ပရီးမီးယားလိဂ်ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရ အခက်ခဲဆုံး ဂိုးသမားက လီဗာပူးအသင်းသား အယ်လီဆန် ဖြစ်တယ်လို့ သိရပါတယ်။
ဒီရာသီမှာ ဘရာဇီးသားဟာ ဒဏ်ရာကြောင့် ဘောလုံးရာသီ အစောပိုင်းပွဲတွေကို လွဲချော်ထားခဲ့ပါတယ်။ ဒါပေမယ့် ပြန်လည် ပွဲထွက်ခွင့် ရချိန်မှာ တည်ငြိမ်တဲ့ လက်စွမ်းတွေကို ပြန်လည် ပြသနိုင်ခဲ့ပြီး သူ့ရဲ့ အမြင့်ဆုံး ကာကွယ်နိုင်းမှုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့တယ်။
အသက် ၂၇ နှစ်အရွယ် ဂိုးသမားဟာ ဒီရာသီမှာ ဂိုးပေါက် ကာကွယ်မှု ၈၀.၄% ထိရှိပြီး အနီးကပ်ဆုံး ဖိအားပေးနိုင်တဲ့ ဟူဂိုလိုရစ်နဲ့ ဒင်းဟန်ဒါဆန်တို့ထက် ပိုမြင့်တဲ့ အနေအထားဖြစ်တယ်။ လီဗာပူးဂိုးသမားဟာ ပါဝင်ကစားတဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀ မှာ clean sheet ၁၀ ပွဲထိ ရအောင် ကြိုးစားနိုင်ခဲ့ပါတယ်။
အယ်လီဆန်ဟာ ဂိုးသမားတစ်ဦးအဖြစ် ကာကွယ်မှုကောင်းတွေ လုပ်ပေးနိုင်တာတင် မကဘဲ ကစားကွက် တည်ဆောက်မှုတွေမှာ အကွက်မြင်မြင် ပါဝင်နိုင်စွမ်းရှိသူပါ။ ယူနိုက်တက်နဲ့ ပွဲမှာဆိုရင် ဆာလက်ကို အကွက်မြင်မြင်နဲ့ ပေးပို့မှုက လီဗာပူးကို ၂-၀ ဆိုတဲ့ ရလဒ် ထွက်ပေါ်စေခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးဂိုးနည်းပြကတော့ “ အယ်လီဆန်က ဘောလုံးနဲ့ ပက်သက်ပြီး သက်သောင့်သက်သာ ရှိပါတယ်၊ ဖိအားတွေအောက်မှာ ဘောလုံးလည်း ရယူလိုစိတ်ရှိတယ်။ ပွဲတွေမှာ မြင်ရသလိုပဲ တည်ငြိမ်လွန်းပြီး သူ့ပတ်ဝန်းကျင်မှာ ပွက်လောရိုက်နေရင်တောင် ကိုင်တွယ်နိုင်စွမ်း ရှိသူဖြစ်တယ်။
အသင်းက ဖိအားပေးကစားခြင်းကို လုပ်နေချိန်မှာ အသင်းနဲ့ အယ်လီဆန်ကြားမှာ နေရာလွတ်ကြီးရှိနေတာ မြင်ရပါမယ်။ ကျနေ်ာတို့အသင်း ကစားတဲ့ ပင်ကိုယ် သဘောဝကိုက မြန်ဆန်တဲ့ တိုက်စစ်ကစားဟန်ဖြစ်ပါတယ်။ ကျနေ်ာတို့က မြန်မြန်ဆန်ဆန် ချိုးဖောက်ဖို့ လုပ်ဆောင်ကြပြီး ဂိုသမားက နေရာလွတ်တွေနဲ့ ပွဲရဲ့ အခြေအနေကို အမြဲတမ်း ကြည့်ပေးနေရပါတယ် ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္အရ ပရီးမီးယားလိဂ္မွာ ရင္ဆိုင္ရ အခက္ခဲဆံုး ဂိုးသမားက လီဗာပူးအသင္းသား အယ္လီဆန္ ျဖစ္တယ္လို႔ သိရပါတယ္။
ဒီရာသီမွာ ဘရာဇီးသားဟာ ဒဏ္ရာေၾကာင့္ ေဘာလံုးရာသီ အေစာပိုင္းပြဲေတြကို လြဲေခ်ာ္ထားခဲ့ပါတယ္။ ဒါေပမယ့္ ျပန္လည္ ပြဲထြက္ခြင့္ ရခ်ိန္မွာ တည္ျငိမ္တဲ့ လက္စြမ္းေတြကို ျပန္လည္ ျပသႏုိင္ခဲ့ျပီး သူ႔ရဲ႕ အျမင့္ဆံုး ကာကြယ္ႏုိင္းမႈကို ဆက္လက္ ထိန္းသိမ္းႏုိင္ခ့ဲတယ္။
အသက္ ၂၇ ႏွစ္အရြယ္ ဂိုးသမားဟာ ဒီရာသီမွာ ဂိုးေပါက္ ကာကြယ္မႈ ၈၀.၄% ထိရွိျပီး အနီးကပ္ဆံုး ဖိအားေပးႏုိင္တဲ့ ဟူဂိုလိုရစ္နဲ႔ ဒင္းဟန္ဒါဆန္တို႔ထက္ ပိုျမင့္တဲ့ အေနအထားျဖစ္တယ္။ လီဗာပူးဂိုးသမားဟာ ပါဝင္ကစားတဲ့ ပရီးမီးယားလိဂ္ပြဲ ၂၀ မွာ clean sheet ၁၀ ပြဲထိ ရေအာင္ ၾကိဳးစားနုိင္ခဲ့ပါတယ္။
အယ္လီဆန္ဟာ ဂိုးသမားတစ္ဦးအျဖစ္ ကာကြယ္မႈေကာင္းေတြ လုပ္ေပးႏုိင္တာတင္ မကဘဲ ကစားကြက္ တည္ေဆာက္မႈေတြမွာ အကြက္ျမင္ျမင္ ပါဝင္ႏုိင္စြမ္းရွိသူပါ။ ယူႏုိက္တက္နဲ႔ ပြဲမွာဆိုရင္ ဆာလက္ကို အကြက္ျမင္ျမင္နဲ႔ ေပးပို႔မႈက လီဗာပူးကို ၂-၀ ဆိုတဲ့ ရလဒ္ ထြက္ေပၚေစခဲ့တာ ျဖစ္ပါတယ္။
လီဗာပူးဂိုးနည္းျပကေတာ့ “ အယ္လီဆန္က ေဘာလံုးနဲ႔ ပက္သက္ျပီး သက္ေသာင့္သက္သာ ရွိပါတယ္၊ ဖိအားေတြေအာက္မွာ ေဘာလံုးလည္း ရယူလိုစိတ္ရွိတယ္။ ပြဲေတြမွာ ျမင္ရသလိုပဲ တည္ျငိမ္လြန္းျပီး သူ႔ပတ္ဝန္းက်င္မွာ ပြက္ေလာရိုက္ေနရင္ေတာင္ ကိုင္တြယ္ႏုိင္စြမ္း ရွိသူျဖစ္တယ္။
အသင္းက ဖိအားေပးကစားျခင္းကို လုပ္ေနခ်ိန္မွာ အသင္းနဲ႔ အယ္လီဆန္ၾကားမွာ ေနရာလြတ္ၾကီးရွိေနတာ ျမင္ရပါမယ္။ က်ေန္ာတို႔အသင္း ကစားတဲ့ ပင္ကိုယ္ သေဘာဝကိုက ျမန္ဆန္တဲ့ တိုက္စစ္ကစားဟန္ျဖစ္ပါတယ္။ က်ေန္ာတို႔က ျမန္ျမန္ဆန္ဆန္ ခ်ိဳးေဖာက္ဖို႔ လုပ္ေဆာင္ၾကျပီး ဂိုသမားက ေနရာလြတ္ေတြနဲ႔ ပြဲရဲ႕ အေျခအေနကို အျမဲတမ္း ၾကည့္ေပးေနရပါတယ္ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။