လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ရိုဘိုမှာ မကောင်းမြင်စရာ ဘာတစ်ခုမှ မရှိဘူးလို့ ချီးကျူးခဲ့ပြီး ဘယ်အစွန်လူ ရိုဘိုကလည်း ကျေးဇူးတင်ရတယ်လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က ” ရိုဘိုနဲ့ ပက်သက်ပြီး အကောင်းမြင်စရာ ကိစ္စတွေကို နာရီနဲ့ချီပြီး ကျနေ်ာတို့ ပြောလို့ရတယ်။ သူ့အကြောင်း မကောင်းမြင်စရာ တစ်ခုပြောမယ်ကွာဆိုရင်တော့ စကားပြောမှုကို ရပ်လိုက်ဖို့ပဲရှိတယ်။ ဘာလို့လည်းဆိုတော့ ရိုဘိုအကြောင်း မကောင်းပြောစရာ တစ်ခုမှ မရှိပါဘူး ” လို့ ချီးကျူးခဲ့တာပါ။

မန်နေဂျာရဲ့ ချီးကျူးမှုကို ရော်ဘတ်ဆန်က တုန့်ပြန်မှု လုပ်ခဲ့တယ်။ သူက ကလော့ပ်နဲ့ သူ့ကြား ဆက်ဆံရေးတွေကို ပြောတဲ့အပြင် မန်နေဂျာမသိတဲ့ သူ့ရဲ့ ညာခြေ အားနည်းချက်ကိုလည်း အရွှန်းဖောက်ခဲ့ပါတယ်။

ရော်ဘတ်ဆန်က ” မန်နေဂျာရဲ့ ချီးကျူးမှုတွေ ခံရတာက သိပ်ကောင်းပါတယ်။ ဒီအခြေအနေမှာ သူက ကမ္ဘာအကောင်းဆုံး မန်နေဂျာလိုလည်း ကျနော် ထင်တယ်။ သူက ကျနော်ရဲ့ မန်နေဂျာဖြစ်ပေမယ့် ကျနော်အပေါ် ဒီလို ချီးကျူးပေးတာ သိပ်ကောင်းတယ်လို့ ခံစားရတယ်။

ဒါကြောင့်လည်း ကျနေ်ာ ကြိုးစားနေတာပေါ့။ မန်နေဂျာက ကျနော်က ကိုယ်ဘာသာ ယုံကြည်မှုရှိတယ်ပြောတယ်၊ ဟုတ်ပါတယ်။ ထပ်ပြီးလည်း ကြိုးစားနေပါတယ်။ ကျနော်မှာလည်း အားနည်းချက်တွေ ရှိပါတယ်။ သူကတော့ ဒါကို အားနည်းချက်လို့ မမြင်တာလည်း ဖြစ်မှာပေါ့။ အဲ့တာက သိပ်ကောင်းတာပေါ့ဗျာ။

ကျနော် နေ့တိုင်း ကြိုးစားနေပါတယ်။ တိုးတက်လာအောင် လုပ်နေတယ်။ ကြည့်ရတာ မန်နေဂျာကလော့ပ်က ကျနော်ရဲ့ ညာခြေကန်ချက်တွေကို မမြင်တာကြောင့် ကျနော်က မကောင်းမြင်စရာ ဘာအချက်မှ မရှိဘူးလို့ ပြောတာ ဖြစ်ကောင်းဖြစ်မှာပါ။ ” လို့ ရယ်ရယ်မောမော ပြောဆိုခဲ့ပါတယ်။

ရော်ဘတ်ဆန်ကပဲ ကလော့ပ်ဟာ လီဗာပူးအသင်းသားတွေကို ဖခင်လို ဆက်ဆံသူဖြစ်ပြီး ကွင်းပြင်မှာကော ကွင်းတွင်းမှာပါ အသင်းကို အကောင်းဆုံး လမ်းပြပေးကြောင့်နဲ့ ဒါကြောင့်လည် လီဗာပူးအသင်းက အောင်မြင်လာရတာပါလို့ ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ရိုဘိုမွာ မေကာင္းျမင္စရာ ဘာတစ္ခုမွ မရွိဘူးလို႔ ခ်ီးက်ဴးခဲ့ျပီး ဘယ္အစြန္လူ ရိုဘိုကလည္း ေက်းဇူးတင္ရတယ္လို႔ ျပန္လည္ တုန္႔ျပန္ခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ရိုဘိုနဲ႔ ပက္သက္ျပီး အေကာင္းျမင္စရာ ကိစၥေတြကို နာရီနဲ႔ခ်ီျပီး က်ေန္ာတို႔ ေျပာလို႔ရတယ္။ သူ႔အေၾကာင္း မေကာင္းျမင္စရာ တစ္ခုေျပာမယ္ကြာဆိုရင္ေတာ့ စကားေျပာမႈကို ရပ္လိုက္ဖို႔ပဲရွိတယ္။ ဘာလို႔လည္းဆိုေတာ့ ရိုဘိုအေၾကာင္း မေကာင္းေျပာစရာ တစ္ခုမွ မရွိပါဘူး ” လို႔ ခ်ီးက်ဴးခဲ့တာပါ။

မန္ေနဂ်ာရဲ႕ ခ်ီးက်ဴးမႈကို ေရာ္ဘတ္ဆန္က တုန္႔ျပန္မႈ လုပ္ခဲ့တယ္။ သူက ကေလာ့ပ္နဲ႔ သူ႔ၾကား ဆက္ဆံေရးေတြကို ေျပာတဲ့အျပင္ မန္ေနဂ်ာမသိတဲ့ သူ႔ရဲ႕ ညာေျခ အားနည္းခ်က္ကိုလည္း အရႊန္းေဖာက္ခဲ့ပါတယ္။

ေရာ္ဘတ္ဆန္က ” မန္ေနဂ်ာရဲ႕ ခ်ီးက်ဴးမႈေတြ ခံရတာက သိပ္ေကာင္းပါတယ္။ ဒီအေျခအေနမွာ သူက ကမၻာအေကာင္းဆံုး မန္ေနဂ်ာလိုလည္း က်ေနာ္ ထင္တယ္။ သူက က်ေနာ္ရဲ႕ မန္ေနဂ်ာျဖစ္ေပမယ့္ က်ေနာ္အေပၚ ဒီလို ခ်ီးက်ဴးေပးတာ သိပ္ေကာင္းတယ္လို႔ ခံစားရတယ္။

ဒါေၾကာင့္လည္း က်ေန္ာ ၾကိဳးစားေနတာေပါ့။ မန္ေနဂ်ာက က်ေနာ္က ကိုယ္ဘာသာ ယံုၾကည္မႈရွိတယ္ေျပာတယ္၊ ဟုတ္ပါတယ္။ ထပ္ျပီးလည္း ၾကိဳးစားေနပါတယ္။ က်ေနာ္မွာလည္း အားနည္းခ်က္ေတြ ရွိပါတယ္။ သူကေတာ့ ဒါကို အားနည္းခ်က္လို႔ မျမင္တာလည္း ျဖစ္မွာေပါ့။ အဲ့တာက သိပ္ေကာင္းတာေပါ့ဗ်ာ။

က်ေနာ္ ေန႔တိုင္း ၾကိဳးစားေနပါတယ္။ တိုးတက္လာေအာင္ လုပ္ေနတယ္။ ၾကည့္ရတာ မန္ေနဂ်ာကေလာ့ပ္က က်ေနာ္ရဲ႕ ညာေျခကန္ခ်က္ေတြကို မျမင္တာေၾကာင့္ က်ေနာ္က မေကာင္းျမင္စရာ ဘာအခ်က္မွ မရွိဘူးလို႔ ေျပာတာ ျဖစ္ေကာင္းျဖစ္မွာပါ။ ” လို႔ ရယ္ရယ္ေမာေမာ ေျပာဆိုခဲ့ပါတယ္။

ေရာ္ဘတ္ဆန္ကပဲ ကေလာ့ပ္ဟာ လီဗာပူးအသင္းသားေတြကို ဖခင္လို ဆက္ဆံသူျဖစ္ျပီး ကြင္းျပင္မွာေကာ ကြင္းတြင္းမွာပါ အသင္းကို အေကာင္းဆံုး လမ္းျပေပးေၾကာင့္နဲ႔ ဒါေၾကာင့္လည္ လီဗာပူးအသင္းက ေအာင္ျမင္လာရတာပါလို႔ ဝန္ခံခဲ့တာ ျဖစ္ပါတယ္။