မန်ချက်စတာစီးတီး ကွင်းလယ် ဂွမ်ဒိုဂန်က ရော်နယ်ဒို ဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပေမယ့် မက်ဆီလို ကစားသမားနဲ့ နှိုင်းယှဉ်လို့ မရသေးပါဘူးလို့ သူ့ရဲ့ အမြင့်ကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘာအကောင်းဆုံး ကစားသမားတွေအဖြစ် ဘလွန်ဒီအော့ဆုကို တစ်ယောက် ငါးကြိမ် အနိုင်ရထားတဲ့ ရိုနယ်ဒိုနဲ့ မက်ဆီတို့ဟာ ဘယ်သူအကောင်းဆုံးလဲ ဆိုတဲ့ မေးခွန်းနဲ့အတူ ကမ္ဘာဘောလုံးဇာတ်ခုံကို သိမ်းပိုက်ထားခဲ့တာ ဆယ်ဆုနှစ် ကြာခဲ့ပြီဖြစ်ပါတယ်။

မက်ဆီက စကြာဝဠာနဲ့ ချီပြီး ပြိုင်ဘက်ကင်း အဆင့် ကစားသမား ဖြစ်တယ်လို့ မန်ချက်စတာစီးတီး ကွင်းလယ် ဂွမ်ဒိုဂန်က ချီးမြှောက် စကား ဆိုပြီး ရော်နယ်ဒိုက ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ပေမယ့် မက်ဆီကတော့ ဘယ်ကစားသမားနဲ့မှ မတူတဲ့ အခြားသော လယ်ဗယ် အဆင့်အတန်းမှာ ရှိနေတယ်လို့ ၄င်းက ဆိုပါတယ်။

” မက်ဆီ ပြီးရင် ခရစ္စတီယာနို ရော်နယ်ဒိုက ကမ္ဘာ့အဆင့်ရှိ ကစားသမားဖြစ်တယ်။ ဒါပေမယ့် ကျနော့်အတွက်တော့ မက်ဆီက ပြိုင်ဘက်ကင်း ကစားသမားပါ။ ကျေန်ာတို့ ဒီလိုကစားသမားမျိုး ထပ်မြင်ရမယ် မထင်တော့ပါဘူး။

အခု မက်ဆီ ကစားနေတာ ကြည့်ပြီး ကျေန်ာတို့ ကျေနပ် ပျော်ရွှင်နေသင့်တာပါ။ ကျနော်က လုံးဝ အခိုင်အမာ သူ့ပရိသတ်ပဲ။” လို့ မန်စီးတီး ကွင်းလယ် ဂွမ်ဒိုဂန်က ပြောကြားခဲ့ပါတယ်။

မက်ဆီ ပါဝင်တဲ့ ဘာစီလိုနာဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယ အကျော့ကို ကစားဖို့ လီဗာပူးမြို့ကို ရောက်ရှိနေပြီး ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ဂျူဗင်တပ်ကတော့ ဒီရာသီ ကွာတားဖိုင်နယ်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါ။ နှစ်သင်းလုံးက ဒီရာသီ ပြည်တွင်းအမှတ်ပေးဖလားတွေကို အောင်နိုင်ထားပါတယ်။

စပိန်ဘုရင်ဖလားမှာ ဗိုလ်လုပွဲကို ရောက်နေတဲ့ ဘာစီလိုနာအနေနဲ့ ဒုတိယအကျော့မှာ လီဗာပူးကို ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ရောက်မယ်ဆိုရင် တစ်ရာသီ ဆုဖလားသုံးလုံးအတွက် အခြေအနေ ကောင်းနေသွားမှာဖြစ်ပါတယ်။