လီဗာပူး ပရိသတ် ချန်နယ်တစ်ခုမှာ သုံးသပ်ဆွေးနွေးမှု ဝင်လုပ်ပေးစဉ် သတင်းထောက် ဂျိုစ် ဝီလီယမ်က ၂၀၁၈ ခုနှစ်တုန်းက ဖာဘင်ညိုကို လီဗာပူးအသင်း ခေါ်ယူခဲ့တဲ့ အနေအထားကို သုံးသပ်ပြခဲ့ပါတယ်။

ကိဗ်မှာ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ရက်ပိုင်းအကြာမှာပဲ လီဗာပူးက ဖာဘင်ညိုကို ပေါင် ၃၈ သန်းနဲ့ ခေါ်ယူနိုင်ကြောင်း အတည်ပြုခဲ့တာပါ။ တစ်ဘက်မှာတော့ ကွင်းလယ်လူ ချန်က ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခဲ့တာဖြစ်တယ်။ ကလော့ပ်က သူ့ရဲ့ အသင်းမှာ အမြင့်ဘောကောင်းတဲ့ နံပါတ် ၆ သမားကို အလိုရှိတာကြောင့် အရေးပေါ်အဖြစ် ခပ်မြန်မြန် ခေါ်ယူခဲ့ခြင်းလို့ မြင်နိုင်ဖွယ် ရှိခဲ့တယ်။

ဂျို ဝီလီယမ်က ” အကယ်လို့ အမရေချန် ဆက်နေမယ်ဆိုရင် လီဗာပူးက ဖာဘင်ညိုကို လက်မှတ်ထိုးမှာ မဟုတ်ဘူး။ ဖာဘင်ညိုက နံပါတ် ၆ နေရာတင်မကပဲ ဗဟိုခံစစ်မှူးကော၊ ညာအစွန်နေရာမှာပါ ကစားနိုင်ခြင်းကြောင့် လီဗာပူးက လက်မှတ် ထိုးခဲ့တာပါ။ အရင်အမောင်း မြင့်မားပြီး လူကောင်းကြည့်တဲ့ သူ့ကို ရွေးချယ်ခဲ့ပေမယ့် ချန် ဆက်ရှိနေမယ်ဆိုရင် လီဗာပူးက ဖာဘင်ညိုကို ခေါ်ယူခဲ့ဖွယ် မရှိပါဘူး ” လို့ သုံးသပ်ခဲ့တယ်။

ဟန်ဒါဆန်နဲ့ တွဲဘက်ကစားတဲ့ ချန်ဟာ လီဗာပူးမှာတော့ သုံးယောက်တန်းခံစစ်ရဲ့ ညာအစွန်နေရာက စတင် တောက်ပလာခဲ့တာပါ။ ဂျာမနီသားက စွယ်စုံရ ကစားသမားဖြစ်ပြီး ဖာဘင်ညိုကတော့ သူ့ထက်ပိုပြီး ခံစစ်ပိုင်းကို အားသန်သူလည်း ဖြစ်ပါတယ်။

” ချန်ကကျတော့ သူက လီဗာပူးကို တိုးတက်မှုဆိုင်ရာ မှတ်တိုင်တစ်ခုအဖြစ်ပဲ ရည်ရွယ်ခဲ့တယ်။ ကလော့ပ် ရောက်လာခဲ့တာတောင်မှပေါ့။ သူက ကစားသမားကောင်းပါ ဒါပေမယ့် ဥရောပမှာ ဥရောပက ဘယ်အသင်းမှာမှ ပုံမှန် ပွဲထွက်ခွင့်ရမယ့် ကစားသမားမျိုးတော့ မဟုတ်ပါဘူး။

ချန်က သန်မာတယ်၊ ကစားသမားကောင်းဖြစ်တယ်။ ဒါပေမယ့် အထက်တန်းစား ကစားသမား မဟုတ်ဘူး။ အဆုံးမှာတော့ ဒါကို မြင်ကြရပါမယ်။ လီဗာပူးကနေ ထွက်သွားပြီးနောက်ပိုင်းမှာ ချန်က အကောင်းဆုံး အချိန်တွေ မပိုင်းတော့ပါဘူး။ ဒါပေမယ့် သူ့နေရာမှာ ဝင်လာတဲ့ ဖာဘင်ညိုက အင်္ဂလန်မှာကော ဥရောပမှာပါ အဓိက ကစားသမားတစ်ဦးအဖြစ် လွှမ်းမိုးလာခဲ့တယ်လေ။ ” လို့ ဝီလီယမ်က သုံးသပ်သွားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ပရိသတ္ ခ်န္နယ္တစ္ခုမွာ သံုးသပ္ေဆြးေႏြးမႈ ဝင္လုပ္ေပးစဥ္ သတင္းေထာက္ ဂ်ိဳစ္ ဝီလီယမ္က ၂၀၁၈ ခုႏွစ္တုန္းက ဖာဘင္ညိဳကို လီဗာပူးအသင္း ေခၚယူခဲ့တဲ့ အေနအထားကို သံုးသပ္ျပခဲ့ပါတယ္။

ကိဗ္မွာ ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္ျပီး ရက္ပိုင္းအၾကာမွာပဲ လီဗာပူးက ဖာဘင္ညိဳကို ေပါင္ ၃၈ သန္းနဲ႔ ေခၚယူႏုိင္ေၾကာင္း အတည္ျပဳခဲ့တာပါ။ တစ္ဘက္မွာေတာ့ ကြင္းလယ္လူ ခ်န္က ဂ်ဴဗင္တပ္ကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ထြက္ခြာခဲ့တာျဖစ္တယ္။ ကေလာ့ပ္က သူ႔ရဲ႕ အသင္းမွာ အျမင့္ေဘာေကာင္းတဲ့ နံပါတ္ ၆ သမားကို အလိုရွိတာေၾကာင့္ အေရးေပၚအျဖစ္ ခပ္ျမန္ျမန္ ေခၚယူခဲ့ျခင္းလို႔ ျမင္ႏုိင္ဖြယ္ ရွိခဲ့တယ္။

ဂ်ိဳ ဝီလီယမ္က ” အကယ္လို႔ အမေရခ်န္ ဆက္ေနမယ္ဆိုရင္ လီဗာပူးက ဖာဘင္ညိဳကို လက္မွတ္ထိုးမွာ မဟုတ္ဘူး။ ဖာဘင္ညိဳက နံပါတ္ ၆ ေနရာတင္မကပဲ ဗဟိုခံစစ္မွဴးေကာ၊ ညာအစြန္ေနရာမွာပါ ကစားႏုိင္ျခင္းေၾကာင့္ လီဗာပူးက လက္မွတ္ ထိုးခဲ့တာပါ။ အရင္အေမာင္း ျမင့္မားျပီး လူေကာင္းၾကည့္တဲ့ သူ႔ကို ေရြးခ်ယ္ခဲ့ေပမယ့္ ခ်န္ ဆက္ရွိေနမယ္ဆိုရင္ လီဗာပူးက ဖာဘင္ညိဳကို ေခၚယူခဲ့ဖြယ္ မရွိပါဘူး ” လို႔ သံုးသပ္ခဲ့တယ္။

ဟန္ဒါဆန္နဲ႔ တြဲဘက္ကစားတဲ့ ခ်န္ဟာ လီဗာပူးမွာေတာ့ သံုးေယာက္တန္းခံစစ္ရဲ႕ ညာအစြန္ေနရာက စတင္ ေတာက္ပလာခဲ့တာပါ။ ဂ်ာမနီသားက စြယ္စံုရ ကစားသမားျဖစ္ျပီး ဖာဘင္ညိဳကေတာ့ သူ႔ထက္ပိုျပီး ခံစစ္ပိုင္းကို အားသန္သူလည္း ျဖစ္ပါတယ္။

” ခ်န္ကက်ေတာ့ သူက လီဗာပူးကို တိုးတက္မႈဆိုင္ရာ မွတ္တိုင္တစ္ခုအျဖစ္ပဲ ရည္ရြယ္ခဲ့တယ္။ ကေလာ့ပ္ ေရာက္လာခဲ့တာေတာင္မွေပါ့။ သူက ကစားသမားေကာင္းပါ ဒါေပမယ့္ ဥေရာပမွာ ဥေရာပက ဘယ္အသင္းမွာမွ ပံုမွန္ ပြဲထြက္ခြင့္ရမယ့္ ကစားသမားမ်ိဳးေတာ့ မဟုတ္ပါဘူး။

ခ်န္က သန္မာတယ္၊ ကစားသမားေကာင္းျဖစ္တယ္။ ဒါေပမယ့္ အထက္တန္းစား ကစားသမား မဟုတ္ဘူး။ အဆံုးမွာေတာ့ ဒါကို ျမင္ၾကရပါမယ္။ လီဗာပူးကေန ထြက္သြားျပီးေနာက္ပိုင္းမွာ ခ်န္က အေကာင္းဆံုး အခ်ိန္ေတြ မပိုင္းေတာ့ပါဘူး။ ဒါေပမယ့္ သူ႔ေနရာမွာ ဝင္လာတဲ့ ဖာဘင္ညိဳက အဂၤလန္မွာေကာ ဥေရာပမွာပါ အဓိက ကစားသမားတစ္ဦးအျဖစ္ လႊမ္းမိုးလာခဲ့တယ္ေလ။ ” လုိ႔ ဝီလီယမ္က သံုးသပ္သြားတာ ျဖစ္ပါတယ္။