လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က သူ့ရဲ့ အကြီးမားဆုံး ရည်မှန်းချက်က လီဗာပူးအသင်းရဲ့ ကစားဟန်ကို စီနီယာအသင်းမှာတင် မဟုတ်ဘဲ သက်တမ်းအလိုက် လူငယ်အသင်းတွေမှာလည်း တူညီစွာ ကစားနိုင်ဖို့လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးဂျာစီကို ဝတ်ဆင်ကစားလာတဲ့ ကစားသမားတိုင်းက တူညီတဲ့ ကစားဟန်နဲ့ အမူအကျင့်ကို ရှိသူတွေဖြစ်ကြဖို့က ကလော့ပ်ရဲ့ အိပ်မက်ဖြစ်တယ်။ သူကတော့ လီဗာပူးဆိုတာနဲ့တင် ဒီလို ကစားဟန်နဲ့ ထွက်လာလိမ့်မယ်လို့ လူတိုင်း သိမြင်စေလိုပါတယ်။

ကလော့ပ်က ” ငါတို့ ဘယ်လို ကစားချင်သလဲ၊ ဘယ်လို ခံစစ်ကာကွယ်ချင်လဲ၊ ဘယ်နေရာမှာ ခံစစ်ကစားလိုလဲ၊ ဘယ်နေရာကို ဘောလုံးပေးလိုသလဲ ဆိုတာတွေအတွက် ရှင်းလင်းတဲ့ စည်းမျဉ်းတွေရှိတယ်။ စာအုပ်ကြီးတစ်အုပ် ဖွင့်ပြပြီး မင်းဒါကိုဖတ် ငါတို့ရဲ့ ကစားဟန်ကို နားလည်သွားလိမ့်မယ် ဆိုတာမျိုးတော့ မဟုတ်ပါဘူး။

ငါတို့က ဘယ်လို နှစ်လိုဖွယ်ကောင်းအောင် နေထိုင်သလဲ? ဘယ်လောက်ထိ အကောင်းမြင်သလဲ? ဘယ်လောက်ထိ ရဲရင့်သလဲ? ဒါတွေကို သက်တမ်းအလိုက်တွေကနေ ကျော်ဖြတ်လာကြတဲ့ လူငယ်လေးတွေ အားလုံးလည်း သိကြဖို့က အရေးကြီးပါတယ်။ ၁၀ နှစ်သား ကလေးတစ်ယောက်က ဒါကို နားလည်မလားဆိုတာတော့ မသေချာဘူး။ ဒါပေမယ့် ၁၇၊ ၁၈၊ ၁၉၊ ၂၀ လူငယ်တွေကတော့ ဒါကို နားလည်လောက်တဲ့ အရွယ်တွေပါ။

ငါ့ရဲ့ အိပ်မက်က ငါတို့က လီဗာပူး မဟုတ်တဲ့ ကြုံရာဂျာစီဝတ်ပြီး ကစားရင်တောင်မှ လူတွေက ‘အား..။ ဒါ လီဗာပူးအသင်းပဲ’ လို့ မှတ်မိစေလိုတယ်။ ငါတို့ရဲ့ ကိုယ်ပိုင်လက္ခဏာက လူတိုင်းက ‘ဒါက လီဗာပူးပါလား’ လို့ ပြောရလောက်တဲ့ထိ ဖြစ်စေလိုတယ်။ အဲ့အတွက် ငါတို့ ကြိုးစားနေတာပါ ” လို့ ဆိုခ့တာဖြစ်တယ်။

လီဗာပူးရဲ့ ကစားဟန်ဟာ ပေါက်ကွဲအား ကောင်းလှပြီး အကြောက်တရား ကင်းကင်းနဲ့ လွှမ်းမိုး ကစားဟန်ဆိုတာ မြင်သူတိုင်း သိကြပါတယ်။ ဒီကစားဟန်ကို မျိုးဆက်တွေထိ လက်ဆင့်ကမ်းနိုင်ဖို့ဆိုတဲ့ ကလော့ပ်ရဲ့ ရည်ရွယ်ချက် ဖြစ်လာမလားက စိတ်ဝင်စားစရာပါပဲ။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က သူ႔ရဲ႕ အၾကီးမားဆံုး ရည္မွန္းခ်က္က လီဗာပူးအသင္းရဲ႕ ကစားဟန္ကို စီနီယာအသင္းမွာတင္ မဟုတ္ဘဲ သက္တမ္းအလိုက္ လူငယ္အသင္းေတြမွာလည္း တူညီစြာ ကစားႏုိင္ဖို႔လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးဂ်ာစီကို ဝတ္ဆင္ကစားလာတဲ့ ကစားသမားတိုင္းက တူညီတဲ့ ကစားဟန္နဲ႔ အမူအက်င့္ကို ရွိသူေတြျဖစ္ၾကဖို႔က ကေလာ့ပ္ရဲ႕ အိပ္မက္ျဖစ္တယ္။ သူကေတာ့ လီဗာပူးဆိုတာနဲ႔တင္ ဒီလို ကစားဟန္နဲ႔ ထြက္လာလိမ့္မယ္လို႔ လူတိုင္း သိျမင္ေစလိုပါတယ္။

ကေလာ့ပ္က ” ငါတို႔ ဘယ္လို ကစားခ်င္သလဲ၊ ဘယ္လို ခံစစ္ကာကြယ္ခ်င္လဲ၊ ဘယ္ေနရာမွာ ခံစစ္ကစားလိုလဲ၊ ဘယ္ေနရာကို ေဘာလံုးေပးလိုသလဲ ဆိုတာေတြအတြက္ ရွင္းလင္းတဲ့ စည္းမ်ဥ္းေတြရွိတယ္။ စာအုပ္ၾကီးတစ္အုပ္ ဖြင့္ျပျပီး မင္းဒါကိုဖတ္ ငါတို႔ရဲ႕ ကစားဟန္ကို နားလည္သြားလိမ့္မယ္ ဆိုတာမ်ိဳးေတာ့ မဟုတ္ပါဘူး။

ငါတို႔က ဘယ္လို ႏွစ္လိုဖြယ္ေကာင္းေအာင္ ေနထိုင္သလဲ? ဘယ္ေလာက္ထိ အေကာင္းျမင္သလဲ? ဘယ္ေလာက္ထိ ရဲရင့္သလဲ? ဒါေတြကို သက္တမ္းအလိုက္ေတြကေန ေက်ာ္ျဖတ္လာၾကတဲ့ လူငယ္ေလးေတြ အားလံုးလည္း သိၾကဖို႔က အေရးၾကီးပါတယ္။ ၁၀ ႏွစ္သား ကေလးတစ္ေယာက္က ဒါကို နားလည္မလားဆိုတာေတာ့ မေသခ်ာဘူး။ ဒါေပမယ့္ ၁၇၊ ၁၈၊ ၁၉၊ ၂၀ လူငယ္ေတြကေတာ့ ဒါကို နားလည္ေလာက္တဲ့ အရြယ္ေတြပါ။

ငါ့ရဲ႕ အိပ္မက္က ငါတို႔က လီဗာပူး မဟုတ္တဲ့ ၾကံဳရာဂ်ာစီဝတ္ျပီး ကစားရင္ေတာင္မွ လူေတြက ‘အား..။ ဒါ လီဗာပူးအသင္းပဲ’ လို႔ မွတ္မိေစလိုတယ္။ ငါတို႔ရဲ႕ ကိုယ္ပိုင္လကၡဏာက လူတိုင္းက ‘ဒါက လီဗာပူးပါလား’ လို႔ ေျပာရေလာက္တဲ့ထိ ျဖစ္ေစလိုတယ္။ အဲ့အတြက္ ငါတုိ႔ ၾကိဳးစားေနတာပါ ” လို႔ ဆိုခ့တာျဖစ္တယ္။

လီဗာပူးရဲ႕ ကစားဟန္ဟာ ေပါက္ကြဲအား ေကာင္းလွျပီး အေၾကာက္တရား ကင္းကင္းနဲ႔ လႊမ္းမိုး ကစားဟန္ဆိုတာ ျမင္သူတိုင္း သိၾကပါတယ္။ ဒီကစားဟန္ကို မ်ိဳးဆက္ေတြထိ လက္ဆင့္ကမ္းႏုိင္ဖို႔ဆိုတဲ့ ကေလာ့ပ္ရဲ႕ ရည္ရြယ္ခ်က္ ျဖစ္လာမလားက စိတ္ဝင္စားစရာပါပဲ။