ဗုဒ္ဓဟူးနေ့ မဲဝုဒ်က လေ့ကျင့်ရေး အစီအစဉ်မှာတော့ ၁၁ ဦးချင်း ကစားတဲ့ အနေအထားတွေနဲ့အတူ ထိတွေ့မှုရှိတဲ့ လေ့ကျင့်ရေးတွေ ပြန်စဖို့အတွက် မန်နေဂျာကလော့ပ်က လူငယ်တွေကို ခေါ်ယူခဲ့ပြီ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်အတွက် KPMG ရဲ့ ဥရောပ အချမ်းသာဆုံး အသင်းများစာရင်း ထွက်ပေါ်လာရာမှာ လီဗာပူးက မနှစ်ကထက် အဆင့် ၂ ဆင့် ခုန်တက်ပြီး အင်္ဂလန်ပြည်တွင်း ပြိုင်ဘက်တွေဖြစ်တဲ့ မန်စီးတီးနဲ့ ချယ်ဆီးတို့ကို ကျော်ဖြတ်သွားခဲ့ပါတယ်။

လီဗာပူးဘယ်အစွန်လူ ရိုဘိုက အသင်းအတွက် အမှတ်ပေးဖလား အနိုင်ယူပေးဖို့ ကိစ္စတွေဟာ မပြီးသေးပဲ ပွဲတွေ ထပ်နိုင်ရဦးမယ်ဆိုတာ နားလည်ထားပါကြောင်းနဲ့ အသင်း နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ ဆုဖလားကို သေချာပေါက် အနိုင်ယူပေးလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ် ပြန်လည်စတင်တဲ့အခါ အက်ဖ်အေဖလား အပြီးသတ်ဖို့နဲ့ လာမယ့်ရာသီ စတင်မယ့်ရက်တွေကြောင့် ၆ ပတ်အတွင်း ပွဲစဉ် ၉ ခုလုံးကို အပြီးသတ် ကစားပေးဖို့ လိဂ်တာဝန်ရှိသူတွေက မန်နေဂျာတွေကို သတိပေးထားပါတယ်။

အလွန်ဆိုနဲ့ ဟန်ဒါဆန်တို့ နှစ်ဦးလုံးဟာ လီဗာပူးကွင်းလယ် အရေးပါတဲ့နေရာမှာ တာဝန်ယူကြတာချင်း တူတဲ့ အပြင် ဝတ်ဆင်ကြတဲ့ ကျောနံပါတ် ၁၄ ချင်းလည်း တူကြပေမယ့် လက်ရှိ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ သက်ရောက်မှုက ပိုကြီးလိမ့်မယ်လို့ ခံစစ်မှူးဟောင်း စတိဗ် နီကိုးလ်က ပြောဆိုပါတယ်။

လီဗာပူးအသင်းဟာ ရုပ်သံလွှင့်ခ ပြန်ပေးရမယ့် ငွေကြေးဆိုင်ရာ အချိုးမှာ ကြီး ၆ ကြီးက အခြားသော အသင်းတွေထက် ၃ ဆ ပိုပေးရမယ့် ကိစ္စကို ဦးဆောင် ကန့်ကွက်လိုက်ပါတယ်။

လီဗာပူးအသင်းသားတွေဖြစ်တဲ့ ရှာကွီရီနဲ့ အဒမ် လယ်လာနာတို့ နှစ်ဦးဟာ နွေမှာ လီဗာပူးနေ ထွက်ခွာနိုင်ပေမယ့် နောက်ရာသီလည်း ပရီးမီးယားလိဂ်မှာပဲ ဆက်ရှိနေမှာဖြစ်ပြီး သူတို့ နှစ်ဦးကို ခေါ်ယူလိုတဲ့ ကလပ်တွေက အတော်လေး များပြားလာပါတယ်။

လီဗာပူးအသင်းဟာ လိုက်ဇစ်တိုက်စစ်မှူး ဝါနာကို နွေမှာ ခေါ်ယူလိုပေမယ့် ကိုရိုနာကပ်ဘေး မဖြစ်ခင် တန်ကြေးအတိုင်း ပေးချေနိုင်ဖို့ ခက်ခဲနေပြီး ဈေးချပေးဖို့ လိုက်ဇစ်နဲ့ ပြောမယ်လို့ သိရပါတယ်။

လိုက်ဇစ်နဲ့ ဟာသာဘာလင်ပွဲမှာ ဧည့်သည်အသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဂရုဂျစ်ဟာ ရုပ်ပိုင်းဆိုင်ရာနဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီး တောက်ပတဲ့ အနာဂတ် ရှိတယ်လို့ ဘွန်ဒက်လီဂါဘောလုံးပွဲ သုံးသပ်သူ အိုဝင် ဟားဂရိတ်က ပြောဆိုလိုက်ပါတယ်။

ZAWGYI

ဗုဒၶဟူးေန႔ မဲဝုဒ္က ေလ့က်င့္ေရး အစီအစဥ္မွာေတာ့ ၁၁ ဦးခ်င္း ကစားတဲ့ အေနအထားေတြနဲ႔အတူ ထိေတြ႔မႈရွိတဲ့ ေလ့က်င့္ေရးေတြ ျပန္စဖို႔အတြက္ မန္ေနဂ်ာကေလာ့ပ္က လူငယ္ေတြကို ေခၚယူခဲ့ျပီ ျဖစ္ပါတယ္။

၂၀၂၀ ခုႏွစ္အတြက္ KPMG ရဲ႕ ဥေရာပ အခ်မ္းသာဆံုး အသင္းမ်ားစာရင္း ထြက္ေပၚလာရာမွာ လီဗာပူးက မႏွစ္ကထက္ အဆင့္ ၂ ဆင့္ ခုန္တက္ျပီး အဂၤလန္ျပည္တြင္း ျပိဳင္ဘက္ေတြျဖစ္တဲ့ မန္စီးတီးနဲ႔ ခ်ယ္ဆီးတို႔ကို ေက်ာ္ျဖတ္သြားခဲ့ပါတယ္။

လီဗာပူးဘယ္အစြန္လူ ရိုဘိုက အသင္းအတြက္ အမွတ္ေပးဖလား အႏုိင္ယူေပးဖို႔ ကိစၥေတြဟာ မျပီးေသးပဲ ပြဲေတြ ထပ္ႏုိင္ရဦးမယ္ဆိုတာ နားလည္ထားပါေၾကာင္းနဲ႔ အသင္း ႏွစ္ေပါင္း ၃၀ ေဝးကြာေနတဲ့ ဆုဖလားကို ေသခ်ာေပါက္ အႏုိင္ယူေပးလိုေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္ ျပန္လည္စတင္တဲ့အခါ အက္ဖ္ေအဖလား အျပီးသတ္ဖို႔နဲ႔ လာမယ့္ရာသီ စတင္မယ့္ရက္ေတြေၾကာင့္ ၆ ပတ္အတြင္း ပြဲစဥ္ ၉ ခုလံုးကို အျပီးသတ္ ကစားေပးဖို႔ လိဂ္တာဝန္ရွိသူေတြက မန္ေနဂ်ာေတြကို သတိေပးထားပါတယ္။

အလြန္ဆိုနဲ႕ ဟန္ဒါဆန္တို႔ နွစ္ဦးလံုးဟာ လီဗာပူးကြင္းလယ္ အေရးပါတဲ့ေနရာမွာ တာ၀န္ယူၾကတာခ်င္း တူတဲ့ အျပင္ ၀တ္ဆင္ၾကတဲ့ ေက်ာနံပါတ္ ၁၄ ခ်င္းလည္း တူၾကေပမယ့္ လက္ရွိ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႔ သက္ေရာက္မႈက ပိုၾကီးလိမ့္မယ္လို႔ ခံစစ္မွဴးေဟာင္း စတိဗ္ နီကိုးလ္က ေျပာဆိုပါတယ္။

လီဗာပူးအသင္းဟာ ရုပ္သံလႊင့္ခ ျပန္ေပးရမယ့္ ေငြေၾကးဆိုင္ရာ အခ်ိဳးမွာ ၾကီး ၆ ၾကီးက အျခားေသာ အသင္းေတြထက္ ၃ ဆ ပိုေပးရမယ့္ ကိစၥကို ဦးေဆာင္ ကန္႔ကြက္လိုက္ပါတယ္။

လီဗာပူးအသင္းသားေတြျဖစ္တဲ့ ရွာကီြရီနဲ႔ အဒမ္ လယ္လာနာတို႔ ႏွစ္ဦးဟာ ေႏြမွာ လီဗာပူးေန ထြက္ခြာႏိုင္ေပမယ့္ ေနာက္ရာသီလည္း ပရီးမီးယားလိဂ္မွာပဲ ဆက္ရွိေနမွာျဖစ္ျပီး သူတို႔ ႏွစ္ဦးကို ေခၚယူလိုတဲ့ ကလပ္ေတြက အေတာ္ေလး မ်ားျပားလာပါတယ္။

လီဗာပူးအသင္းဟာ လိုက္ဇစ္တိုက္စစ္မွဴး ဝါနာကို ေႏြမွာ ေခၚယူလိုေပမယ့္ ကိုရိုနာကပ္ေဘး မျဖစ္ခင္ တန္ေၾကးအတုိင္း ေပးေခ်ႏုိင္ဖို႔ ခက္ခဲေနျပီး ေစ်းခ်ေပးဖို႔ လိုက္ဇစ္နဲ႔ ေျပာမယ္လို႔ သိရပါတယ္။

လိုက္ဇစ္နဲ႔ ဟာသာဘာလင္ပြဲမွာ ဧည့္သည္အသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ ကြင္းလယ္လူ ဂရုဂ်စ္ဟာ ရုပ္ပိုင္းဆိုင္ရာနဲ႔ နည္းစနစ္ပိုင္းဆိုင္ရာ ေကာင္းမြန္ျပီး ေတာက္ပတဲ့ အနာဂတ္ ရွိတယ္လို႔ ဘြန္ဒက္လီဂါေဘာလံုးပြဲ သံုးသပ္သူ အိုဝင္ ဟားဂရိတ္က ေျပာဆိုလိုက္ပါတယ္။