ကိုရိုနာကပ်ဘေး မတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ ပွဲအဖြစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ လီဗာပူးက အက်သလက်တီကို မက်ဒရစ်ကိုအရေးနိမ့်ပြီး ထွက်ခွာခဲ့ရပေမယ့် ဥရောပဘောလုံးလိဂ် ရှေ့ဆက်ရေး ခက်ခဲမှုကြောင့် နောက်ထပ် ၁၂ လထိ လီဗာပူးကို ချန်ပီယ့အဖြစ် နာမည်စာရင်း သွင်းထားဖွယ် ရှိနေပါတယ်။
ဥရောပလိဂ်တွေဟာ ကိုရိုနာကပ်ဘေးကြားမှာ သက်ဆိုင်ရာ ဘောလုံးလိဂ်တွေကို ပြန်လည် စတင်ပြီး အမှတ်ပေးပွဲတွေ ပြန်ကစားလာကြပါပြီ။ ဘယ်ဂျီယံက လိဂ်ပွဲ တစ်ပွဲပဲ ကစားဖို့ လိုချိန်မှာ ရာသီသိမ်းလိုက်ပြီး နယ်သာလန်နဲ့ ပြင်သစ်လိဂ်တွေ ပယ်ဖျယ်လိုက်တာကလွဲလို့ ကျန်လိဂ်တွေကတော့ ပြန်လည် စတင်ကြမှာပါ။
ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်လို ပြိုင်ပွဲတွေ ကစားဖို့ ကျန်ရှိနေတဲ့ ဥရောပ အသင်းတိုင်းဟာ လက်ကျန် ပွဲတွေ ကစားဖို့အတွက် ပြဿနာတစ်ခု ရင်ဆိုင်လာရပါတယ်။ ပြည်တွင်းပွဲတွေမှာ မြို့တွေကို ဖြတ်ကျော်ပြီး သွားရောက်ကစားခွင့် ရမှာဖြစ်ပေမယ့် နိုင်ငံအလိုက် ကူးပြောင်းကစားဖိုကတော့ ပြဿနာတွေ ရှိနေတာပါ။
ဥပမာအားဖြင့် ဗြိတိန်အာဏာပိုင်းတွေက ပြည်တွင်းကို ပြန်ဖွင့်ပေးနေပေမယ့် ပြည်ပက ကိစ္စတွေကိုတော့ ဆက်လက် ပိတ်ဆို့မှုတွေ ရှိမှာဖြစ်သလို အင်္ဂလန်ပြည်တွင်း ဝင်လာခဲ့ရင် ကွာရန်တင်း ၁၄ ရက်ထားဖို့ အမိန့်ထုတ်ထားပါတယ်။ ဇန်လ ၈ ရက်ကစလို့ အင်္ဂလန်ပြည်တွင်း ဝင်ရောက်လာသူတိုင်းဟာ ၁၄ ရက် ကွာရန်တင်း ဝင်ကြရမှာဖြစ်ပါတယ်။
တူညီတဲ့ နည်းဥပဒေကို အခြားသော ဥရောပနိုင်ငံတွေလည်း တားမြစ်နိုင်ပြီး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်မှာ ဝင်ပြိုင်ရဖို့ ရှိနေသေးတဲ့ ကလပ်တွေအတွက် ကွာရန်တင်း ၁၄ ရက်ဖြင့် စောင့်ကြည့်ခံဖို့ဆိုတာက မဖြစ်နိုင်တဲ့ ကိစ္စ ဖြစ်လာခဲ့တယ်။ ယူအီးအက်ဖ်အေက ကလပ်တွေကို တစ်နေရာတည်းမှာ စုဝေး ကစားစေဖို့ နည်းလမ်းလုပ်ဖို့ အကြံရှိထားပြီး ဒီကိစ္စကိုလည်း အတည်မပြုနိုင်သေးပါဘူး။
ယူအီးအက်ဖ်အေက WhatsApp ကနေရော Zoom ကနေပါ အစည်းအဝေးတွေ ပြုလုပ်နေပေမယ့် အဖြေမထွက်သေးပဲ ပြဿနာ အသစ်အသစ်တွေပဲ ထပ်မံ ပေါ်ထွက်လာနေတယ်။ ချန်ပီယံလိဂ်ကိုတော့ အမှတ်ပေးပွဲတွေကို ပယ်ဖျက်ခြင်းမျိုး လုပ်မှာ မဟုတ်ဘဲ ရွှေ့ဆိုင်းမှုပဲ လုပ်မှာဖြစ်ကာ လီဗာပူးက လက်ရှိ ချန်ပီယံအဖြစ် ၁၂ လ ထပ်မံ သက်တမ်းတိုးသွားမယ့် အနေအထားမှာ ရှိနေပါတယ်။
ZAWGYI
ကိုရိုနာကပ္ေဘး မတိုင္ခင္ ေနာက္ဆံုးကစားခဲ့တဲ့ ပြဲအျဖစ္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္မွာ လီဗာပူးက အက္သလက္တီကို မက္ဒရစ္ကိုအေရးနိမ့္ျပီး ထြက္ခြာခဲ့ရေပမယ့္ ဥေရာပေဘာလံုးလိဂ္ ေရွ႔ဆက္ေရး ခက္ခဲမႈေၾကာင့္ ေနာက္ထပ္ ၁၂ လထိ လီဗာပူးကို ခ်န္ပီယ့အျဖစ္ နာမည္စာရင္း သြင္းထားဖြယ္ ရွိေနပါတယ္။
ဥေရာပလိဂ္ေတြဟာ ကိုရိုနာကပ္ေဘးၾကားမွာ သက္ဆိုင္ရာ ေဘာလံုးလိဂ္ေတြကို ျပန္လည္ စတင္ျပီး အမွတ္ေပးပြဲေတြ ျပန္ကစားလာၾကပါျပီ။ ဘယ္ဂ်ီယံက လိဂ္ပြဲ တစ္ပြဲပဲ ကစားဖို႔ လိုခ်ိန္မွာ ရာသီသိမ္းလိုက္ျပီး နယ္သာလန္နဲ႔ ျပင္သစ္လိဂ္ေတြ ပယ္ဖ်ယ္လိုက္တာကလြဲလို႔ က်န္လိဂ္ေတြကေတာ့ ျပန္လည္ စတင္ၾကမွာပါ။
ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္လို ျပိဳင္ပြဲေတြ ကစားဖို႔ က်န္ရွိေနတဲ့ ဥေရာပ အသင္းတိုင္းဟာ လက္က်န္ ပြဲေတြ ကစားဖို႔အတြက္ ျပႆနာတစ္ခု ရင္ဆိုင္လာရပါတယ္။ ျပည္တြင္းပြဲေတြမွာ ျမိဳ႔ေတြကို ျဖတ္ေက်ာ္ျပီး သြားေရာက္ကစားခြင့္ ရမွာျဖစ္ေပမယ့္ ႏုိင္ငံအလိုက္ ကူးေျပာင္းကစားဖိုကေတာ့ ျပႆနာေတြ ရွိေနတာပါ။
ဥပမာအားျဖင့္ ျဗိတိန္အာဏာပိုင္းေတြက ျပည္တြင္းကို ျပန္ဖြင့္ေပးေနေပမယ့္ ျပည္ပက ကိစၥေတြကိုေတာ့ ဆက္လက္ ပိတ္ဆို႔မႈေတြ ရွိမွာျဖစ္သလို အဂၤလန္ျပည္တြင္း ဝင္လာခဲ့ရင္ ကြာရန္တင္း ၁၄ ရက္ထားဖို႔ အမိန္႔ထုတ္ထားပါတယ္။ ဇန္လ ၈ ရက္ကစလို႔ အဂၤလန္ျပည္တြင္း ဝင္ေရာက္လာသူတိုင္းဟာ ၁၄ ရက္ ကြာရန္တင္း ဝင္ၾကရမွာျဖစ္ပါတယ္။
တူညီတဲ့ နည္းဥပေဒကို အျခားေသာ ဥေရာပႏုိင္ငံေတြလည္း တားျမစ္ႏုိင္ျပီး ခ်န္ပီယံလိဂ္နဲ႔ ယူရိုပါလိဂ္မွာ ဝင္ျပိဳင္ရဖို႔ ရွိေနေသးတဲ့ ကလပ္ေတြအတြက္ ကြာရန္တင္း ၁၄ ရက္ျဖင့္ ေစာင့္ၾကည့္ခံဖို႔ဆိုတာက မျဖစ္ႏုိင္တဲ့ ကိစၥ ျဖစ္လာခ့ဲတယ္။ ယူအီးအက္ဖ္ေအက ကလပ္ေတြကို တစ္ေနရာတည္းမွာ စုေဝး ကစားေစဖို႔ နည္းလမ္းလုပ္ဖို႔ အၾကံရွိထားျပီး ဒီကိစၥကိုလည္း အတည္မျပဳႏုိင္ေသးပါဘူး။
ယူအီးအက္ဖ္ေအက WhatsApp ကေနေရာ Zoom ကေနပါ အစည္းအေဝးေတြ ျပဳလုပ္ေနေပမယ့္ အေျဖမထြက္ေသးပဲ ျပႆနာ အသစ္အသစ္ေတြပဲ ထပ္မံ ေပၚထြက္လာေနတယ္။ ခ်န္ပီယံလိဂ္ကိုေတာ့ အမွတ္ေပးပြဲေတြကို ပယ္ဖ်က္ျခင္းမ်ိဳး လုပ္မွာ မဟုတ္ဘဲ ေရႊ႔ဆိုင္းမႈပဲ လုပ္မွာျဖစ္ကာ လီဗာပူးက လက္ရွိ ခ်န္ပီယံအျဖစ္ ၁၂ လ ထပ္မံ သက္တမ္းတိုးသြားမယ့္ အေနအထားမွာ ရွိေနပါတယ္။