တနင်္လာနေ့က အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ကစားတဲ့ လိုက်ဇစ်နဲ့ ကိုလုံးပွဲမှာ တီမိုဝါနာရဲ့ အသင်းက ၄-၂ နဲ့ အနိုင်ရခဲ့သလို တိုက်စစ်သမားကလည်း ဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

ပွဲချိန် မိနစ် ၅၀ မှာ သူဟာ သွင်းဂိုး ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ တီမိုဝါနာအတွက် ၂၅ ဂိုးမြောက် သွင်းဂိုးလည်း ဖြစ်ပါတယ်။ အဆိုပါဂိုးကြောင့် တီမိုဝါနာဟာ ဘိုင်ယန်မြူနစ်မှ လီဝမ်ဒေါစကီး၊ လာဇီယိုမှ အီမိုဘိုင်းတို့နောက်ပိုင်း ဥရောပသွင်းဂိုး ၂၅ ဂိုး ပြည့်ခဲ့တဲ့ တတိယမြောက် တိုက်စစ်သမား ဖြစ်လာခဲ့တယ်။

ဒါကြောင့် တီမိုဝါနာဟာ ဥရောပရွှေဖိနပ်ဆုကို စိန်ခေါ်သူစာရင်းထဲ ပါဝင်သွားခဲ့ပြီဖြစ်ပြီး သူဟာ ရာသီစကတည်းက ဘွန်ဒက်လီဂါသွင်းဂိုး ၃၂ ဂိုးအတွက် တိုက်ရိုက် ပါဝင်ပက်သက်ထားသူလည်းဖြစ်ပါတယ်။ ဝါနာရဲ့ ပုံစံကောင်းတွေအရ လက်ကျန် ပြိုင်ပွဲတွေမှာ အနည်းဆုံး နောက်ထပ် ၅ ဂိုးလောက် ထပ်သွင်းနိုင်မယ့် အနေအထားလည်းဖြစ်တယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ သွင်းဂိုး ၃၁ ဂိုး ရှိလာပြီဖြစ်တဲ့ ဝါနာဟာ လိုက်ဇစ်မှာ ကစားတဲ့ လေးရာသီအတွင်း နှစ်တိုင်းမှာ သွင်းဂိုး ၂၀ လောက် သွင်းယူနိုင်သူပါ။ ဒီရာသီက သူ့ရဲ့ ကစားသမားဘဝ အမြင့်ဆုံး စွမ်းဆောင်ရည် ရနေခြင်းဖြစ်ကာ လောလောဆယ်မှာ ဥရောပရွှေဖိနပ်ဆုအတွက် မက်ဆီလို တိုက်စစ်သမားကိုတောင် ၆ ဂိုး သာနေတဲ့ အနေအထားဖြစ်တယ်။

လီဗာပူးက ဝါနာကို ခေါ်ယူဖို့ သတင်းကြီးတွေ ရှိထားခဲ့ပြီး ကိုဗစ်ကပ်ဘေး ရောက်လာခြင်းက ကိစ္စတွေကို ကမှောက်ကမ ဖြစ်စေခဲ့ပါတယ်။ လီဗာပူးက လိုက်ဇစ်ကို အချိန်ကိုပေးဖို့ တောင်းဆိုထားပြီး နွေဈေးကွက် ဖွင့်ချိန်မှာ ဘယ်လို ဆုံးဖြတ်မလဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

တနလၤာေန႔က အေဝးကြင္းမွာ သြားေရာက္ ယွဥ္ျပိဳင္ကစားတဲ့ လိုက္ဇစ္နဲ႔ ကိုလံုးပြဲမွာ တီမိုဝါနာရဲ႕ အသင္းက ၄-၂ နဲ႔ အႏုိင္ရခဲ့သလို တိုက္စစ္သမားကလည္း ဂိုးတစ္ဂိုး သြင္းယူႏုိင္ခဲ့ျပန္ပါတယ္။

ပြဲခ်ိန္ မိနစ္ ၅၀ မွာ သူဟာ သြင္းဂိုး ရယူႏုိင္ခဲ့တာျဖစ္ျပီး ဒီရာသီ တီမိုဝါနာအတြက္ ၂၅ ဂိုးေျမာက္ သြင္းဂိုးလည္း ျဖစ္ပါတယ္။ အဆိုပါဂိုးေၾကာင့္ တီမိုဝါနာဟာ ဘိုင္ယန္ျမဴနစ္မွ လီဝမ္ေဒါစကီး၊ လာဇီယိုမွ အီမိုဘိုင္းတို႔ေနာက္ပိုင္း ဥေရာပသြင္းဂိုး ၂၅ ဂိုး ျပည့္ခဲ့တဲ့ တတိယေျမာက္ တိုက္စစ္သမား ျဖစ္လာခဲ့တယ္။

ဒါေၾကာင့္ တီမိုဝါနာဟာ ဥေရာပေရႊဖိနပ္ဆုကို စိန္ေခၚသူစာရင္းထဲ ပါဝင္သြားခဲ့ျပီျဖစ္ျပီး သူဟာ ရာသီစကတည္းက ဘြန္ဒက္လီဂါသြင္းဂိုး ၃၂ ဂိုးအတြက္ တိုက္ရိုက္ ပါဝင္ပက္သက္ထားသူလည္းျဖစ္ပါတယ္။ ဝါနာရဲ႕ ပံုစံေကာင္းေတြအရ လက္က်န္ ျပိဳင္ပြဲေတြမွာ အနည္းဆံုး ေနာက္ထပ္ ၅ ဂိုးေလာက္ ထပ္သြင္းႏုိင္မယ့္ အေနအထားလည္းျဖစ္တယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီမွာ ျပိဳင္ပြဲစံု သြင္းဂိုး ၃၁ ဂိုး ရွိလာျပီျဖစ္တဲ့ ဝါနာဟာ လိုက္ဇစ္မွာ ကစားတဲ့ ေလးရာသီအတြင္း ႏွစ္တုိင္းမွာ သြင္းဂိုး ၂၀ ေလာက္ သြင္းယူႏုိင္သူပါ။ ဒီရာသီက သူ႔ရဲ႕ ကစားသမားဘဝ အျမင့္ဆံုး စြမ္းေဆာင္ရည္ ရေနျခင္းျဖစ္ကာ ေလာေလာဆယ္မွာ ဥေရာပေရႊဖိနပ္ဆုအတြက္ မက္ဆီလို တိုက္စစ္သမားကိုေတာင္ ၆ ဂိုး သာေနတဲ့ အေနအထားျဖစ္တယ္။

လီဗာပူးက ဝါနာကို ေခၚယူဖို႔ သတင္းၾကီးေတြ ရွိထားခဲ့ျပီး ကိုဗစ္ကပ္ေဘး ေရာက္လာျခင္းက ကိစၥေတြကို ကေမွာက္ကမ ျဖစ္ေစခဲ့ပါတယ္။ လီဗာပူးက လိုက္ဇစ္ကို အခ်ိန္ကိုေပးဖို႔ ေတာင္းဆိုထားျပီး ေႏြေစ်းကြက္ ဖြင့္ခ်ိန္မွာ ဘယ္လို ဆံုးျဖတ္မလဲ ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။