လီဗာပူးဟာ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ မြန်မြန်ဆန်ဆန် လှုပ်ဆောင်မှုတွေနဲ့ အပြီးမသတ်သေးချိန်မှာပဲ ပြိုင်ဘက် ချယ်ဆီးဘက်က စတင် လှုပ်ရှားနေပါပြီ။

လိုက်ဇစ်နဲ့ ဝါနာကြားမှာ စာချုပ်ဖျက်သိမ်းကြေးက ပေါင် ၅၂ သန်းထိ ရှိထားတာဖြစ်တယ်။ ဒါပေမယ့်လို့ အဆိုပါ ပြောင်းရွှေ့ကြေးကို ပေးဖို့က လီဗာပူးအတွက် ခက်ခဲမှာဖြစ်ကာ ဝါနာအတွက် ဈေးချပေးမှုအဖြစ် ပေါင် သန်း ၃၀ ထက်နည်းတဲ့ ပမာဏကိုပဲ လက်ခံဖို့ လီဗာပူးဘက်က တောင်းဆိုလိုနေတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ တိုက်စစ်မှူးရှာနေတဲ့ ချယ်ဆီးဟာ ဝါနာကို ခေါ်ယူဖို့ ဝင်ရောက်လာတာဖြစ်ပြီး မန်နေဂျာလမ်းပတ်က တီမိုဝါနာကို ပွဲထွက်ခွင့်ပေးမယ်ဆိုတဲ့ မက်လုံးကို လက်ရွေးစင်အသင်းဖော် ရူဒီဂါကနေ လှုပ်ဆောင်နေကြောင်း ဂျာမနီသတင်းထောက် Christian Falk က အတည်ပြုလိုက်ပါတယ်။

Christian Falk က ” ဝါနာကို ခေါ်ယူရေး ကစားပွဲအတွက် သတင်းသစ်ပေးစရာ ရှိလာပါပြီ။ စတုဂတ်မှာတည်းက အတူတွဲကစားခဲ့ပြီး ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်တဲ့ ဝါနာကို ချယ်ဆီးအသင်းမှာ လာကစားဖို့ ရူဒီဂါက စတင်ကာ စည်းရုံးစကား ပြောဆိုနေပါပြီ ” လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ဝါနာကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ်ကလပ်က လီဗာပူးတစ်သင်းတည်း မဟုတ်ဘဲ ချယ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း စိတ်ဝင်စားထားတာပါ။ ချယ်ဆီးဘက်က ဂျာမနီတိုက်စစ်မှူးနဲ့ ရင်းနှီးတဲ့ ခံစစ်မှူး ရူဒီဂါကနေ တစ်ဆင့် ကြိုးစားလာတာဖြစ်ပြီး လီဗာပူးဘက်ကလည်း မန်နေဂျာ ယာဂင်ကလော့ပ်ကိုယ်တိုင် ဝါနာကို အပြောင်းအရွှေ့ကိစ္စ စကားပြောထားတယ်လို့ သိထားရပါတယ်။

ZAWGYI

လီဗာပူးဟာ လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာကို ေခၚယူဖို႔ ျမန္ျမန္ဆန္ဆန္ လႈပ္ေဆာင္မႈေတြနဲ႔ အျပီးမသတ္ေသးခ်ိန္မွာပဲ ျပိဳင္ဘက္ ခ်ယ္ဆီးဘက္က စတင္ လႈပ္ရွားေနပါျပီ။

လိုက္ဇစ္နဲ႔ ဝါနာၾကားမွာ စာခ်ဳပ္ဖ်က္သိမ္းေၾကးက ေပါင္ ၅၂ သန္းထိ ရွိထားတာျဖစ္တယ္။ ဒါေပမယ့္လို႔ အဆိုပါ ေျပာင္းေရႊ႔ေၾကးကို ေပးဖို႔က လီဗာပူးအတြက္ ခက္ခဲမွာျဖစ္ကာ ဝါနာအတြက္ ေစ်းခ်ေပးမႈအျဖစ္ ေပါင္ သန္း ၃၀ ထက္နည္းတဲ့ ပမာဏကိုပဲ လက္ခံဖို႔ လီဗာပူးဘက္က ေတာင္းဆိုလိုေနတာ ျဖစ္ပါတယ္။

ဒီအေျခအေနမွာ တိုက္စစ္ပိုင္း အင္အားျဖည့္ဖို႔ တိုက္စစ္မွဴးရွာေနတဲ့ ခ်ယ္ဆီးဟာ ဝါနာကို ေခၚယူဖို႔ ဝင္ေရာက္လာတာျဖစ္ျပီး မန္ေနဂ်ာလမ္းပတ္က တီမိုဝါနာကို ပြဲထြက္ခြင့္ေပးမယ္ဆိုတဲ့ မက္လံုးကို လက္ေရြးစင္အသင္းေဖာ္ ရူဒီဂါကေန လႈပ္ေဆာင္ေနေၾကာင္း ဂ်ာမနီသတင္းေထာက္ Christian Falk က အတည္ျပဳလိုက္ပါတယ္။

Christian Falk က ” ဝါနာကို ေခၚယူေရး ကစားပြဲအတြက္ သတင္းသစ္ေပးစရာ ရွိလာပါျပီ။ စတုဂတ္မွာတည္းက အတူတြဲကစားခဲ့ျပီး ရင္းႏွီးတဲ့ သူငယ္ခ်င္းျဖစ္တဲ့ ဝါနာကို ခ်ယ္ဆီးအသင္းမွာ လာကစားဖို႔ ရူဒီဂါက စတင္ကာ စည္းရံုးစကား ေျပာဆိုေနပါျပီ ” လို႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

ဝါနာကို ေခၚယူလိုတဲ့ ပရီးမီးယားလိဂ္ကလပ္က လီဗာပူးတစ္သင္းတည္း မဟုတ္ဘဲ ခ်ယ္ဆီးနဲ႔ ယူႏုိက္တက္တို႔ကလည္း စိတ္ဝင္စားထားတာပါ။ ခ်ယ္ဆီးဘက္က ဂ်ာမနီတိုက္စစ္မွဴးနဲ႔ ရင္းႏွီးတဲ့ ခံစစ္မွဴး ရူဒီဂါကေန တစ္ဆင့္ ၾကိဳးစားလာတာျဖစ္ျပီး လီဗာပူးဘက္ကလည္း မန္ေနဂ်ာ ယာဂင္ကေလာ့ပ္ကိုယ္တိုင္ ဝါနာကို အေျပာင္းအေရႊ႔ကိစၥ စကားေျပာထားတယ္လို႔ သိထားရပါတယ္။