၂၀၂၀ ခုနှစ်အတွက် KPMG ရဲ့ ဥရောပ အချမ်းသာဆုံး အသင်းများစာရင်း ထွက်ပေါ်လာရာမှာ လီဗာပူးက မနှစ်ကထက် အဆင့် ၂ ဆင့် ခုန်တက်လာခဲ့ပါတယ်။

လီဗာပူးဟာ ၂၀၁၉ ခုနှစ်အတွင်း အောင်မြင်မှုတွေကြောင့် မန်စီးတီးနဲ့ ချယ်ဆီးတို့ကို ကျော်တက်နိုင်ခဲ့ကာ အဆင့် ၅ နေရာကို ရောက်လာခဲ့ခြင်းဖြစ်တယ်။ ဒါဟာ ဒီဘက်နှစ်တွေအတွင်း ဆက်တိုက် တိုးတက်နေတဲ့ ပြည်တွင်းလိဂ်က အနီးကပ်ပြိုင်ဘက် မန်စီးတီးကို ပြန်ကျော်ခဲ့ခြင်းဖြစ်ပါတယ်။

လီဗာပူးက ပေါင် ၂.၂၆ ဘီလီယမ်နဲ့ ဒီစာရင်းထဲမှာ ပါဝင်ခဲ့ပေမယ့်လည်း ထိပ်ဆုံးက ရီးရဲလ်မက်ဒရစ်၊ ယူနိုက်တက်၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူနစ်တို့ကို ကျော်ဖြတ်ဖို့ကတော့ လိုအပ်နေပါသေးတယ်။ ဥရောပအသင်းတွေထဲမှာတော့ ပီအက်ဂျီပြီးရင် လီဗာပူးက တိုးတက်မှု အမြင့်ဆုံးအဖြစ် ၁၉% ထိ တိုးတက်လာခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အတွက် ဥရောပရဲ့ အချမ်းသာဆုံး အသင်း ၁၀ သင်းစာရင်းမှာ လီဗာပူးအပြင် ပရီးမီးယားလိဂ် ကလပ်တွေအဖြစ် ယူနိုက်တက်၊ မန်စီးတီး၊ ချယ်ဆီး၊ စပါး၊ အာဆင်နယ်တို့လည်း ပါဝင်ခဲ့ပြီး စပါးက မပြောင်းလဲပေမယ့် ကျန်အသင်းတွေကတော့ မနှစ်ကထက်စာရင် ဆုတ်ယုတ်ခဲ့ကာ လီဗာပူးတစ်သင်းကပဲ ပိုမို တိုးတက်မှု ရှိခဲ့တာပါ။

လီဗာပူးအသင်းဟာ ဥရောပရဲ့ အချမ်းသာဆုံးကလပ်၊ အချမ်းသာဆုံး လူစာရင်း၊ ဝင်ငွေ အကောင်းဆုံးအသင်း အစရှိတဲ့ အထက်တန်းလွှာအဆင့်ကို ဒီဘက်နှစ်တွေမှာ ပြန်တက်လာခဲ့တယ်။ အဆိုပါ အဆင့်တွေမှာ နေရာတစ်နေရာ ခိုင်ခိုင်မာမာ ပြန်ယူဖို့ဆိုရင် လက်ရှိ အောင်မြင်မှုတွေကို မကျအောင် ဆက်ထိန်းထားဖို့ လိုအပ်ပါလိမ့်မယ်။

Rich List rankings

  • 1. Real Madrid (unchanged) – £2.95bn
  • 2. Manchester United (unchanged) – £2.84bn
  • 3. Barcelona (+1) – £2.71bn
  • 4. Bayern Munich (-1) – £2.44bn
  • 5. Liverpool (+2) – £2.26bn
  • 6. Manchester City (-1) – £2.21bn
  • 7. Chelsea (-1) – £1.88bn
  • 8. Tottenham Hotspur (+1) – £1.75bn
  • 9. Paris Saint-Germain (+2) – £1.62bn
  • 10. Arsenal (-2) – £1.57bn

ZAWGYI

၂၀၂၀ ခုႏွစ္အတြက္ KPMG ရဲ႕ ဥေရာပ အခ်မ္းသာဆံုး အသင္းမ်ားစာရင္း ထြက္ေပၚလာရာမွာ လီဗာပူးက မႏွစ္ကထက္ အဆင့္ ၂ ဆင့္ ခုန္တက္လာခဲ့ပါတယ္။

လီဗာပူးဟာ ၂၀၁၉ ခုႏွစ္အတြင္း ေအာင္ျမင္မႈေတြေၾကာင့္ မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ကို ေက်ာ္တက္ႏုိင္ခဲ့ကာ အဆင့္ ၅ ေနရာကို ေရာက္လာခဲ့ျခင္းျဖစ္တယ္။ ဒါဟာ ဒီဘက္ႏွစ္ေတြအတြင္း ဆက္တိုက္ တိုးတက္ေနတဲ့ ျပည္တြင္းလိဂ္က အနီးကပ္ျပိဳင္ဘက္ မန္စီးတီးကို ျပန္ေက်ာ္ခဲ့ျခင္းျဖစ္ပါတယ္။

လီဗာပူးက ေပါင္ ၂.၂၆ ဘီလီယမ္နဲ႔ ဒီစာရင္းထဲမွာ ပါဝင္ခဲ့ေပမယ့္လည္း ထိပ္ဆံုးက ရီးရဲလ္မက္ဒရစ္၊ ယူႏုိက္တက္၊ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴနစ္တို႔ကို ေက်ာ္ျဖတ္ဖို႔ကေတာ့ လိုအပ္ေနပါေသးတယ္။ ဥေရာပအသင္းေတြထဲမွာေတာ့ ပီအက္ဂ်ီျပီးရင္ လီဗာပူးက တိုးတက္မႈ အျမင့္ဆံုးအျဖစ္ ၁၉% ထိ တိုးတက္လာခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္အတြက္ ဥေရာပရဲ႕ အခ်မ္းသာဆံုး အသင္း ၁၀ သင္းစာရင္းမွာ လီဗာပူးအျပင္ ပရီးမီးယားလိဂ္ ကလပ္ေတြအျဖစ္ ယူႏုိက္တက္၊ မန္စီးတီး၊ ခ်ယ္ဆီး၊ စပါး၊ အာဆင္နယ္တို႔လည္း ပါဝင္ခဲ့ျပီး စပါးက မေျပာင္းလဲေပမယ့္ က်န္အသင္းေတြကေတာ့ မႏွစ္ကထက္စာရင္ ဆုတ္ယုတ္ခဲ့ကာ လီဗာပူးတစ္သင္းကပဲ ပိုမို တိုးတက္မႈ ရွိခဲ့တာပါ။

လီဗာပူးအသင္းဟာ ဥေရာပရဲ႕ အခ်မ္းသာဆံုးကလပ္၊ အခ်မ္းသာဆံုး လူစာရင္း၊ ဝင္ေငြ အေကာင္းဆံုးအသင္း အစရွိတဲ့ အထက္တန္းလႊာအဆင့္ကို ဒီဘက္ႏွစ္ေတြမွာ ျပန္တက္လာခဲ့တယ္။ အဆိုပါ အဆင့္ေတြမွာ ေနရာတစ္ေနရာ ခိုင္ခိုင္မာမာ ျပန္ယူဖို႔ဆိုရင္ လက္ရွိ ေအာင္ျမင္မႈေတြကို မက်ေအာင္ ဆက္ထိန္းထားဖို႔ လိုအပ္ပါလိမ့္မယ္။