ဟာသာဘာလင်အသင်းကို အငှားထွက်ကစားနေတဲ့ လီဗာပူးကွင်းလယ်လူ ဂရုဂျစ်ကတော့ အနာဂတ်မှာ လီဗာပူးအသင်းအတွက် ကစားပေးရဖို့ဆိုတဲ့ အိပ်မက် ရှိနေဆဲပါလို့ ဝန်ခံခဲ့တယ်။
မန်နေဂျာကလော့ပ်ရဲ့ ပထမဆုံးသော ခေါ်ယူမှုအဖြစ် ဆားဘီးယားကလပ် ရတ်စတား ဘဲလ်ဂရိတ်ကနေ ရောက်လာခဲ့တဲ့ ကွင်းလယ်လူဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီဝက်မှာ ကာဒစ်အသင်းကို အငှားထွက်စဉ်ကစပြီး အငှားကစားသမားဘဝ ဆက်တိုက် ခြေစွမ်းပြနေသူဖြစ်ပါတယ်။
ဂရုဂျစ်က “ လီဗာပူးအသင်းရဲ့ အငှားချ ကစားသမားတွေဆိုင်ရာ မန်နေဂျာဖြစ်သူ ဂျူလီယန်နဲ့ အဓိက ထိတွေ့ ဆက်ဆံရပါတယ်။ လေ့ကျင့်ရေး၊ ကြံ့ခိုင်ရေးတွေနဲ့ ပက်သက်ပြီး သူက အမြဲတမ်း ဆက်သွယ်ပြီး စကားပြောမှုတွေ လုပ်ပါတယ်။ ပွဲအပြီးမှာ ကျနေ်ာတို့ရဲ့ တိုးတက်မှု အခြေအနေနဲ့ ပက်သက်ပြီး သူက အမြတြမ်း ထောက်လှမ်းနေတယ်။
အဲ့တာက အများကြီး အဓိပ္ပာယ် ရှိပါတယ်။ ကျနော်က လီဗာပူးကစားသမားအဖြစ် ဆက်ရှိနေဆဲပါ။ တစ်ရက်မှာ လီဗာပူးအသင်းရဲ့ ပုံမှန် ကစားသမားဖြစ်လာလိုပါတယ်။ ကျနော်အတွက်ကတော့ ထိတွေ့ခွင့်ရနေဆဲဖြစ်တဲ့ လီဗာပူးအသင်းအတွက် ကစားပေးဖို့ဆိုတဲ့ အိပ်မက် ရှိနေဆဲဖြစ်ပါတယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်တယ်။
လီဗာပူးအသင်း ကာလရှည် စောင့်ဆိုင်းနေရတဲ့ ပရီးမီးယားလိဂ်ဖလားကို ဒီရာသီ အနိုင်ရတာ မြင်လိုတယ်လို့ ဂရုဂျစ်က ပြောပါတယ်။ သူက အသင်းဖော်တွေ အကောင်းဆုံး လုပ်နေတာကို မြင်၇တာအတွက်လည်း ဝမ်းသာနေတယ်။
ဆားဘီးယားသားက “ လီဗာပူး ချန်ပီယံဖြစ်ဖို့ မျှော်လင့်ပါတယ်။ အသင်းသားတွေက ဒီရာသီမှာ မယုံနိုင်လောက်အောင် လုပ်ပြထားပြီး ချန်ပီယံဖြစ်ဖို့လည်း ထိုက်တန်လွန်းပါတယ်။ ပရိသတ်တွေကလည်း ဒီအတွက် စောင့်ခဲ့ရတဲ့ အချိန်တွေ ကြာခဲ့ကြပြီဖြစ်ပါတယ်။ ဟန်ဒို ဆုဖလား ကိုင်မြောက်နိုင်တာကို မြင်ရဖို့ အရမ်းကို မျှော်လင့်ထားပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
ဟာသာဘာလင္အသင္းကို အငွားထြက္ကစားေနတဲ့ လီဗာပူးကြင္းလယ္လူ ဂရုဂ်စ္ကေတာ့ အနာဂတ္မွာ လီဗာပူးအသင္းအတြက္ ကစားေပးရဖို႔ဆိုတဲ့ အိပ္မက္ ရွိေနဆဲပါလို႔ ဝန္ခံခဲ့တယ္။
မန္ေနဂ်ာကေလာ့ပ္ရဲ႕ ပထမဆံုးေသာ ေခၚယူမႈအျဖစ္ ဆားဘီးယားကလပ္ ရတ္စတား ဘဲလ္ဂရိတ္ကေန ေရာက္လာခဲ့တဲ့ ကြင္းလယ္လူဟာ ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီဝက္မွာ ကာဒစ္အသင္းကို အငွားထြက္စဥ္ကစျပီး အငွားကစားသမားဘဝ ဆက္တိုက္ ေျခစြမ္းျပေနသူျဖစ္ပါတယ္။
ဂရုဂ်စ္က “ လီဗာပူးအသင္းရဲ႕ အငွားခ် ကစားသမားေတြဆိုင္ရာ မန္ေနဂ်ာျဖစ္သူ ဂ်ဴလီယန္နဲ႔ အဓိက ထိေတြ႔ ဆက္ဆံရပါတယ္။ ေလ့က်င့္ေရး၊ ၾကံ႕ခိုင္ေရးေတြနဲ႔ ပက္သက္ျပီး သူက အျမဲတမ္း ဆက္သြယ္ျပီး စကားေျပာမႈေတြ လုပ္ပါတယ္။ ပြဲအျပီးမွာ က်ေန္ာတို႔ရဲ႕ တိုးတက္မႈ အေျခအေနနဲ႔ ပက္သက္ျပီး သူက အျမျတမ္း ေထာက္လွမ္းေနတယ္။
အဲ့တာက အမ်ားၾကီး အဓိပၸာယ္ ရွိပါတယ္။ က်ေနာ္က လီဗာပူးကစားသမားအျဖစ္ ဆက္ရွိေနဆဲပါ။ တစ္ရက္မွာ လီဗာပူးအသင္းရဲ႕ ပံုမွန္ ကစားသမားျဖစ္လာလိုပါတယ္။ က်ေနာ္အတြက္ကေတာ့ ထိေတြ႔ခြင့္ရေနဆဲျဖစ္တဲ့ လီဗာပူးအသင္းအတြက္ ကစားေပးဖို႔ဆိုတဲ့ အိပ္မက္ ရွိေနဆဲျဖစ္ပါတယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္တယ္။
လီဗာပူးအသင္း ကာလရွည္ ေစာင့္ဆိုင္းေနရတဲ့ ပရီးမီးယားလိဂ္ဖလားကို ဒီရာသီ အႏုိင္ရတာ ျမင္လိုတယ္လို႔ ဂရုဂ်စ္က ေျပာပါတယ္။ သူက အသင္းေဖာ္ေတြ အေကာင္းဆံုး လုပ္ေနတာကို ျမင္၇တာအတြက္လည္း ဝမ္းသာေနတယ္။
ဆားဘီးယားသားက “ လီဗာပူး ခ်န္ပီယံျဖစ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ အသင္းသားေတြက ဒီရာသီမွာ မယံုႏုိင္ေလာက္ေအာင္ လုပ္ျပထားျပီး ခ်န္ပီယံျဖစ္ဖို႔လည္း ထိုက္တန္လြန္းပါတယ္။ ပရိသတ္ေတြကလည္း ဒီအတြက္ ေစာင့္ခဲ့ရတဲ့ အခ်ိန္ေတြ ၾကာခဲ့ၾကျပီျဖစ္ပါတယ္။ ဟန္ဒို ဆုဖလား ကိုင္ေျမာက္ႏုိင္တာကို ျမင္ရဖို႔ အရမ္းကို ေမွ်ာ္လင့္ထားပါတယ္ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။