အန်ဖီးကွင်းမှာ လီဗာပူးက ဘာစီလိုနာကို အကောင်းဆုံး ရင်ဆိုင်ပြီး ၄ ဂိုး ပြန်သွင်းလိမ့်မယ်လို့ မန်စီးတီးကွင်းလယ်လူ ဂေါ်ဒိုဂမ်က ဟောကိန်းထုတ်လိုက်ပါတယ်။

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် လီဗာပူးနဲ့ ဘာစီလိုနာတို့ အန်ဖီးကွင်းမှာ ရင်ဆိုင်တွေ့မှာဖြစ်ပြီး ဂေါ်ဒိုဂမ်ကတော့ တစ်နိုင်ငံတည်းသား ဆရားဟောင်း ယာဂင်ကလော့ပ်ရဲ့အသင်း အနိုင်ရမယ်လို့ ခန့်မှန်းခဲ့တာဖြစ်တယ်။

ဂေါ်ဒိုဂမ်က ချန်ပီယံလိဂ်ပွဲနဲ့ ပက်သက်ပြီး ” ဒီပွဲက မပြီးသေးဘူးလို့ ကျနော် ခံစားမိနေတယ်။ လီဗာပူးက အိမ်ကွင်းမှာ 4-0 ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူသွားမယ်လို့ မြင်ယောင်နေမိတယ်။ ဘာလို့လည်းတော့ ကျနော် မသိဘူး။ ဒါပေမယ့် အန်ဖီးကွင်းကြောင့်လို့ ထင်တယ်။

ရင်ဆိုင်ကစားဖို့ အခြေအနေ မကောင်းဖြစ်နေတဲ့ ကစားသမားတွေကို စိတ်ဓါတ်ပိုင်း လုံ့ဆော်ပေးရာမှာ ယာဂင်ကလော့ပ်က ဆရာတစ်ဆူပဲ။ ဘာစီလိုနာလို အသင်းကိုတောင် တစ်ပွဲတည်းနဲ့ ရိုက်ချသွားနိုင်ပါတယ် ” လို့ ယာဂင်ကလော့ပ်ရဲ့ လုံ့ဆော်နိုင်မှုကို အထင်ကြီးစွား မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။