြစ်တယ်။ လိုက်ဇစ်ဟာ သူတို့နဲ့ ဆက်ဆံရေးကောင်းရှိတဲ့ လီဗာပူးကို အထူး အခွင့်အရေး ပေးတဲ့ အနေနဲ့ ဝါနာကို ပေါင် ၄၂ သန်းထိကို ဈေးချပေးဖို့ ညိနှိုင်းပေးမယ်လို့ The Athletic က ဖော်ပြထားခဲ့ပြီးဖြစ်တယ်။

လီဗာပူးဟာ လာမယ့် ၁၄ ရက်အတွင်းမှာပဲ လက်မှတ်ခ ပေါင် ၁၂ သန်းကျော်ကို ငွေပြန်အမ်းမှာဖြစ်သလို လာမယ့်ရာသီမှာလည်း ပေါင် ၈၄ သန်းလောက်သော ပွဲနေ့ဝင်ငွေကို ဆုံးရံှူးမှာပါ။ ဒါ့အပြင် ဒီရာသီ လက်ကျန်ပွဲတွေကို ပြန်စမယ်ဆိုရင် ရုပ်သံဝင်ငွေရဲ့ ထက်ဝက်ကို ပြန်ပေးဖို့ကိစ္စအား ဗြိတိန် တီဗီဌာနတွေက တောင်းဆို ညိနှိုင်းနေလို့ ပေါင် ၁၅ သန်း ဝန်းကျင်ထိ ထပ်ပြီး ဆုံးရံှူးဖို့ ရှိနေပါတယ်။

ဒါတင်မကပဲ ကိုရိုနာ ကပ်ဘေးမှာ စည်းမျဉ်းစည်းကမ်း ထိန်းချုပ်မှုတွေ၊ ပိုးစစ်ဆေးမှုတွေအတွက် လီဗာပူးက အသုံးစရိတ် ကုန်ကျခြင်းနဲ့ လာမယ့်ရာသီ ဂျာစီရောင်းချမှုမှာ ဆုံးရံှူးမှု များနိုင်ခြင်းတွေကြောင့် ဘဏ္ဍာရေးပိုင်းမှာ အခက်အခဲ ဖြစ်နေပါတယ်။

လိုက်ဇစ်နဲ့ ဝါနာကြား စာချုပ်မှာ ဒီနွေမှာ ရောင်းထုတ်ရင် ပေါင် ၅၂ သန်းဖြစ်ပေမယ့် နွေမှာ အပြောင်းအရွှေ့ မဖြစ်ပဲ နောက်ရာသီမှ ခေါ်ယူမယ်ဆိုရင်တော့ ပေါင် ၃၆ သန်းနဲ့ ခေါ်ယူလို့ရမှာဖြစ်တယ်။ လီဗာပူးကတော့ ဒီနွေမှာတင် ခေါ်ယူလိုပေမယ့် ပြောင်းရွှေ့ကြေး လျော့ချပေးဖို့ တောင်းဆိုလိုနေပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ လိုက္ဇစ္တိုက္စစ္မွဴး ဝါနာကို ေႏြမွာ ေခၚယူလိုေပမယ့္ ကိုရိုနာကပ္ေဘး မျဖစ္ခင္ တန္ေၾကးအတုိင္း ေပးေခ်ႏုိင္ဖို႔ ခက္ခဲေနျပီး ေစ်းခ်ေပးဖို႔ လိုက္ဇစ္နဲ႔ ေျပာမယ္လို႔ သိရပါတယ္။

လိုက္ဇစ္နဲ႔ ဝါနာၾကားမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၅၂ သန္းထိ ရွိထားတာျဖစ္တယ္။ ဒါေပမယ့္လို႔ အဆိုပါ ေျပာင္းေရႊ႔ေၾကးကို ေပးဖို႔က လီဗာပူးအတြက္ ခက္ခဲမွာျဖစ္ကာ ဝါနာအတြက္ ေစ်းခ်ေပးမႈအျဖစ္ ေပါင္ သန္း ၃၀ ထက္နည္းတဲ့ ပမာဏကိုပဲ လက္ခံဖို႔ ပရီးမီးယားလိဂ္ကလပ္က ေတာင္းဆိုလိုပါတယ္။

ကိုရိုနာကပ္ေဘးေၾကာင့္ လာမယ့္ ၁၂ လဟာ ကလပ္အသင္းေတြ အေျပာင္းအေရႊ႔ လုပ္ရ အခက္ဆံုး ရာသီ ျဖစ္လာမွာျဖစ္တယ္။ လိုက္ဇစ္ဟာ သူတို႔နဲ႔ ဆက္ဆံေရးေကာင္းရွိတဲ့ လီဗာပူးကို အထူး အခြင့္အေရး ေပးတဲ့ အေနနဲ႔ ဝါနာကို ေပါင္ ၄၂ သန္းထိကို ေစ်းခ်ေပးဖို႔ ညိႏိႈင္းေပးမယ္လို႔ The Athletic က ေဖာ္ျပထားခဲ့ျပီးျဖစ္တယ္။

လီဗာပူးဟာ လာမယ့္ ၁၄ ရက္အတြင္းမွာပဲ လက္မွတ္ခ ေပါင္ ၁၂ သန္းေက်ာ္ကို ေငြျပန္အမ္းမွာျဖစ္သလို လာမယ့္ရာသီမွာလည္း ေပါင္ ၈၄ သန္းေလာက္ေသာ ပြဲေန႔ဝင္ေငြကို ဆံုးရံွဴးမွာပါ။ ဒါ့အျပင္ ဒီရာသီ လက္က်န္ပြဲေတြကို ျပန္စမယ္ဆိုရင္ ရုပ္သံဝင္ေငြရဲ႕ ထက္ဝက္ကို ျပန္ေပးဖို႔ကိစၥအား ျဗိတိန္ တီဗီဌာနေတြက ေတာင္းဆို ညိႏိႈင္းေနလို႔ ေပါင္ ၁၅ သန္း ဝန္းက်င္ထိ ထပ္ျပီး ဆံုးရံွဴးဖို႔ ရွိေနပါတယ္။

ဒါတင္မကပဲ ကိုရိုနာ ကပ္ေဘးမွာ စည္းမ်ဥ္းစည္းကမ္း ထိန္းခ်ဳပ္မႈေတြ၊ ပိုးစစ္ေဆးမႈေတြအတြက္ လီဗာပူးက အသံုးစရိတ္ ကုန္က်ျခင္းနဲ႔ လာမယ့္ရာသီ ဂ်ာစီေရာင္းခ်မႈမွာ ဆံုးရံွဴးမႈ မ်ားႏုိင္ျခင္းေတြေၾကာင့္ ဘ႑ာေရးပိုင္းမွာ အခက္အခဲ ျဖစ္ေနပါတယ္။

လိုက္ဇစ္နဲ႔ ဝါနာၾကား စာခ်ဳပ္မွာ ဒီေႏြမွာ ေရာင္းထုတ္ရင္ ေပါင္ ၅၂ သန္းျဖစ္ေပမယ့္ ေႏြမွာ အေျပာင္းအေရႊ႔ မျဖစ္ပဲ ေနာက္ရာသီမွ ေခၚယူမယ္ဆိုရင္ေတာ့ ေပါင္ ၃၆ သန္းနဲ႔ ေခၚယူလို႔ရမွာျဖစ္တယ္။ လီဗာပူးကေတာ့ ဒီေႏြမွာတင္ ေခၚယူလိုေပမယ့္ ေျပာင္းေရႊ႔ေၾကး ေလ်ာ့ခ်ေပးဖို႔ ေတာင္းဆိုလိုေနပါတယ္။