ဗုဒ္ဓဟူးနေ့ မဲဝုဒ်က လေ့ကျင့်ရေး အစီအစဉ်မှာတော့ ၁၁ ဦးချင်း ကစားတဲ့ အနေအထားတွေနဲ့အတူ ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေ ပြန်စဖို့အတွက် မန်နေဂျာကလော့ပ်က လူငယ်တွေကို ခေါ်ယူခဲ့တာဖြစ်တယ်။
ဒီကနေ့ ကြာသပတေးနေ့မှာတော့ အာဏာပိုင်တွေရဲ့ လမ်းညွှန်ချက်နဲ့အညီ လီဗာပူးအသင်းဟာ ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေ ပြန်လည် စတင်မှာဖြစ်တယ်။ အသင်းသား ၁၂ ဦးလောက်ကနေ အသင်းလိုက် လေ့ကျင့်ရေး အပြည့်အစုံကို မစတင်ခင်မှာ ကစားသမား သုံးဦးလောက်ထိကို စုပြုံလေ့ကျင့်စေမှုကနေ ပြန်စတင်မှာဖြစ်တယ်။
ဇွန်လထဲမှာ ဘောလုံးပွဲတွေ ပြန်ကစားရမှာဖြစ်လို့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု အမြင့်ဆုံး ရရှိရေးက အဓိက ကျလာပါတယ်။ မန်နေဂျာကလော့ပ်ကတော့ အဖွဲ့ငယ်နဲ့ လေ့ကျင့်ရေး အစီအစဉ်မှာတင် ဒဏ်ရာက ပြန်သက်သာလာတဲ့ ဂလေဇယ်၊ ဂလယ်ဟာ၊ တာတစ်ဂျုံး၊ နီကိုး၊ ဟာဗေး တို့ကို ခေါ်ယူကာ ကြံ့ခိုင်မှုတွေအတွက် တွန်းအားပေးထားနှင့်ပြီဖြစ်တယ်။
လေ့ကျင့်ရေး အပြည့်အဝ ပြန်လုပ်ခွင့်ရလာမယ့် ရက်တွေအတွက် ရည်ရွယ်ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဗန်ဒန်ဘယ်ရာန့ ဟိုဗာတို့ကို စီနီယာအသင်းထံ ခေါ်ယူခဲ့တယ်။ သူတို့နှစ်ဦးဟာ ထရန့်၊ ချိန်ဘာလိန်တို့ ပါဝင်တဲ့ အဖွဲ့ငယ်ထဲမှာ လေ့ကျင့်ရေးတွေကို ပူးပေါင်းခဲ့ပါတယ်။
အဆိုပါရက်မတိုင်ခင် တစ်ရက်မှာတော့ လာရိုစီဟာ ကီတာ၊ ဝိုက်နယ်ဒမ်၊ မာနေးတို့ ပါဝင်တဲ့ လေ့ကျင့်ရေးမှာ အတူ ပူးပေါင်းခဲ့တာ မြင်ထားရတယ်။
လီဗာပူးအသင်းမှာ ရှာကွီရီ၊ ကလိုင်းတို့အပြင် ဒဏ်ရာရ ကစားသမား လုံးဝ မရှိတော့ဘူးလို့ ယုံကြည်ရပေမယ့် ဂိုးသမား လေးဦးအပါအဝင် ယာယီ ကစားသမား ၂၈ ဦးနဲ့အတူ လေ့ကျင့်မှုကိုတော့ ကလော့ပ်ကပဲ ရွေးချယ် လုပ်ဆောင်မှာပါ။ လူငယ်နဲ့ စီနီယာ ထိပ်တိုက်တွေ့မှုအဖြစ် ၁၁ ဦး နှစ်သင်းကစားစေမှုမှာ လူငယ်ဘက်က ပက်ဒရိုနဲ့ ဝုဒ်ဘမ်းပါ ပါဝင်သွားဖို့ ရှိပါတယ်။
ZAWGYI
ဗုဒၶဟူးေန႔ မဲဝုဒ္က ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ၁၁ ဦးခ်င္း ကစားတဲ့ အေနအထားေတြနဲ႔အတူ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္ေရးေတြ ျပန္စဖို႔အတြက္ မန္ေနဂ်ာကေလာ့ပ္က လူငယ္ေတြကို ေခၚယူခဲ့တာျဖစ္တယ္။
ဒီကေန႔ ၾကာသပေတးေန႔မွာေတာ့ အာဏာပိုင္ေတြရဲ႕ လမ္းညႊန္ခ်က္နဲ႔အညီ လီဗာပူးအသင္းဟာ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္ေရးေတြ ျပန္လည္ စတင္မွာျဖစ္တယ္။ အသင္းသား ၁၂ ဦးေလာက္ကေန အသင္းလိုက္ ေလ့က်င့္ေရး အျပည့္အစံုကို မစတင္ခင္မွာ ကစားသမား သံုးဦးေလာက္ထိကို စုျပံဳေလ့က်င့္ေစမႈကေန ျပန္စတင္မွာျဖစ္တယ္။
ဇြန္လထဲမွာ ေဘာလံုးပြဲေတြ ျပန္ကစားရမွာျဖစ္လို႔ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္မႈ အျမင့္ဆံုး ရရွိေရးက အဓိက က်လာပါတယ္။ မန္ေနဂ်ာကေလာ့ပ္ကေတာ့ အဖြဲ႔ငယ္နဲ႔ ေလ့က်င့္ေရး အစီအစဥ္မွာတင္ ဒဏ္ရာက ျပန္သက္သာလာတဲ့ ဂေလဇယ္၊ ဂလယ္ဟာ၊ တာတစ္ဂ်ံဳး၊ နီကိုး၊ ဟာေဗး တို႔ကို ေခၚယူကာ ၾကံ႕ခိုင္မႈေတြအတြက္ တြန္းအားေပးထားႏွင့္ျပီျဖစ္တယ္။
ေလ့က်င့္ေရး အျပည့္အဝ ျပန္လုပ္ခြင့္ရလာမယ့္ ရက္ေတြအတြက္ ရည္ရြယ္ျပီး ဗုဒၶဟူးေန႔မွာေတာ့ ဗန္ဒန္ဘယ္ရာန႔ ဟိုဗာတို႔ကို စီနီယာအသင္းထံ ေခၚယူခဲ့တယ္။ သူတို႔ႏွစ္ဦးဟာ ထရန္႔၊ ခ်ိန္ဘာလိန္တို႔ ပါဝင္တဲ့ အဖြဲ႔ငယ္ထဲမွာ ေလ့က်င့္ေရးေတြကို ပူးေပါင္းခဲ့ပါတယ္။
အဆိုပါရက္မတိုင္ခင္ တစ္ရက္မွာေတာ့ လာရိုစီဟာ ကီတာ၊ ဝိုက္နယ္ဒမ္၊ မာေနးတို႔ ပါဝင္တဲ့ ေလ့က်င့္ေရးမွာ အတူ ပူးေပါင္းခဲ့တာ ျမင္ထားရတယ္။
လီဗာပူးအသင္းမွာ ရွာကြီရီ၊ ကလိုင္းတို႔အျပင္ ဒဏ္ရာရ ကစားသမား လံုးဝ မရွိေတာ့ဘူးလို႔ ယံုၾကည္ရေပမယ့္ ဂိုးသမား ေလးဦးအပါအဝင္ ယာယီ ကစားသမား ၂၈ ဦးနဲ႔အတူ ေလ့က်င့္မႈကိုေတာ့ ကေလာ့ပ္ကပဲ ေရြးခ်ယ္ လုပ္ေဆာင္မွာပါ။ လူငယ္နဲ႔ စီနီယာ ထိပ္တိုက္ေတြ႔မႈအျဖစ္ ၁၁ ဦး ႏွစ္သင္းကစားေစမႈမွာ လူငယ္ဘက္က ပက္ဒရိုနဲ႔ ဝုဒ္ဘမ္းပါ ပါဝင္သြားဖို႔ ရွိပါတယ္။