လီဗာပူးအသင်းဟာ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို New Balance နဲ့ပဲ အပြီးသတ်မယ်လို့ ကလပ်ဝဘ်ဆိုဒ်ကနေ တရားဝင် ကြေညာခဲ့ပြီ ဖြစ်ပါတယ်။ လီဗာပူးအသင်း ကြေညာချက်မှာတော့..

” ၂၀၂၀ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့ထိ လီဗာပူးက New Balance နဲ့ ဆက်လက် လက်တွဲမှာ ဖြစ်ပါတယ်။ လီဗာပူး၊ New Balance နဲ့ လာမယ့် ဂျာစီသစ် Nike တို့ကြားမှာ မေလ ၃၁ ရက်နေ့မှာ ကုန်ဆုံးတဲ့ စာချုပ်ကို ကိုဗစ်-၁၉ ကပ်ဘေးအတွင်း ပရီးမီးယားလိဂ် အပြီးမသတ်ဘဲ ရပ်တန့်ထားရတာကြောင့် သက်တမ်း ထပ်တိုးဖို့ သဘောတူညီမှု ရယူခဲ့ပြီဖြစ်ပါတယ်။

Nike ဟာ လီဗာပူးအသင်းရဲ့ တရားဝင် လက်တွဲဘက် ဖြစ်လာပြီး အမျိုးသားဝတ်စုံ၊ အမျိုးသမီးဝတ်စုံနဲ့ အကယ်ဒမီ အသင်းတွေအတွက် ဝတ်စုံတွေအပြင် လီဗာပူးနည်းပြအဖွဲ့နဲ့ လီဗာပူးဖော်ဒေးရှင်းတွေအတွက် လိုအပ်တဲ့ ဝတ်စုံတွေကို ထုတ်ပေးမှာ ဖြစ်တယ်။ ပူးပေါင်းမှုက ၂၀၂၀ ခုနှစ် သြဂုတ်လ ၁ ရက်နေ့မှာ စတင်ပါမယ်။ ”

အထက်ပါအတိုင်း ပါဝင်ခဲ့ပါတယ်။

ထပ်တိုးပြီး စိတ်လှုပ်ရှားစရာ သတင်းကတော့ လီဗာပူးနဲ့ Nike ကြား ၅ နှစ် စာချုပ်ကို နှစ်လ နောက်ဆုတ်ပေးလိုက်ပြီဖြစ်ကြောင်း လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်ကလည်း သတင်းပေးခဲ့တာပါ။ သူ့ရဲ့ သတင်းပေးမှု နောက်ဆုံးမှာတော့ လီဗာပူးဟာ ဒီအပတ်ထဲမှာ ကြီးမားတဲ့ ကိစ္စတစ်ခုကို ကြေညာဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့တာဖြစ်တယ်။

ဒီအပတ်အတွင်းမှာ လီဗာပူးအသင်း ကြေညာပေးမှာက ဘယ်လိုကိစ္စ ဖြစ်မလဲ မသိရပေမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ဝတ်ဆင်ကစားမယ့် ဂျာစီသစ်ကို ထုတ်ပြခြင်းမျိုးလည်း ဖြစ်နိုင်တယ်လို့ ပရိသတ်တွေကြားမှာ မျတ်ချက်ပေးနေကြပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီကို New Balance နဲ႔ပဲ အျပီးသတ္မယ္လို႔ ကလပ္ဝဘ္ဆိုဒ္ကေန တရားဝင္ ေၾကညာခဲ့ျပီ ျဖစ္ပါတယ္။ လီဗာပူးအသင္း ေၾကညာခ်က္မွာေတာ့..

” ၂၀၂၀ ခုႏွစ္ ဇူလိုင္လ ၃၁ ရက္ေန႔ထိ လီဗာပူးက New Balance နဲ႔ ဆက္လက္ လက္တြဲမွာ ျဖစ္ပါတယ္။ လီဗာပူး၊ New Balance နဲ႔ လာမယ့္ ဂ်ာစီသစ္ Nike တို႔ၾကားမွာ ေမလ ၃၁ ရက္ေန႔မွာ ကုန္ဆံုးတဲ့ စာခ်ဳပ္ကို ကိုဗစ္-၁၉ ကပ္ေဘးအတြင္း ပရီးမီးယားလိဂ္ အျပီးမသတ္ဘဲ ရပ္တန္႔ထားရတာေၾကာင့္ သက္တမ္း ထပ္တိုးဖို႔ သေဘာတူညီမႈ ရယူခဲ့ျပီျဖစ္ပါတယ္။

Nike ဟာ လီဗာပူးအသင္းရဲ႕ တရားဝင္ လက္တြဲဘက္ ျဖစ္လာျပီး အမ်ိဳးသားဝတ္စံု၊ အမ်ိဳးသမီးဝတ္စံုနဲ႔ အကယ္ဒမီ အသင္းေတြအတြက္ ဝတ္စံုေတြအျပင္ လီဗာပူးနည္းျပအဖြဲ႔နဲ႔ လီဗာပူးေဖာ္ေဒးရွင္းေတြအတြက္ လိုအပ္တဲ့ ဝတ္စံုေတြကို ထုတ္ေပးမွာ ျဖစ္တယ္။ ပူးေပါင္းမႈက ၂၀၂၀ ခုႏွစ္ ၾသဂုတ္လ ၁ ရက္ေန႔မွာ စတင္ပါမယ္။ ”

အထက္ပါအတိုင္း ပါဝင္ခဲ့ပါတယ္။

ထပ္တိုးျပီး စိတ္လႈပ္ရွားစရာ သတင္းကေတာ့ လီဗာပူးနဲ႔ Nike ၾကား ၅ ႏွစ္ စာခ်ဳပ္ကို ႏွစ္လ ေနာက္ဆုတ္ေပးလိုက္ျပီျဖစ္ေၾကာင္း လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္ကလည္း သတင္းေပးခဲ့တာပါ။ သူ႔ရဲ႕ သတင္းေပးမႈ ေနာက္ဆံုးမွာေတာ့ လီဗာပူးဟာ ဒီအပတ္ထဲမွာ ၾကီးမားတဲ့ ကိစၥတစ္ခုကို ေၾကညာဖို႔ ျပင္ဆင္ေနတယ္လုိ႔ ေဖာ္ျပခဲ့တာျဖစ္တယ္။

ဒီအပတ္အတြင္းမွာ လီဗာပူးအသင္း ေၾကညာေပးမွာက ဘယ္လိုကိစၥ ျဖစ္မလဲ မသိရေပမယ့္ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ ဝတ္ဆင္ကစားမယ့္ ဂ်ာစီသစ္ကို ထုတ္ျပျခင္းမ်ိဳးလည္း ျဖစ္ႏုိင္တယ္လို႔ ပရိသတ္ေတြၾကားမွာ မ်တ္ခ်က္ေပးေနၾကပါတယ္။