လီဗာပူးအသင်းက လေ့ကျင့်ရေးတွေ စတင်ရာမှာ ဘယ်လိုတွေများ လေ့ကျင့်နေသလဲ ဖြေးဖြေးချင်း စနေတာလား၊ အသင်းသားတွေကကော အဆင်သင့်ဖြစ်နေကြပြီလား။

မန်နေဂျာယာဂင်ကလော့ပ်ရဲ့ လက်ထောက်ဖြစ်သူ ပပ်လင်ဒါးကတော့ လီဗာပူးအသင်းရဲ့ လေ့ကျင့်ရေးဟာ ပြင်းပြစွာ အာရုံစူးစိုက်မှုနဲ့အတူ အမြင့်ဆုံးသော လေ့ကျင့်မှု ပုံစံတွေဖြင့်ပဲ ပြန်လည် စတင်ထားတယ်လို့ ဆိုပါတယ်။

ပပ်က ပြောရာမှာ ” ကျနေ်ာတို့မှာ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေ ရှိတယ်။ ကျနေ်ာတို့ရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာက ပြင်းပြခြင်းပဲ။ ကျနေ်ာတို့ရဲ့ ကိုယ်ပိုင် လက္ခဏာက ကြိုတင်ခန့်မှန်းနိုင်ဖို့ မလလွယ်ပါဘူး။ ဒါက အသင်း လေ့ကျင့်ရေး အစီအစဉ်တွေရဲ့ နှစ်မြုပ်ထားတဲ့ ရည်မှန်းချက်ပဲဖြစ်တယ်။

ချိန်သားကိုက်ကို ကျနေ်ာတို့ ထိန်းချုပ်ပါတယ်။ အဲ့တာက သိပ် သိပ် အရေးကြီးတယ်။ လေ့ကျင့်ရေး နေ့ရက်တိုင်းက ဆက်စပ်နေတယ်။ လေ့ကျင့်ရေးနေ့တွေက ပက်သက်ဆက်ဆံမှုတွေက ကျနေ်ာတို့ရဲ့ ကစားဟန်အတိုင်း ကစားနိုင်ဖို့၊ ဘောလုံးကို အရည်အချင်းရှိရှိ ကစားနိုင်ဖို့နဲ့ ဒဏ်ရာပြဿနာ လျော့ချရေးတွေကို အကူအညီဖြစ်စေတယ်။

နေ့ရက်တိုင်းမှာ ပြင်းပြမှုရှိစွာကို လေ့ကျင့်ကြတယ်။ ပြင်းပြမှုအပြည့်ရှိတဲ့ အမြင့်ဆုံးသော အာရုံစူးစိုက်မှု၊ လွတ်လပ်တဲ့ ထိုးနှက်မှုတွေနဲ့ လေ့ကျင့်ကြတယ်။ အိုင်စတိုင်း ပြောခဲ့သလိုပါပဲ။ လောဂျစ်အတိုင်းဆိုရင် အေ ပြီရင် ဘီကို ရောက်သွားပါမယ်၊ စိတ်ကူးမှန်းမျှော်မှုတွေမှာတော့ နေရာတိုင်းကို ကျနေ်ာတို့ ရောက်သွားနိုင်ပါတယ်။

ကျနေ်ာတို့ ခြားနားတဲ့ နေရာတွေမှာ ဆက်ရှိနေဖို့ မျှော်လင့်တယ်။ အရည်အချင်းရှိတဲ့ ပွဲက တိုးတက်မှုကို ဖန်တီးပါတယ်။ မနှစ်ကရာသီမှာ ကျနေ်ာတို့ ပြသခဲ့တာ တစ်ခုရှိရင် ကျနေ်ာတို့က နောက်ထပ် တစ်ဆင့်ကို တိုးတက်လာဖို့ အမြဲတမ်း ကြိုးစားနေတယ် ဆိုတာပါပဲ။ နောက်ထပ် ထပ်ပြီး ကြိုးစားကြရအောင်ပါ ” လို့ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းက ေလ့က်င့္ေရးေတြ စတင္ရာမွာ ဘယ္လိုေတြမ်ား ေလ့က်င့္ေနသလဲ ေျဖးေျဖးခ်င္း စေနတာလား၊ အသင္းသားေတြကေကာ အဆင္သင့္ျဖစ္ေနၾကျပီလား။

မန္ေနဂ်ာယာဂင္ကေလာ့ပ္ရဲ႕ လက္ေထာက္ျဖစ္သူ ပပ္လင္ဒါးကေတာ့ လီဗာပူးအသင္းရဲ႕ ေလ့က်င့္ေရးဟာ ျပင္းျပစြာ အာရံုစူးစိုက္မႈနဲ႔အတူ အျမင့္ဆံုးေသာ ေလ့က်င့္မႈ ပံုစံေတြျဖင့္ပဲ ျပန္လည္ စတင္ထားတယ္လို႔ ဆိုပါတယ္။

ပပ္က ေျပာရာမွာ ” က်ေန္ာတို႔မွာ ျပင္းထန္တဲ့ ေလ့က်င့္ေရးေတြ ရွိတယ္။ က်ေန္ာတို႔ရဲ႕ ကိုယ္ပိုင္ အမွတ္လကၡဏာက ျပင္းျပျခင္းပဲ။ က်ေန္ာတို႔ရဲ႕ ကိုယ္ပိုင္ လကၡဏာက ၾကိဳတင္ခန္႔မွန္းႏုိင္ဖို႔ မလလြယ္ပါဘူး။ ဒါက အသင္း ေလ့က်င့္ေရး အစီအစဥ္ေတြရဲ႕ ႏွစ္ျမဳပ္ထားတဲ့ ရည္မွန္းခ်က္ပဲျဖစ္တယ္။

ခ်ိန္သားကိုက္ကို က်ေန္ာတုိ႔ ထိန္းခ်ဳပ္ပါတယ္။ အဲ့တာက သိပ္ သိပ္ အေရးၾကီးတယ္။ ေလ့က်င့္ေရး ေန႔ရက္တိုင္းက ဆက္စပ္ေနတယ္။ ေလ့က်င့္ေရးေန႔ေတြက ပက္သက္ဆက္ဆံမႈေတြက က်ေန္ာတို႔ရဲ႕ ကစားဟန္အတိုင္း ကစားႏုိင္ဖို႔၊ ေဘာလံုးကို အရည္အခ်င္းရွိရွိ ကစားႏုိင္ဖို႔နဲ႔ ဒဏ္ရာျပႆနာ ေလ်ာ့ခ်ေရးေတြကို အကူအညီျဖစ္ေစတယ္။

ေန႔ရက္တိုင္းမွာ ျပင္းျပမႈရွိစြာကို ေလ့က်င့္ၾကတယ္။ ျပင္းျပမႈအျပည့္ရွိတဲ့ အျမင့္ဆံုးေသာ အာရံုစူးစိုက္မႈ၊ လြတ္လပ္တဲ့ ထိုးႏွက္မႈေတြနဲ႔ ေလ့က်င့္ၾကတယ္။ အိုင္စတိုင္း ေျပာခဲ့သလိုပါပဲ။ ေလာဂ်စ္အတိုင္းဆိုရင္ ေအ ျပီရင္ ဘီကို ေရာက္သြားပါမယ္၊ စိတ္ကူးမွန္းေမွ်ာ္မႈေတြမွာေတာ့ ေနရာတိုင္းကို က်ေန္ာတို႔ ေရာက္သြားႏုိင္ပါတယ္။

က်ေန္ာတို႔ ျခားနားတဲ့ ေနရာေတြမွာ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္တယ္။ အရည္အခ်င္းရွိတဲ့ ပြဲက တိုးတက္မႈကို ဖန္တီးပါတယ္။ မႏွစ္ကရာသီမွာ က်ေန္ာတို႔ ျပသခဲ့တာ တစ္ခုရွိရင္ က်ေန္ာတို႔က ေနာက္ထပ္ တစ္ဆင့္ကို တိုးတက္လာဖို႔ အျမဲတမ္း ၾကိဳးစားေနတယ္ ဆိုတာပါပဲ။ ေနာက္ထပ္ ထပ္ျပီး ၾကိဳးစားၾကရေအာင္ပါ ” လို႔ျဖစ္ပါတယ္။