မန်နေဂျာ ယာဂင်ကလောပ့်ဟာ လီဗာပူးကို ပြောင်းလာဖို့ ခံစစ်မှူး ကိုလီဘာလေကို ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

မန်နေဂျာကလော့ပ်က လာမယ့် ၁၈ လအတွင်း ကိုလီဘာလေကို ခေါ်ယူမယ်ဆိုတဲ့ စကားကို ဖုန်းဖြင့် ဆက်သွယ်မှု လုပ်စဉ် ထည့်ပြောခဲ့ကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြတာပါ။ ကလော့ပ်က ဗန်ဒိုက်နဲ့ တွဲဘက်ပြီး ခံစစ်မှာ ကိုလီဘာလေကို ဘယ်လို အသုံးပြုမလဲဆိုတဲ့ ကိစ္စတွေပါ ပြောခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

နာပိုလီအသင်းမှာ ကစားနေတဲ့ အသက် ၂၈ နှစ်အရွယ် ဆီနီဂေါသားကို ခေါ်ယူဖို့ ဥရောပ ထိပ်သီးအသင်း အများအပြားက စိတ်ဝင်စားနေတာပါ။ လီဗာပူးဟာ ဗန်ဒိုက်ကို မခေါ်ယူခင် ဒုတိယဦးစားပေးအဖြစ် ကိုလီဘာလေကို ကင်းထောက်ခဲ့ပြီး နှစ်ဦးထဲက ဗန်ဒိုက်ကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့ပေမယ့် မန်နေဂျာကလော့ပ်ရဲ့ ခံစစ်မှူးတွေအပေါ် အထင်ကြီးမှုကတော့ တူညီခဲ့ပါတယ်။

ဒါကြောင့်လည်း ကိုလီဘာလေကို ဖုန်းဆက်သွယ်ပြီး သူ့ရဲ့ စိတ်ဝင်စားမှုကို မန်နေဂျာကလော့ပ်က ပြသခြင်းဖြစ်ကြောင်း ပြင်သစ်သတင်းက ဖော်ပြတယ်။ ကမ္ဘာအနှံ့ ကိုရိုနာကပ်ဘေး ရိုက်ခတ်မှုဟာ ဘောလုံးလောကကိုလည်း သက်ရောက်မှုရှိပြီး ဆီနီဂေါခံစစ်မှူးအတွက် ပြောင်းရွှေ့ကြေး ချပေးဖို့ကို နာပိုလီအသင်းက လုပ်ဆောင်သွားမှာပါ။

ဒီနွေမှာ ပေါင် ၆၅ သန်းလောက် ရရင်ကို နာပိုလီက ကိုလီဘာလေကို လက်လွတ်နိုင်ပေမယ့် လီဗာပူးဘက်က သူ့ကို ဝင်ရောက် ကမ်းလှမ်းဖွယ် မရှိပါဘူး။ ဒါပေမယ့် သူ့ရဲ့ စာချုပ်က ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်လို့ နောက်ရာသီတွေမှ ကမ်းလှမ်းမယ်ဆိုရင် ပြောင်းရွှေ့ကြေး အတော်လေး ကျဆင်းသွားမှာဖြစ်တယ်။

လီဗာပူးသတင်းထောက် ဂျိမ်းပီယာစ်ကတော့ ကလပ်ဟာ ခံစစ်မှူးသစ် ခေါ်ယူရေးကို ဦးစားပေးအဖြစ် မသက်မှတ်ထားဘဲ နွေမှာ ဗဟိုခံစစ်မှူးသစ် လုံးဝ ရောက်လာဖို့ မရှိကြောင်း ပြောဆိုထားလို့ နောက်ရာသီတွေအတွက် ကလော့ပ်က ကိုလီဘာလေကို ချိန်ရွယ်သလားဆိုတဲ့ မေးခွန်းတော့ ရှိနေတာဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာပ့္ဟာ လီဗာပူးကို ေျပာင္းလာဖို႔ ခံစစ္မွဴး ကိုလီဘာေလကို ဆက္သြယ္မႈ ျပဳလုပ္ခဲ့တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

မန္ေနဂ်ာကေလာ့ပ္က လာမယ့္ ၁၈ လအတြင္း ကိုလီဘာေလကို ေခၚယူမယ္ဆိုတဲ့ စကားကို ဖုန္းျဖင့္ ဆက္သြယ္မႈ လုပ္စဥ္ ထည့္ေျပာခဲ့ေၾကာင္း ျပင္သစ္သတင္းဌာနေတြက ေဖာ္ျပတာပါ။ ကေလာ့ပ္က ဗန္ဒိုက္နဲ႔ တြဲဘက္ျပီး ခံစစ္မွာ ကိုလီဘာေလကို ဘယ္လို အသံုးျပဳမလဲဆိုတဲ့ ကိစၥေတြပါ ေျပာခ့ဲတယ္လို႔ သတင္းေတြက ဆိုပါတယ္။

နာပိုလီအသင္းမွာ ကစားေနတဲ့ အသက္ ၂၈ ႏွစ္အရြယ္ ဆီနီေဂါသားကို ေခၚယူဖို႔ ဥေရာပ ထိပ္သီးအသင္း အမ်ားအျပားက စိတ္ဝင္စားေနတာပါ။ လီဗာပူးဟာ ဗန္ဒိုက္ကို မေခၚယူခင္ ဒုတိယဦးစားေပးအျဖစ္ ကိုလီဘာေလကို ကင္းေထာက္ခဲ့ျပီး ႏွစ္ဦးထဲက ဗန္ဒိုက္ကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ခဲ့ေပမယ့္ မန္ေနဂ်ာကေလာ့ပ္ရဲ႕ ခံစစ္မွဴးေတြအေပၚ အထင္ၾကီးမႈကေတာ့ တူညီခဲ့ပါတယ္။

ဒါေၾကာင့္လည္း ကုိလီဘာေလကို ဖုန္းဆက္သြယ္ျပီး သူ႔ရဲ႕ စိတ္ဝင္စားမႈကို မန္ေနဂ်ာကေလာ့ပ္က ျပသျခင္းျဖစ္ေၾကာင္း ျပင္သစ္သတင္းက ေဖာ္ျပတယ္။ ကမၻာအႏွံ႔ ကိုရိုနာကပ္ေဘး ရိုက္ခတ္မႈဟာ ေဘာလံုးေလာကကိုလည္း သက္ေရာက္မႈရွိျပီး ဆီနီေဂါခံစစ္မွဴးအတြက္ ေျပာင္းေရႊ႔ေၾကး ခ်ေပးဖို႔ကို နာပိုလီအသင္းက လုပ္ေဆာင္သြားမွာပါ။

ဒီေႏြမွာ ေပါင္ ၆၅ သန္းေလာက္ ရရင္ကို နာပိုလီက ကိုလီဘာေလကို လက္လြတ္ႏုိင္ေပမယ့္ လီဗာပူးဘက္က သူ႔ကို ဝင္ေရာက္ ကမ္းလွမ္းဖြယ္ မရွိပါဘူး။ ဒါေပမယ့္ သူ႔ရဲ႕ စာခ်ဳပ္က ၂၀၂၃ ခုႏွစ္မွာ ကုန္ဆံုးမွာျဖစ္လို႔ ေနာက္ရာသီေတြမွ ကမ္းလွမ္းမယ္ဆိုရင္ ေျပာင္းေရႊ႔ေၾကး အေတာ္ေလး က်ဆင္းသြားမွာျဖစ္တယ္။

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာစ္ကေတာ့ ကလပ္ဟာ ခံစစ္မွဴးသစ္ ေခၚယူေရးကို ဦးစားေပးအျဖစ္ မသက္မွတ္ထားဘဲ ေႏြမွာ ဗဟိုခံစစ္မွဴးသစ္ လံုးဝ ေရာက္လာဖို႔ မရွိေၾကာင္း ေျပာဆိုထားလို႔ ေနာက္ရာသီေတြအတြက္ ကေလာ့ပ္က ကိုလီဘာေလကို ခ်ိန္ရြယ္သလားဆိုတဲ့ ေမးခြန္းေတာ့ ရွိေနတာျဖစ္ပါတယ္။