လိုက်ဇစ်နဲ့ ဟာသာဘာလင်ပွဲမှာ ဧည့်သည်အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဂရုဂျစ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီး တောက်ပတဲ့ အနာဂတ် ရှိတယ်လို့ ဘွန်ဒက်လီဂါဘောလုံးပွဲ သုံးသပ်သူ အိုဝင် ဟားဂရိတ်က ပြောဆိုလိုက်ပါတယ်။
လီဗာပူးအသင်းပရိသတ်တွေက တီမိုဝါနာရဲ့ ခြေစွမ်းကို စောင့်ကြည့်ဖို့ ဘွန်ဒက်လီဂါပွဲကို အားပေးခဲ့ကြပေမယ့် တကယ်တမ်း ဂိုးစသွင်းခဲ့သူက အငှားကစားသမားလေး ဂရု၈ျစ်ဖြစ်ပါတယ်။ ဂရုဂျစ်ရဲ့ ကစားနိုင်အားနဲ့ လုပ်နိုင်စွမ်းတွေကို မြင်တဲ့ လီဗာပူးပရိသတ်တွေက နောက်ရာသီမှာ ဂရုဂျစ် အခွင့်အရေးရတာကို မြင်လိုတယ်လို့ ဆိုခဲ့တယ်။
ဘွန်ဒက်လီဂါ ကစားသမားဟောင်းနဲ့ သုံးသက်သူလည်းဖြစ်တဲ့ အိုဝင် ဟားဂရိတ်ကတော့ ဟာသာဘာလင်အသင်းအတွက် ခြေစွမ်းပြနေတဲ့ ဆာဘီးယားသားကို ချီးကျူးပေမယ့် ပရီးမီးယားလိဂ်မှာ ကစားခွင့်အတွက် ကလော့ပ်ရဲ့ လက်အောက်မှာ နေရာရဖို့ ခက်ခဲလိမ့်မယ်လို့ သုံးသပ်ခဲ့တယ်။
ဟားဂရိတ်က ‘ ဂရုဂျစ်က ကစားသမားကောင်းပါ။ အတွေ့အကြုံတွေအတွက် မှန်ကန်တဲ့ ကိစ္စတွေကိုလည်း သူ အကောင်းဆုံး လုပ်နေတယ်။ နေရာစုံမှာလည်း ကစားနိုင်စွမ်းရှိတယ်။ ရုပ်ပိုင်းဆိုင်ရာမှာလညည်း သူက အတော်လေးကို ကောင်းမွန်ပါတယ်။
နည်းစနစ်ပိုင်းလည်း ကောင်းတဲ့ ကစားသမားဖြစ်ပြီး တောက်ပတဲ့ အနာဂတ်တေါ ပိုင်ဆိုင်နေသူလို့ ထင်ပါတယ်။ လီဗာပူးအသင်းမှာ နေရာရဖို့အတွက်တော့ ခက်ခဲနိုင်ပါတယ်။ လီဗာပူး ကွင်းလယ်လူစာရင်းကလည်း အတော်လေး တောင့်တင်းတဲ့ အနေအထား ဖြစ်ပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဟာသာဘာလင်အသင်းကတော့ လိုက်ဇစ်နဲ့ပွဲမှာ တောက်ပနေတဲ့ ဂရုဂျစ်ရဲ့ ခြေစွမ်းကို ချောင်းကြည့်ပြီး လီဗာပူးပရိသတ်တွေ ပီတိဖြာနေလိမ့်မယ်ဆိုတာကို တွစ်တာကနေ စနောက် ဖော်ပြခဲ့ပါသေးတယ်။
ZAWGYI
လိုက္ဇစ္နဲ႔ ဟာသာဘာလင္ပြဲမွာ ဧည့္သည္အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ ဂရုဂ်စ္ဟာ ရုပ္ပိုင္းဆိုင္ရာနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာ ေကာင္းမြန္ျပီး ေတာက္ပတဲ့ အနာဂတ္ ရွိတယ္လို႔ ဘြန္ဒက္လီဂါေဘာလံုးပြဲ သံုးသပ္သူ အိုဝင္ ဟားဂရိတ္က ေျပာဆိုလိုက္ပါတယ္။
လီဗာပူးအသင္းပရိသတ္ေတြက တီမိုဝါနာရဲ႕ ေျခစြမ္းကို ေစာင့္ၾကည့္ဖို႔ ဘြန္ဒက္လီဂါပြဲကို အားေပးခဲ့ၾကေပမယ့္ တကယ္တမ္း ဂိုးစသြင္းခဲ့သူက အငွားကစားသမားေလး ဂရု၈်စ္ျဖစ္ပါတယ္။ ဂရုဂ်စ္ရဲ႕ ကစားႏုိင္အားနဲ႔ လုပ္ႏုိင္စြမ္းေတြကို ျမင္တဲ့ လီဗာပူးပရိသတ္ေတြက ေနာက္ရာသီမွာ ဂရုဂ်စ္ အခြင့္အေရးရတာကို ျမင္လိုတယ္လို႔ ဆိုခဲ့တယ္။
ဘြန္ဒက္လီဂါ ကစားသမားေဟာင္းနဲ႔ သံုးသက္သူလည္းျဖစ္တဲ့ အိုဝင္ ဟားဂရိတ္ကေတာ့ ဟာသာဘာလင္အသင္းအတြက္ ေျခစြမ္းျပေနတဲ့ ဆာဘီးယားသားကို ခ်ီးက်ဴးေပမယ့္ ပရီးမီးယားလိဂ္မွာ ကစားခြင့္အတြက္ ကေလာ့ပ္ရဲ႕ လက္ေအာက္မွာ ေနရာရဖို႔ ခက္ခဲလိမ့္မယ္လို႔ သံုးသပ္ခဲ့တယ္။
ဟားဂရိတ္က ‘ ဂရုဂ်စ္က ကစားသမားေကာင္းပါ။ အေတြ႔အၾကံဳေတြအတြက္ မွန္ကန္တဲ့ ကိစၥေတြကိုလည္း သူ အေကာင္းဆံုး လုပ္ေနတယ္။ ေနရာစံုမွာလည္း ကစားႏုိင္စြမ္းရွိတယ္။ ရုပ္ပိုင္းဆိုင္ရာမွာလညည္း သူက အေတာ္ေလးကို ေကာင္းမြန္ပါတယ္။
နည္းစနစ္ပိုင္းလည္း ေကာင္းတဲ့ ကစားသမားျဖစ္ျပီး ေတာက္ပတဲ့ အနာဂတ္ေတါ ပိုင္ဆိုင္ေနသူလို႔ ထင္ပါတယ္။ လီဗာပူးအသင္းမွာ ေနရာရဖို႔အတြက္ေတာ့ ခက္ခဲႏုိင္ပါတယ္။ လီဗာပူး ကြင္းလယ္လူစာရင္းကလည္း အေတာ္ေလး ေတာင့္တင္းတဲ့ အေနအထား ျဖစ္ပါတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
ဟာသာဘာလင္အသင္းကေတာ့ လိုက္ဇစ္နဲ႔ပြဲမွာ ေတာက္ပေနတဲ့ ဂရုဂ်စ္ရဲ႔ ေျခစြမ္းကို ေခ်ာင္းၾကည့္ျပီး လီဗာပူးပရိသတ္ေတြ ပီတိျဖာေနလိမ့္မယ္ဆိုတာကို တြစ္တာကေန စေနာက္ ေဖာ္ျပခဲ့ပါေသးတယ္။