လီဗာပူးအသင်းဟာ စီနီယာအသင်းအတွက် ကစားသမား ခေါ်ယူရေးအဖြစ် တီမိုဝါနာလို ကစားသမားကို ခေါ်ယူရေးအပြင် စာချုပ်ကုန်မယ့် ကစားသမားတွေကို လက်လွတ်ရမယ့် အရေးတွေ ရှိထားပါတယ်။
နွေမှာတော့ လယ်လာနာ၊ နေသန်ကလိုင်းနဲ့ လိုနာဂန်တို့ကို လက်လွတ်ရမှာဖြစ်ပြီး သူ့တို့နေရာမှာ အစားထိုးစရာ ကိစ္စတွေကို ပြန်လည် စီစဉ်ရမှာပါ။ ဒါ့အပြင် အငှားချထားတဲ့ ကစားသမာတွေရဲ့ အနာဂတ်နဲ့ ပက်သက်ပြီးလည်း လုပ်ဆောင်ရဖို့ ရှိနေပါတယ်။
လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က “ ကားတစ်ဂျုံးနဲ့ နီကိုး ဝီလီယမ်တို့ဟာ အဒမ်လယ်လာနာနဲ့ နေသန်ကလိုင်းတို့ ထွက်ခွာသွားတဲ့ နေရာကို တိုက်ရိုက် ဝင်ဖြည့်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ လာမယ့်ရာသီ သူတို့ နှစ်ဦးလုံး အငှားထွက်ကစားရမှာ မဟုတ်ပါဘူး။ သူတို့ နှစ်ဦးကို ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် အစီအစဉ်တွေမှာ ပါဝင်စေဖို့ ကလော့ပ်က ဆုံးဖြတ်ထားပါတယ် ” လို့ အတည်ပြုခဲ့တယ်။
ဘွန်ဒက်လီဂါမှာတော့ လီဗာပူး လူငယ်တွေဖြစ်တဲ့ အဝန်နီယီ၊ ဂရုဂျစ်တို့ သွားကစားနေသလို ဒုတိယတန်းလိဂ်မှာလည်း လူငယ်ခံစစ်မှူး နေသန် ဖိလစ် အငှားထွက်ကစားနေတာဖြစ်တယ်။
မိန့်အသင်းမှာ အငှားထွက်နေတဲ့ အဝန်နီယီက လီဗာပူးကို ပြန်ဖို့နဲ့ ပက်သက်ပြီး ” လီဗာပူးအသင်းနဲ့ အဆက်အသွယ်ရှိပေမယ့် အခုတော့ မိန့်အသင်း ကစားသမား ဖြစ်နေပါပြီ။ ဒီအသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ရာသီအကုန်မှာ ဘာဖြစ်မလဲဆိုတာ ကြည့်ရမှာပါ ” လို့ ဆိုခဲ့တယ်။
ဟာသာဘာလင် ကွင်းလယ်လူ ဂရုဂျစ်ကလည်း “ လီဗာပူးအသင်းရဲ့ အငှားချ ကစားသမားတွေဆိုင်ရာ မန်နေဂျာဖြစ်သူ ဂျူလီယန်နဲ့ အဓိက ထိတွေ့ ဆက်ဆံရပါတယ်။ ပွဲအပြီးမှာ ကျနေ်ာတို့ရဲ့ တိုးတက်မှု အခြေအနေနဲ့ ပက်သက်ပြီး သူက အမြဲတမ်း ထောက်လှမ်းနေတယ်။ အဲ့တာက အများကြီး အဓိပ္ပာယ် ရှိပါတယ်။
ကျနော်က လီဗာပူးကစားသမားအဖြစ် ဆက်ရှိနေဆဲပါ။ တစ်ရက်မှာ လီဗာပူးအသင်းရဲ့ ပုံမှန် ကစားသမားဖြစ်လာလိုပါတယ်။ ကျနော်အတွက်ကတော့ ထိတွေ့ခွင့်ရနေဆဲဖြစ်တဲ့ လီဗာပူးအသင်းအတွက် ကစားပေးဖို့ဆိုတဲ့ အိပ်မက် ရှိနေဆဲဖြစ်ပါတယ် ” လို့ ဖွင့်ဟခဲ့တာဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ စီနီယာအသင္းအတြက္ ကစားသမား ေခၚယူေရးအျဖစ္ တီမိုဝါနာလို ကစားသမားကို ေခၚယူေရးအျပင္ စာခ်ဳပ္ကုန္မယ့္ ကစားသမားေတြကို လက္လြတ္ရမယ့္ အေရးေတြ ရွိထားပါတယ္။
ေႏြမွာေတာ့ လယ္လာနာ၊ ေနသန္ကလိုင္းနဲ႔ လိုနာဂန္တို႔ကို လက္လြတ္ရမွာျဖစ္ျပီး သူ႔တို႔ေနရာမွာ အစားထိုးစရာ ကိစၥေတြကို ျပန္လည္ စီစဥ္ရမွာပါ။ ဒါ့အျပင္ အငွားခ်ထားတဲ့ ကစားသမာေတြရဲ႕ အနာဂတ္နဲ႔ ပက္သက္ျပီးလည္း လုပ္ေဆာင္ရဖို႔ ရွိေနပါတယ္။
လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က “ ကားတစ္ဂ်ံဳးနဲ႔ နီကိုး ဝီလီယမ္တို႔ဟာ အဒမ္လယ္လာနာနဲ႔ ေနသန္ကလိုင္းတို႔ ထြက္ခြာသြားတဲ့ ေနရာကို တိုက္ရိုက္ ဝင္ျဖည့္ဖို႔ အဆင္သင့္ျဖစ္ေနပါျပီ။ လာမယ့္ရာသီ သူတို႔ ႏွစ္ဦးလံုး အငွားထြက္ကစားရမွာ မဟုတ္ပါဘူး။ သူတို႔ ႏွစ္ဦးကို ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ အစီအစဥ္ေတြမွာ ပါဝင္ေစဖို႔ ကေလာ့ပ္က ဆံုးျဖတ္ထားပါတယ္ ” လို႔ အတည္ျပဳခဲ့တယ္။
ဘြန္ဒက္လီဂါမွာေတာ့ လီဗာပူး လူငယ္ေတြျဖစ္တဲ့ အဝန္နီယီ၊ ဂရုဂ်စ္တို႔ သြားကစားေနသလို ဒုတိယတန္းလိဂ္မွာလည္း လူငယ္ခံစစ္မွဴး ေနသန္ ဖိလစ္ အငွားထြက္ကစားေနတာျဖစ္တယ္။
မိန္႔အသင္းမွာ အငွားထြက္ေနတဲ့ အဝန္နီယီက လီဗာပူးကို ျပန္ဖို႔နဲ႔ ပက္သက္ျပီး ” လီဗာပူးအသင္းနဲ႔ အဆက္အသြယ္ရွိေပမယ့္ အခုေတာ့ မိန္႔အသင္း ကစားသမား ျဖစ္ေနပါျပီ။ ဒီအသင္းအတြက္ပဲ အာရံုစိုက္ထားျပီး ရာသီအကုန္မွာ ဘာျဖစ္မလဲဆိုတာ ၾကည့္ရမွာပါ ” လို႔ ဆိုခဲ့တယ္။
ဟာသာဘာလင္ ကြင္းလယ္လူ ဂရုဂ်စ္ကလည္း “ လီဗာပူးအသင္းရဲ႕ အငွားခ် ကစားသမားေတြဆိုင္ရာ မန္ေနဂ်ာျဖစ္သူ ဂ်ဴလီယန္နဲ႔ အဓိက ထိေတြ႔ ဆက္ဆံရပါတယ္။ ပြဲအျပီးမွာ က်ေန္ာတို႔ရဲ႕ တိုးတက္မႈ အေျခအေနနဲ႔ ပက္သက္ျပီး သူက အျမဲတမ္း ေထာက္လွမ္းေနတယ္။ အဲ့တာက အမ်ားၾကီး အဓိပၸာယ္ ရွိပါတယ္။
က်ေနာ္က လီဗာပူးကစားသမားအျဖစ္ ဆက္ရွိေနဆဲပါ။ တစ္ရက္မွာ လီဗာပူးအသင္းရဲ႕ ပံုမွန္ ကစားသမားျဖစ္လာလိုပါတယ္။ က်ေနာ္အတြက္ကေတာ့ ထိေတြ႔ခြင့္ရေနဆဲျဖစ္တဲ့ လီဗာပူးအသင္းအတြက္ ကစားေပးဖို႔ဆိုတဲ့ အိပ္မက္ ရွိေနဆဲျဖစ္ပါတယ္ ” လို႔ ဖြင့္ဟခဲ့တာျဖစ္ပါတယ္။