ပရီးမီးယားလိဂ်ကို ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည်စတင်ပြီး လီဗာပူးကတော့ မတ်လနောက်ပိုင်း ပထမဆုံးသော ပွဲအဖြစ် အဲဗာတန်နဲ့ ဇွန်လ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ရမှာဖြစ်တယ်။

ပရီးမီးယားလိဂ် ပြန်လည်စတင်တဲ့အခါ ပွဲချိန်တွေကို သောကြာ ၁ ပွဲ၊ စနေ ၄ ပွဲ၊ တနင်္ဂနွေ ၄ ပွဲ၊ တနင်္လာ ၁ ပွဲနဲ့ အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တွေမှာ ၂ ပွဲပုံစံ လာပါမယ်။

မန်နေဂျာ ယာဂင်ကလောပ့်ဟာ လီဗာပူးကို ပြောင်းလာဖို့ နာပိုလီအသင်း ခံစစ်မှူး ကိုလီဘာလေကို ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ ဒေးလီးမေလ်းက ဖော်ပြလာပါတယ်။

လီဗာပူးဟာ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ မြန်မြန်ဆန်ဆန် လှုပ်ဆောင်မှုတွေနဲ့ အပြီးမသတ်သေးချိန်မှာပဲ ပြိုင်ဘက် ချယ်ဆီးဘက်က နွေမှာ လန်ဒန်အသင်းကို ပြောင်းလာဖို့ စည်းရုံးမှုတွေကို စတင် လှုပ်ရှားနေပါပြီ။

ဂယ်ရီနဗီးရဲ့ လီဗာပူးက လက်ကျန်ပွဲအားလုံး အရေးနိမ့်ရင် မန်စီးတီး ချန်ပီယံဖြစ်နိုင်တယ်ဆိုတဲ့ အပြောကို ကာရေဂါက ပယ်ချလိုက်ပြီး ပွဲအားလုံးကို ရံှူးရင်တောင် မန်စီးတီးကလည်း မနိုင်နိုင်လို့ လီဗာပူးပဲ ချန်ပီယဲဖြစ်မယ်လို့ ပြောဆိုလိုက်ပါတယ်။

ပရီးမီးယားလိဂ်မှာ မအောင်မြင်တဲ့ ကာလအဖြစ် ချန်ပီယံလိဂ်ဝင်ခွင့်ကို ၅ ရာသီတိုင်း ကျရံှူးခဲ့တဲ့ လီဗာပူးဟာ ဒီဘက်နှစ်တွေမှာ ပြိုင်ဘက်တိုင်း လေးစားရပြီး စောင့်ကြည့်ဖို့ရာ နှစ်သက်ရတဲ့ ကလပ်အသင်းဖြစ်လာခဲ့ခြင်းက မန်နေဂျာကလော့ပ်ကြောင့် ဖြစ်တယ်လို့ စစ်တမ်းတွေက ဖော်ပြပါတယ်။

ဗြိတိန်ရဲအဖွဲ့က လီဗာပူးပွဲစဉ် အချို့ကို ကြားကွင်းတွေမှာ ကစားဖို့ ရွှေ့ဆိုင်းလိုနေပြီး အဆိုပါပွဲတွေထဲမှာ ပထမဆုံး ပြန်ကစားရမယ့် အဲဗာတန်နဲ့ အဝေးကွင်းပွဲအပြင် အရေးပါတဲ့ အိမ်ကွင်းပွဲတွေလည်း ပါဝင်နေပါတယ်။

ယူနိုက်တက်ဂန္တဝင်ကစားသမား ရွိုင်ယန်ဂစ်က လီဗာပူးအသင်းရဲ့ ထူးချွန်ပြောင်မြောက်မှုတွေကို ချီးကျူးရမှာဖြစ်ပြီး သူကိုယ်တိုင်တွယ်တဲံ ဝေလ်းအသင်းမှာ လီဗာပူးအသင်းရဲ့ နည်းလမ်းတွေကို ထည့်သွင်း ကျင့်သုံးတယ်လို့ ထုတ်ဖော်ပြောဆိုပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တရားဝင် ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရ အခက်ခဲဆုံး ဂိုးသမားက လီဗာပူးအသင်းသား အယ်လီဆန် ဖြစ်တယ်လို့ သိရပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ကို ဇြန္လ ၁၇ ရက္ေန႔မွာ ျပန္လည္စတင္ျပီး လီဗာပူးကေတာ့ မတ္လေနာက္ပိုင္း ပထမဆံုးေသာ ပြဲအျဖစ္ အဲဗာတန္နဲ႔ ဇြန္လ ၂၀ ရက္ေန႔မွာ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။

ပရီးမီးယားလိဂ္ ျပန္လည္စတင္တဲ့အခါ ပြဲခ်ိန္ေတြကို ေသာၾကာ ၁ ပြဲ၊ စေန ၄ ပြဲ၊ တနဂၤေႏြ ၄ ပြဲ၊ တနလၤာ ၁ ပြဲနဲ႔ အဂၤါ၊ ဗုဒၶဟူး၊ ၾကာသပေတးေန႔ေတြမွာ ၂ ပြဲပံုစံ လာပါမယ္။

မန္ေနဂ်ာ ယာဂင္ကေလာပ့္ဟာ လီဗာပူးကို ေျပာင္းလာဖို႔ နာပိုလီအသင္း ခံစစ္မွဴး ကိုလီဘာေလကို ဆက္သြယ္မႈ ျပဳလုပ္ခဲ့တယ္လို႔ ေဒးလီးေမလ္းက ေဖာ္ျပလာပါတယ္။

လီဗာပူးဟာ လိုက္ဇစ္တိုက္စစ္မွဴး တီမိုဝါနာကို ေခၚယူဖို႔ ျမန္ျမန္ဆန္ဆန္ လႈပ္ေဆာင္မႈေတြနဲ႔ အျပီးမသတ္ေသးခ်ိန္မွာပဲ ျပိဳင္ဘက္ ခ်ယ္ဆီးဘက္က ေႏြမွာ လန္ဒန္အသင္းကို ေျပာင္းလာဖို႔ စည္းရံုးမႈေတြကို စတင္ လႈပ္ရွားေနပါျပီ။

ဂယ္ရီနဗီးရဲ႕ လီဗာပူးက လက္က်န္ပြဲအားလံုး အေရးနိမ့္ရင္ မန္စီးတီး ခ်န္ပီယံျဖစ္ႏုိင္တယ္ဆိုတဲ့ အေျပာကို ကာေရဂါက ပယ္ခ်လိုက္ျပီး ပြဲအားလံုးကို ရံွဴးရင္ေတာင္ မန္စီးတီးကလည္း မႏုိင္ႏုိင္လို႔ လီဗာပူးပဲ ခ်န္ပီယဲျဖစ္မယ္လို႔ ေျပာဆိုလိုက္ပါတယ္။

ပရီးမီးယားလိဂ္မွာ မေအာင္ျမင္တဲ့ ကာလအျဖစ္ ခ်န္ပီယံလိဂ္ဝင္ခြင့္ကို ၅ ရာသီတိုင္း က်ရံွဴးခဲ့တဲ့ လီဗာပူးဟာ ဒီဘက္ႏွစ္ေတြမွာ ျပိဳင္ဘက္တိုင္း ေလးစားရျပီး ေစာင့္ၾကည့္ဖို႔ရာ ႏွစ္သက္ရတဲ့ ကလပ္အသင္းျဖစ္လာခဲ့ျခင္းက မန္ေနဂ်ာကေလာ့ပ္ေၾကာင့္ ျဖစ္တယ္လို႔ စစ္တမ္းေတြက ေဖာ္ျပပါတယ္။

ျဗိတိန္ရဲအဖြဲ႔က လီဗာပူးပြဲစဥ္ အခ်ိဳ႔ကို ၾကားကြင္းေတြမွာ ကစားဖို႔ ေရႊ႔ဆိုင္းလိုေနျပီး အဆိုပါပြဲေတြထဲမွာ ပထမဆံုး ျပန္ကစားရမယ့္ အဲဗာတန္နဲ႔ အေဝးကြင္းပြဲအျပင္ အေရးပါတဲ့ အိမ္ကြင္းပြဲေတြလည္း ပါဝင္ေနပါတယ္။

ယူႏုိက္တက္ဂႏၱဝင္ကစားသမား ရိြဳင္ယန္ဂစ္က လီဗာပူးအသင္းရဲ႕ ထူးခၽြန္ေျပာင္ေျမာက္မႈေတြကို ခ်ီးက်ဴးရမွာျဖစ္ျပီး သူကိုယ္တိုင္တြယ္တဲံ ေဝလ္းအသင္းမွာ လီဗာပူးအသင္းရဲ႕ နည္းလမ္းေတြကို ထည့္သြင္း က်င့္သံုးတယ္လို႔ ထုတ္ေဖာ္ေျပာဆိုပါတယ္။

ပရီးမီးယားလိဂ္ရဲ႕ တရားဝင္ ထုတ္ျပန္ခ်က္အရ ပရီးမီးယားလိဂ္မွာ ရင္ဆိုင္ရ အခက္ခဲဆံုး ဂိုးသမားက လီဗာပူးအသင္းသား အယ္လီဆန္ ျဖစ္တယ္လို႔ သိရပါတယ္။