လီဗာပူးကစားသမားဟောင်းကြီး ကာရေဂါက ဒီရက်ပိုင်းအတွင်း ပြဿနာတွေ တက်နေတဲ့ ကိစ္စအားလုံးအတွက် ရှင်းလင်းတဲ့ အမြင်ကို ထုတ်ပြောသွားပါတယ်။
ပထမဦးစွာ ဂယ်ရီနဗီးရဲ့ လီဗာပူးက လက်ကျန်ပွဲအားလုံး အရေးနိမ့်ရင် မန်စီးတီး ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ အပြောကို ပယ်ချခဲ့တယ်။ လီဗာပူးက ရမှတ် ၂၇ မှတ်စာ ၉ ပွဲကစားဖို့လိုပြီး မန်စီးတီးက ရမှတ် ၃၀ စာ ကစားဖို့လိုကာ နှစ်သင်းကြား ၂၅ မှတ်ထိ ကွာဟနေပါတယ်။ ဆိုလိုတာက မန်စီးတီးအသင်း လက်ကျန်ပွဲတွေမှာ ၂ ပွဲလောက် ရလဒ်ထိခိုက်တာနဲ့တင် လီဗာပူးက လက်ကျန်ပဲတွေ အားလုံး မကစားရလည်း ချန်ပီယံဖြစ်ပါမယ်။
ကာရေဂါက ” လီဗာပူးက ပရီးမီးယားလိဂ်ကို အနိုင်ရမှာပါ။ ဂယ်ရီက ပွဲအားလုံးကို အရေးနိမ့်ရင်ကောလို့ ဟာသလုပ်ထားတယ်။ လီဗာပူးချန်ပီယံဖြစ်မယ် ကျနော် တကယ်ကို ယုံကြည်ပါတယ်။ လီဗာပူး ပွဲအားလုံးကို အရေးနိမ့်ရင်တောင် ဆုဖလားကို အနိုင်ရပါလိမ့်မယ်။ ဘာလို့လည်းဆိုတော့ အနီးကပ်ဆုံး ဖိအားပေးရမယ့် မန်စီးတီးအသင်းက လက်ကျန်ပွဲ အားလုံးကို နိုင်ဖို့ဆိုတာ မလွယ်လိုပါပဲ။
ဂျော်ဒန်ဟန်ဒါဆန်က အင်တာဗျူးတွေမှာ ဒါကို ခဏခဏ ဖြေထားပေးပါတယ်။ သူတို့ အနိုင်မရသေးဘူးလို့ပါ။ နားထောင် ရာသီကုန်မှာ ကစားသမားတွေက ထုတ်ပြောလိမ့်မယ်၊ ခရစ်စမတ်တည်းက ပရီးမီးယားလိဂ်ကို အနိုင်ရဖို့ အခွင့်အရေးရတယ်လို့ သူတို့ ပြောလိမ့်မယ်။
သူတို့ လူရှေ့မှာ ဘာကိုမှ ထုတ်ပြောမှာ မဟုတ်ဘူး။ အပြောသမားတွေထက် ပိုစိတ်ပျက်စရာကောင်းတာလည်း မရှိဘူး။ လက်ဝှေ့ပွဲတွေမှာ ယုံကြည်မှုရှိရှိနဲ့ ဘာမဆို ပြောလို့ရပေမယ့် ဘောလုံးမှာတော့ အဲ့လို့ ယုံကြည်မှုလွန်ကဲပြီး ပြောလို့မရဘူး။ လီဗာပူးရဲ့ အနေအထားက ဘယ်ပွဲမှာ ချန်ပီယံဖြစ်မလဲပါ။ အဲဗာတန်ကို ရင်ဆိုင်ရတဲ့ပွဲမှာ ချန်ပီယံဖြစ်ရင်တော့ ပရိသတ်တွေ သိပ်ပြီး စိတ်လှုပ်ရှားပါလိမ့်မယ်။
အရင်လလောက်ကဆိုရင်တော့ ကိုယ်ရဲ့ အိမ်နီးနားချင်း ပရိသတ်တွေရဲ့ရှေ့ သူတို့ရဲ့ အိမ်ကွင်းမှာ အနိုင်ယူရတာက သိပ်ကောင်းမှာပါ။ အခုချိန်မှာ လီဗာပူး ကစားသမားတွေအတွက်က ဘယ်ကွင်းမှာ အနိုင်ရရ ခပ်မြန်မြန် အနိုင်ဖို့ပါပဲ ” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးကစားသမားေဟာင္းၾကီး ကာေရဂါက ဒီရက္ပိုင္းအတြင္း ျပႆနာေတြ တက္ေနတဲ့ ကိစၥအားလံုးအတြက္ ရွင္းလင္းတဲ့ အျမင္ကို ထုတ္ေျပာသြားပါတယ္။
ပထမဦးစြာ ဂယ္ရီနဗီးရဲ႕ လီဗာပူးက လက္က်န္ပြဲအားလံုး အေရးနိမ့္ရင္ မန္စီးတီး ခ်န္ပီယံျဖစ္ႏုိင္တယ္ဆိုတဲ့ အေျပာကို ပယ္ခ်ခဲ့တယ္။ လီဗာပူးက ရမွတ္ ၂၇ မွတ္စာ ၉ ပြဲကစားဖို႔လိုျပီး မန္စီးတီးက ရမွတ္ ၃၀ စာ ကစားဖို႔လိုကာ ႏွစ္သင္းၾကား ၂၅ မွတ္ထိ ကြာဟေနပါတယ္။ ဆိုလိုတာက မန္စီးတီးအသင္း လက္က်န္ပြဲေတြမွာ ၂ ပြဲေလာက္ ရလဒ္ထိခိုက္တာနဲ႔တင္ လီဗာပူးက လက္က်န္ပဲေတြ အားလံုး မကစားရလည္း ခ်န္ပီယံျဖစ္ပါမယ္။
ကာေရဂါက ” လီဗာပူးက ပရီးမီးယားလိဂ္ကို အႏုိင္ရမွာပါ။ ဂယ္ရီက ပြဲအားလံုးကို အေရးနိမ့္ရင္ေကာလို႔ ဟာသလုပ္ထားတယ္။ လီဗာပူးခ်န္ပီယံျဖစ္မယ္ က်ေနာ္ တကယ္ကို ယံုၾကည္ပါတယ္။ လီဗာပူး ပြဲအားလံုးကို အေရးနိမ့္ရင္ေတာင္ ဆုဖလားကို အႏုိင္ရပါလိမ့္မယ္။ ဘာလို႔လည္းဆိုေတာ့ အနီးကပ္ဆံုး ဖိအားေပးရမယ့္ မန္စီးတီးအသင္းက လက္က်န္ပြဲ အားလံုးကို ႏုိင္ဖို႔ဆိုတာ မလြယ္လိုပါပဲ။
ေဂ်ာ္ဒန္ဟန္ဒါဆန္က အင္တာဗ်ဴးေတြမွာ ဒါကို ခဏခဏ ေျဖထားေပးပါတယ္။ သူတို႔ အႏိုင္မရေသးဘူးလို႔ပါ။ နားေထာင္ ရာသီကုန္မွာ ကစားသမားေတြက ထုတ္ေျပာလိမ့္မယ္၊ ခရစ္စမတ္တည္းက ပရီးမီးယားလိဂ္ကို အႏုိင္ရဖို႔ အခြင့္အေရးရတယ္လို႔ သူတို႔ ေျပာလိမ့္မယ္။
သူတို႔ လူေရွ႔မွာ ဘာကိုမွ ထုတ္ေျပာမွာ မဟုတ္ဘူး။ အေျပာသမားေတြထက္ ပိုစိတ္ပ်က္စရာေကာင္းတာလည္း မရွိဘူး။ လက္ေဝွ႔ပြဲေတြမွာ ယံုၾကည္မႈရွိရွိနဲ႔ ဘာမဆို ေျပာလို႔ရေပမယ့္ ေဘာလံုးမွာေတာ့ အဲ့လို႔ ယံုၾကည္မႈလြန္ကဲျပီး ေျပာလို႔မရဘူး။ လီဗာပူးရဲ႕ အေနအထားက ဘယ္ပြဲမွာ ခ်န္ပီယံျဖစ္မလဲပါ။ အဲဗာတန္ကို ရင္ဆိုင္ရတဲ့ပြဲမွာ ခ်န္ပီယံျဖစ္ရင္ေတာ့ ပရိသတ္ေတြ သိပ္ျပီး စိတ္လႈပ္ရွားပါလိမ့္မယ္။
အရင္လေလာက္ကဆိုရင္ေတာ့ ကိုယ္ရဲ႕ အိမ္နီးနားခ်င္း ပရိသတ္ေတြရဲ႕ေရွ႔ သူတို႔ရဲ႕ အိမ္ကြင္းမွာ အႏုိင္ယူရတာက သိပ္ေကာင္းမွာပါ။ အခုခ်ိန္မွာ လီဗာပူး ကစားသမားေတြအတြက္က ဘယ္ကြင္းမွာ အႏုိင္ရရ ခပ္ျမန္ျမန္ အႏုိင္ဖို႔ပါပဲ ” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။